ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

03/05/2019 16:39 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်ပဲ (FAQ/RC)

ပဲတင်ပို့မှုနဲ့ပတ်သတ်ပြီး လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက တိကျတဲ့အခြေအနေနဲ့အချိန်ကို ထုတ်ပြန်ပေးမှု မရှိသေးပါဘူး။ ဒါပေမယ့် အိန္ဒိယက အဆိုပါအခြေအနေနဲ့ပတ်သတ်ပြီး မကြာခင် ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ ထိုသို့တိကျတဲ့ အခြေအနေမရှိသေးတဲ့အတွက်ကြောင့် ဈေးကွက်အတွင်းမှာလည်း စောင့်ကြည့်နေရတဲ့အခြေအနေတွေဖြစ်နေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကတော့ ဝယ်ယူဖို့ သဘောတူညီချက်ထုတ်ပြန်ပြီး မကြာခင်မှာ အမှန်တကယ် ဝယ်ယူမယ့်တန်ချိန်ကို မေလမှာ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။ ကုန်သည်တွေကလည်း ဒီလမှာထုတ်ပြန်နိုင် ခြေရှိတယ်ဆိုတဲ့အချက်တွေကြောင့် မတ်ပဲကလည်း ဈေးကလည်း နှစ်ပတ်ဆက်တိုက်တက်နေခဲ့ပါတယ်။

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ  မတ်ပဲက တစ်တန်ကို ငွေကျပ်  ၈ သိန်း ၅ သောင်းအထိ ဈေးက မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း တစ်တန်ကို ၃ သောင်းလောက်တက်လာခဲ့ပါတယ်။

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပေမယ့် နေပြည် တော်ကုန်စည်ဒိုင်မှာတော့  တစ်တင်းကို ၂၆၂ ၀၀ ကျပ်ရှိပြီး ၁၂ ၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ၂၇၃၀၀ ကျပ် ရှိပြီး ၁၃၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။တစ်ပတ်အတွင်းမှာ ဈေးအတက်အကျလည်း များနေခဲ့ပါတယ်။ လက်ရှိအချိန်အထိကို ပဲစင်းငုံနီ RC ၂၀၁၇ ကိုသာ တင်ပို့နေတာ ဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှုနည်းရင် ဈေးက မြင့်တဲ့အနေအထားဖြစ်ပါတယ်။

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ဈေးအတော်မြင့်တက်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ အခြား ပြည်ပနိုင်ငံတွေကလည်း ဝယ်ယူနေတဲ့အတွက် ဈေးကတော့ ဆက်ပြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်အများစုက သုံးသပ်ထားပါတယ်။

အိန္ဒိယကလည်း တန်ချိန် ၂ သိန်းဝယ်ယူမယ်ဆိုတဲ့အတွက်ကြောင့် အမှန်တကယ်ဝယ်ယူမယ့် တန်ချိန်အရေအတွက်သာ မကြာခင် ထွက်ရှိလာပါက ထပ်ပြီး ဈေးတက်နိုင်ခြေရှိတယ်လို့လည်း သုံးသပ်ထားကြပါတယ်။

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တန်ကို ၉၇၀၀၀၀ ကျော်ရှိပြီး ထောင် ဂဏန်းလောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၀၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၃၀၀ ကျပ်ရှိပြီး ၁၇၀၀ ကျပ် ဈေးတက်လာပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၉၀၀ ကျပ် ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ် ဈေးတက်လာပါတယ်။

ပြည်ကုန်စည်ဒိုင်မှတော့ တစ်တင်းကို ၂၉၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ သင်္ကြန်ကာလပြီးကတည်းက ဈေးကွက်ထဲကို ပဲအသစ်တွေ ဆက်တိုက်ကို ဝင်ရောက်နေပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်နေတဲ့အတွက်ဈေးကတက်နေခဲ့တာလည်းဖြစ်ပါတယ်။ 

ဈေးကွက်ထဲကို အသစ်တွေ ဝင်ရောက်နေပေမယ့် နယ်စုံဝင်ရောက်နေတာ မဟုတ်သေးတဲ့အတွက် ဈေးကတက်နေပေမယ့် လာမယ့် လအတွင်း နယ်စုံမှဝင်ရောက်လာပါက ဈေးက ကျဆင်းနိုင်တယ်လို့ကုန်သည်တွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဝင်သလောက် အရောင်းအဝယ်ဖြစ်နေတဲ့အခြေအနေ လည်းဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၉၀၀၀ ကနေ ၄၄၄၀၀ အထိ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ အထိ ဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကနေ ၄၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အချို့နယ်ကုန်စည်ဒိုင်တွေမှာတော့ ပဲတီစိမ်းကအဟောင်းတွေက ဈေးကွက်ထဲမှာ မရှိသ လောက်ဖြစ်နေပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အချို့ဒေသတွေမှာ အတက်ဈေးနဲ့ ရှိနေပြီး အချို့ဒေသတွေမှာတော့ ဈေးငြိမ်နေပါတယ်။ ပြည်တွင်း ပဲခွဲစက်တွေကတော့ ပုံမှန်အဝယ်ရှိနေခဲ့တဲ့အတွက်ဈေးကတော့ အကျဈေးမရှိတာကိုတွေ့ ရပါတယ်။

မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၅၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေး ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၇၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၀၀၀  ကျော်ရှိပြီး တစ်တင်းကို ၄၇၅ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၈၅၀၀  ကျပ်ရှိပြီး ၂၃၇၅   ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၃၀၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီးတော့ တစ်တင်းကို ၂၈၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ်  အသီးသီးဈေးတက်လာခဲ့ပါတယ်။

 

မဝတ်ရည်မွန်(AMIA)

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်