ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

10/05/2019 15:59 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးတွေတက်လာခဲ့ပြီး ဆန်ကြမ်းဈေးတွေကတော့ ကျဆင်းသွားခဲ့ပါတယ်။ အတက်အကျတွေရှိနေပမယ့် ဆန်ကတော့ အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းဆန်က တစ်အိတ်ကို တစ်ပတ်အတွင်း ၁၅၀၀ ကျပ် ဈေးတက်လာခဲ့ပြီး တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၀၀၀၀ ကျပ်ရှိပါတယ်။

ကြားပျံကတော့ တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ တစ်အိတ်ကို ၁၇၀၀၀ ကနေ ၁၇၃၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်မှာလည်း ဆန်ချောဈေးတွေက တက်နေသလို ပုသိမ်ဆန်စပါးဈေးကွက်မှာလည် ဈေးတက်နေပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးက တင်းက ၁၀၀ ကို ၈၇၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းမွှေးကတော့ တင်း ၁၀၀ ကို ၈၈၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိ တိကျမှုမရှိတဲ့အတွက် ဈေးက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ ရွေးကောင်းပွဲအခြေအနေတွေကြောင့် မတ်ပဲ ဝယ်ယူမှုကို ရပ်ထားတယ်ဆိုတဲ့သတင်းတွေကြောင့် မတ်ပဲလတ်တလော အနည်းငယ်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကုန်သည်တွေကတော့ လက်ရှိဈေးကျချိန်မှာ ဝယ်ယူထားဖို့ တိုက်တွန်းထားတာကိုလည်းတွေ့ရပါတယ်။ မတ်ပဲက ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၂၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၂ သောင်းကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၅၂၅၀  ကျပ်ရှိပြီး ၂၅၀  ကျပ်ဈေးကျဆင်းသွားခဲ့ပြိး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်နဲ့ ၃၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့  တစ်တင်းကို ၂၆၈၀၀ ကျပ်ရှိပြီး ၆၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အဟောင်းတွေက အဝင်နည်းလာတဲ့အတွက်ကြောင့် ရက်ခြားသာအရောင်းအဝယ်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ပဲစင်းငုံနီကလည်း လက်ရှိမှာ အိန္ဒိယဝယ်ယူမှုကို စောင့်ဆိုင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။

အခြားနိုင်ငံတွေကို ရောင်းချနေတဲ့အတွက် ဈေးကတော့မြင့်နေပြီး အိန္ဒိယသာဝယ်ယူမှု ပြန်ရှိလာပါက ၁၀ သိန်းကျော်အထိ မြင့်တက်နိုင်တယ်လို့ ကုန်သည်တွေကလည်း သုံးသပ်ထားပါတယ်။ ပြည်ပတင်ပို့မှုက ဈေးကျဆင်းနေပယ့် ပြည်တွင်း ဝယ်လက်မှာတော့ အရောင်းအဝယ်ဖြစ်နေတဲ့ အတွက်ဈေးကတော့ တက်နေတာတွေ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တန်ကို ၉၆၂၀၀၀ ကျော်ရှိပြီး ထောင်ဂဏန်းလောက် ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကျပ်ရှိပြီး ၁၃၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၈၀၀ နဲ့ ၈၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၂၀၀ ကျပ် ရှိပြီး တစ်တင်းကို ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှတော့ တစ်တင်းကို ၃၁၅၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပဲတီစိမ်း

သင်္ကြန်ကာလကတည်းက ဈေးဆက်တိုက်တက်နေခဲ့တဲ့ ပဲတီစိမ်းက ဒီတစ်ပတ်မှာတော့ ဈေးငြိမ်သွားပြီး နယ်အချို့မှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ နယ်ပေါင်းစုံကနေ အသစ်တွေ ဆက်တိုက်ဝင်ရောက်နေတာဖြစ်တဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးကတော့ ငြိမ်နေခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၉၀၀၀ ကနေ ၄၂၅၀၀ အထိ ပေါက်ဈေးရှိပြီး ၁၆၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၅၀၀၀ ကနေ ၄၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၁၀၀၀ ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်မှ စပြီး ၃၇၃၀၀ နဲ့ ဈေးစဖွင့်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၈၉၅၀ နဲ့ ဈေးပြန်ဖွင့်ထားပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပြီး အချို့နယ်တွေမှာတော့ ဈေးက ငြိမ်နေခဲ့ပါတယ်။ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေတဲ့အတွက်ဈေးက ငြိမ်ပြီးကျဆင်းတာဖြစ်တယ်လို့ နယ်ကုန်စည်ဒိုင်တွေကနေတဆင့် သိရပါတယ်။

မုံရွာဈေးကွက်မှာတော့ ထောပတ်ပဲက တစ်တင်းကို ၃၄၀၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၁၇၀၀ ရှိပြီး ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၆၀၀ ကျပ်ရှိပြီး ၅၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြေပဲဆန်(လုံးဆံ၊ဆီဆံ)

ဒီတစ်ပတ်မှာတော့ မြေပဲဆန်(လုံးဆံ)က ဈေးအတက်အကျမတည်ငြိမ်ပေမယ့် (ဆီဆံ)ကတော့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အဝင်များလာတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဈေးကျဆင်းနေပေမယ့် အချို့ဒေသတွေမှာတော့ ဝယ်လိုအားပေါ်မူတည်ပြီး ဈေးက အတက်အကျအပြောင်းအလဲကတော့ ရှိနေခဲ့ပါတယ်။ 

မုံရွာဈေးကွက်မှာ မြေပဲဆန်(လုံးဆံ)ကတော့ တစ်ပိဿာကို ၂၉၂၅ ကျပ်ရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းပေမယ့် ဆီဆံကတော့ ၂၈၀၀ ကျပ်နဲ့ဈေးငြိမ်ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း မြေပဲဆန်(လုံးဆံ)က တစ်ပိဿာကို ၃၀၆၇ ကျပ်ရှိပြီး ၈၃ ကျပ် ဈေးကျဆင်းကာ ဆီဆံ ကတော့ တစ်ပိဿာကို ၂၈၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

နေပြည်တော်ကုန်စည်ဒိုင်မှာတော့ မြေပဲဆန်(လုံးဆံ)က တစ်ပိဿာကို ၃၅၀၀ နဲ့ ၃၀၀ ကျပ်ဈေးတက်လာခဲ့ပြီး  ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀၀ ကျပ် နဲ့ ၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ဆီဆံတို့ကတော့ တစ်ပိဿာကို ၂၆၀၀ ကနေ ၂၉၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်