တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ထပ်ပြီးဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဘက်မှာ ပဲဈေးတွေ ကျဆင်းသွားပြီး အိန္ဒိယကုန်သည်တွေ ပဲအဝယ်ရပ်တဲ့အတွက် မြန်မာပြည်တွင်းမှာပါ ပဲဈေးတွေက ကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂ ပတ်အတွင်း ပဲဈေးက တစ်တန်ကို ငွေကျပ် ၄ သိန်းကျော်အထိ တက်လာခဲ့ပြီး လက်ရှိမှာတော့ ၃ သိန်းလောက် ပြန်ကျဆင်းသွားခဲ့ပါတယ်။
အိန္ဒိယဘက်ကတော့ မြန်မာ့မတ်ပဲကို ထပ်ပြီးဝယ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပေမယ့် တိကျတဲ့ ထုတ်ပြန်မှုတော့ မရှိသေးပါဘူး။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၀ သိန်း ၅ ထောင် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၆ သောင်းကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ထပ်ပြီး ဈေးက ကျဆင်းသွားခဲ့ပါတယ်။လက်ရှိမှာ ပြည်ပ ဝယ်ယူမှုကလည်း နည်းတဲ့အတွက် ရက်ခြားရောင်းဝယ်မှုသာ ရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၇ သိန်းခွဲအထိ ဈေးကကျဆင်းသွားပါတယ်။တစ်ပတ်အတွင်း ၅ သောင်ေးလာက်ကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၇၇၅၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ပခုက္ကူကုန်စည်ဒိုင် မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ကျန်တွေကလည်း လျော့နည်းနေပြီး လက်ရှိမှာ မျိုးပဲတွေသာ အဝယ်များနေတဲ့အတွက်ကြောင့် ဈေးကွက်ထဲ ငြိမ်ပြီးဈေးကျဆင်းသွားတာဖြစ်ပါတယ်။ အချို့ဒေသတွေမှာတော့ ဈေးကငြိမ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်းက တစ်ပိဿာကို ၁၈၆၅ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ လောက် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။ မြင်းခြံကု န်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၆၂၅ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ကြက်သွန်ဖြူ
ဒီတစ်ပတ်မှာတော့ ကြက်သွန်ဖြူက ဈေးကွက်ထဲ ငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၆၅၀ ကနေ ၄၁၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
ကြူကုတ်ကြက်သွန်ဖြူကတော့ တစ်ပိဿာကို ၃၀၀၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
အာလူး
အာလူးကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ကျဆင်းသွားပါတယ်။ကုန်စည်ဒိုင်တွေကို အဝင်တွေ ဆက်တိုက်ရှိ နေတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၃၅၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးက ကျဆင်းသွားပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ နှစ်ပတ်ဆက်တိုက် ဈေးတက်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ပြန် ကျဆင်းသွားပါတယ်။ငွေလဲလှယ်နှုန်းဈေးက ကျဆင်းသွားခဲ့သလို ကမ္ဘာ့စားအုန်းဆီဈေးကလည်း ကျဆင်းသွား တဲ့အတွက်ကြောင့် ပြည်တွင်းစားအုန်းဆီဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ စားအုန်းဆီက ဈေးက လက်လီဈေးက ၁၈၃၅ ကျပ်ရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ လက်ကားဈေးကတော့ တစ်ပိဿာကို ၁၇၈၅ ကျပ်ရှိပြီး ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၇၈၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းတစ်ပိဿာကို ၅၅ ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်ပိဿာကို ၁၈၈၀ ပေါက်ဈေးရှိပြီး ၆၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
(၂၅.၁၁.၂၀၁၉ မှ ၂၉.၁၁.၂၀၁၉)ထိ
ဝတ်ရည်မွန်(AMIA)
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဒီကန်စွန်းမှာ ဖြစ်နေတဲ့ ရောဂါရယ် ဘာဆေးဖြန်းရမလဲ ပြောပြပေးပါ
သက်နိုင်ထွန်း • ဖြေကြားချက် 0 ခု
ဆရာ မိုးအရမ်းရွာနေပါတယ်ခင်ဗျ ခရမ်းချဥ်ခင်းအတွက်စိတ်ပူရပါတယ်😌 အရမ်းချဥ်က သီးလွန်းတော့ ကြိုးတွေလဲမနိုင်တော့ဘူး တစ်ခိုင်ကို ၆ လုံး ၇ လုံးထိသီးတယ် အတာအလုံးလေးတွေသေး သွားမှာ စိုးလို့ ကွန်ပေါင်းပဲထပ်ကျွေးရမလား ဒါမှမဟုတ် နောက်ဆူံးအဖျားသီးနှစ်လုံးလောက်ခြွေပစ်ရမလား 15 ပတ်လည်ကျွေးထားတာ တစ်ကြိမ်ပဲရှိပါသေးတယ်ဆရာ 15 ပတ်လည်ထပ်ကျွေးရမလား ဆရာပြောတဲ့ပိုတက်သီးသန့်တော့မရှိဘူး ရွက်ဖျန်းအားဆေး 3.39.50 ရွက်ဖျန်းဆေးတော့ရှိပါတယ်ဆရာ မိုးနည်းရပ်ဝန်းမှာ မိုးအရမ်းရွာနေတာကြီးက အဆင်ပြေမနေဘူးဆရာ😌
U Yan • ဖြေကြားချက် 2 ခု
ဘက်တီးရီးယားဆေးကော့ပါးပတ်ပြီးဘယ်နှစ်ရက်နေရင်အောက်ဆေးပုလဲပိုတက်ကျွေးရလဲခဗျ
kyaw zin • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်ပြုလုပ်ရာမှာ ၁ဧကစာ ၂၀၀ လီတာဖော်စပ်ရမယ်လို့ သိရပါတယ် အဲဒါက ရေမရောပဲ ဖြန်းရတာလား ကြက်သွန်နီအတွက် လီတာ ၃၀၀ လုပ်ထားပါတယ် မြေခံအတွက် ဖြန်းချင်ပါတယ် ရေရောရမှာလား မရောရဘူးလား သိပါရစေဆရာတို့
Khing Hein • ဖြေကြားချက် 2 ခု
စပါးပင်က အမြစ်ပုတ်တာလားရွက်ခြောက်လားခွဲမရလို့ သိရင် ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from AMIA
အားလုံး
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....