စိုက်ပျိုးရေးလောက အလွဲများ (၂)
မြေယာပိုင်ဆိုင်မှုနှင့် စိုက်ပျိုးသီးနှံ''
လောလောဆယ် ရရှိထားတဲ့ စာရင်းတွေအရ မြန်မာ့ လူဦးရေရဲ့ ၇၀% ကျော် ဟာ လယ်ယာလုပ်ငန်းခွင်ထဲမှာပါတဲ့။ အဲ့တော့ လူဦးရေနဲ့ စိုက်ပျိုးမြေဧရိယာ အချိုးချကြည့်ရင် တောင်သူ တစ်ဦးချင်း ပိုင်ဆိုင်ဧကဟာ ဧရာဝတီတိုင်း ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ပျမ်းမျှ ၅ဧကနှုန်း။ မန္တလေးတိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ ပျမ်းမျှ ၂ဧကနှုံးသာရှိပါသတဲ့။ ပြီးတော့စိုက်ပျိုးသီးနှံ အများစုက လယ်ယာသီးနှံ(field crop) စပါး၊ ပဲ၊ ပြောင်း၊ဝါ၊ ငရုတ် စသည်) တွေ ဖြစ်နေပါသတဲ့။ ပြီးတော့ လူ့လုပ်အားကို အရင်းပြုတဲ့ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်မှု ပုံစံထဲမှာပဲ ရှိသေးတယ်။
ကမ္ဘာမှာတော့ field crop စိုက်တဲ့ နိုင်ငံကြီးတွေမှာ တောင်သူတစ်ဦးချင်းကို ဟတ်တာ (၁ဟက်တာ ၂ဧကခွဲခန့်) ထောင်နဲ့ချီပြီး စက်ယန္တယားတွေသုံးပြီး စိုက်ကြတယ်။ အဲ့တော့ ကိုယ်တွေက ထုတ်လုပ်မှုပမာဏကော၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကော ဘယ်လိုမှ မယှဉ်နိုင်တာတွေ့ရှိရပါကြောင်း။
ထားတော့... ဒါဆို ကိုယ့်လောက်မြေယာပိုင်ဆိုင်မှုမရှိတဲ့ အစ္စရေးလိုနိုင်ငံက ဘာလို့ စိုက်ပျိုးရေးမှာ ရှေ့တန်းရောက်နေရပါလိမ့်???
ရောက်မှာပေါ့..သူတို့က field crop ကိုအားမပြုပဲ သူတို့နဲ့ ကိုက်ညီတဲ့ cash crop (vegetable,flower, fruit,etc) တွေကို green house တွေ ဘာတွေသုံးပြီး နည်းပညာမြင့်မြင့် စိုက်ကြတာကိုး။ ၁ ဧက ဝင်ငွေချင်းက မိုးနဲ့မြေလို ကွားခြားသပေါ့။ အဲ့တော့ ကိုယ်တွေဆီက တစ်ချို့တောင်သူတွေလည်း ကိုယ်ထူကိုယ်ထ cash crop( အထူးသဖြင့် export အတွက် ဖရဲ၊ သခွားမွှေး၊။ localအတွက် ခရမ်းချဉ်၊ အာလူး၊ ပန်း စသည်) တို့ စွန့်စားစိုက်ပျိုးလာတာကို တွေ့လာရပါကြောင်း.... သို့သော်လည်း စိန်ခေါ်မှုအမြောက်အများ ရှိနေသေးပါကြောင်း...
အထူးသဖြင့်
၁။ နည်းပညာ......တောင်သူအများစုက knowledge ချို့တဲ့မှုကြောင့် ခေတ်မီနည်းပညာများ ရရှိရန်ခက်ခဲခြင်း။ ဌာနဆိုင်ရာ ပညာပေးလုပ်ငန်းများ cash crop ကိုစိတ်မဝင်စားခြင်း။ ကုမ္ပဏီ၊ အန်ဂျီအို ပညာပေးများ ထိရောက်မှုမရှိခြင်း။ စသည်တို့က အဓိကဖြစ်မည် ထင်ပါကြောင်း။
၂။အရင်းအနှီး..... တောင်သူအများစုဟာ အခြေခံ လူတန်းစားသာ ဖြစ်လို့ ငွေလုံးငွေရင်း စိုက်ထုတ်ကုန်ကျ ခံနိုင်စွမ်း မရှိပါ။ နိုင်ငံတော်ထောက်ပံ့မှု ဘတ်ဂျတ်၊ ကမ္ဘာ့အထောက်အပံ့များလည်း လိုရာမရောက် အလေအလွင့်များနေသောကြောင့် တောင်သူအများစု အကြွေးသံသရာမှာ တဝဲ လည်လည်သာဖြစ်နေပါကြောင်း။
၃။ ဈေးကွက်အာမခံ...... ပြည်တွင်း ပြည်ပ ဈေးကွက် အပြောင်းအလဲများခြင်း၊ ဈေးကွက်ဝင် သီးနှံများကို တောင်သူအများစု ပြောင်းလဲစိုက်ပျိုး နိုင်စွမ်းမရှိခြင်း၊ တို့ကြောင့် အာမခံနိုင်သော ဈေးကွက် အခြေအနေမှာလည်း ဝေဝါးဆဲသာ ဖြစ်ပါကြောင်း။ .........
Field crop ကနေ Cash crop ပြောင်းလဲရာတွင် ကိုယ်တွေ ကြုံဖူးတာလေး ပြောပြချင်ပါကြောင်း။ တစ်ခါက ဆည်ရေမရသော လယ်ခြောက်တွေကို ငှါးရမ်း၍ ဖရဲသခွားကို စက်ရေတွင်းတူး မော်တာနဲ့တင်၍ စိုက်ပျိုးခဲ့ပါကြောင်း။ စိုက်ခင်းလေးအတော် စိမ်းစိမ်းစိုစို အောင်မြင်စပြုချိန်တွင် စိုက်ခင်းရှေ့သို့ အဲ့ခေတ်က vip ကားတန်းရောက်လာကာ ကားပေါ်မှ အဘဆိုသူဆင်းလာ၍ တာဝန်ရှိသူကို
"ဒါ လယ်စိုက်ဧရိယာမဟုတ်လား'' ဟုမေးပါကြောင်း။ တာဝန်ရှိသူက ''ဟုတ်ပါတယ်အဘ ဒါ စပါးစိုက် ဧရိယာပါ'' ဆိုတော့ "ဒါဆို စပါးဘာလို့ မစိုက်တာလဲကွ'' ဆိုတော့ "ရေမရလို့ပါအဘ'' လို့ ပြန်ဖြေရာ အဘဆိုသူ ဒေါသပေါက်ကွဲကာ သခွားမွှေးမြောင်းကြားထဲ စက်ရေတွင်းမှ စက်ဖြင့် တင်ထားသောရေကို လက်ညှိုးထိုးပြ၍
"ဒါ ရေမဟုတ်လို့ မင့်----- လား...မလိုချင်ဘူး ၂၄နာရီအတွင်း စပါးပြောင်းစိုက်တာ မြင်ချင်တယ်'' ဆိုခါ အားပေးကြမ်းသွားပါကြောင်း......
........
ချမ်းမြေ့သာယာရှိကြပါစေ.....
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....