Dan Carlson ဆိုသူက သူ့ရဲ့လယ်ယာစိုက်ခင်းကို သာယာနာပျော်ဖွယ်ကောင်းတဲ့ ငှက်ကေလးတေးဆိုသံမျိုးစုံနဲ့၊ အပင်တွေစိတ်ရွှင်လန်းလာအောင်လုပ်တယ်လို့ဆိုတယ်။
ဒီလိုလုပ်တာကအပင်တွေမှာအားလုံးသိပြီးတဲ့အတိုင်း၊ သစ်ရွက်များရဲ့လေရှုပေါက်(Stoma)ကို လှုပ်ဆော်တယ်တဲ့၊ လေရှုပေါက်တွေ ပိုပြီးပွင့်လန်းလာစေတဲ့အတွက် အပင်တွေက အလင်းရောင်နဲ့အစာကို ပိုပြီးစုပ်ယူပါတယ်။ မနက်စောစော နေထွက်ကာစကို ငှက်တေးသံတွေနဲ့ အပင်ကို လှုံ့ဆော်အသံပေးနိုင်ပါတယ်တဲ့။ သူကပြောင်းဖူးပင်ရဲ့ကြီးထွား မှုနှုန်းကိုမှတ်တမ်းတင်ထားတာပါ။
အသံပေးတဲ့နည်းပညာကအဆုံးအစမရှိပါဘူးတဲ့၊ Carlson ငှက်အသံကိုပေးပြီးတော့မှ၊ ပင်လယ်ရေညှိအပြင် သတ္တုဆားများ ပါဝင်တဲ့သူ့ရဲ့မြေသြသဇာဖျော်ရည်နဲ့ အပင်တွေအ ပေါ်ဖျန်းပေးလိုက်တဲ့အခါမှာ အပင်တွေအတွေက အရွက်လေပေါက်မှ တစ်ဆင့် အာဟာရဓာတ်တွေကို (၇၀၀)ရာခိုင်နှုန်း အထိပိုမိုစုပ်ယူနိုင်တယ်လို့ပြောပါတယ်။ အသံပေးပြီး အရွက်ဖျန်းထားတာနဲ့ အသံမပေးဘဲ အရွက်ဖျန်းထားတာရဲ့ကြီးထွားဖွံ့ဖြိုးမှုကို တွေ့မြင်ရမှာပါ။
မိမိတို့စိုက်ပျိုးသူများကလည်း မနက်စောစောငှက်အသံမပေးနိုင်ရင်တောင် သာယာနာပျော်ဖွယ် ဓမ္မတေးသံများနှင့် သစ်ရွက်တွေရဲ့ လေပါက်တွေပွင့်လန်းလာအောင် စမ်းသပ်ပြီးဆွဲဆောင်ကြည့်ပါနော်။
Source - အခြေခံ အော်ဂဲနစ် လယ်ယာ
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်