တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် မြန်မာ့လက်ဖက်စို၊ လက်ဖက်ခြောက်ဆိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း Myanmar Tea Garden ကုမ္ပဏီထံမှ သိရသည်။
မြန်မာ့လက်ဖက်ဆိုင်ဖွင့်ရန် တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီ၊ ရှမ်းရွှေတောင်နှင့် အော်ဂဲနစ်ပလိုင်း လက်ဖက်ကုမ္ပဏီ၊ ကိုးကန့်ရွှေတောင်ကိုးလုံးကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Tea Garden အမည်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။