ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ် တရုတ်နှစ်သစ်ကူးပြီးချိန်မှစပြီး ယနေ့အချိန်ထိ ပြည်တွင်းမှ တင်ပို့သည့် ကြက်သွန်နီများကို တရုတ်နိုင်ငံမှ ကုန်ချိန်ရှိသမျှ တိုးမြှင့် ဝယ်ယူနေကြောင်း မန္တလေးမြို့ ကြက်သွန်ပွဲရုံများထံမှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြည်တွင်းမှ ကြက်သွန်နီများကို တရုတ်နိုင်ငံမှ စမ်းသတ်ဝယ်ယူသည့် အဆင့်သာ ရှိခဲ့သော်လည်း ယခုအခါ တင်ပို့သည့် ပမာဏအားလုံးကို ဝယ်ယူနေကြောင်း သိရသည်။
" လတ်တလောမှာ တရုတ်က စျေးကောင်းပေးဝယ်နေတယ်။ ပြည်တွင်း အရောင်းအဝယ်ကတော့ ပုံမှန်ပဲရှိတယ်။ " ဟု ရွှေမန်းလှ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်ကပြောသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator