ဧပြီလ မြန်မာ့ထုတ်လုပ်မှု အာဆီယံဒေသအတွင်း အမြင့်ဆုံးဖြစ်

Photo -

မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍသည် ဧပြီတွင် အာဆီ ယံနိုင်ငံများအတွင်း အမြင့်ဆုံး ရောက်ရှိလာကြောင်း ဂျပန် Nikkei ၏ မြန်မာ့စက်မှုကုန်ထုတ် လုပ်မှုလုပ်ငန်း ညွှန်းကိန်း၌ ဖော် ပြထားသည်။

ထိုသို့မြင့်တက်လာခြင်းသည် ကုန်ထုတ်လုပ်ငန်း လည်ပတ်မှုအခြေအနေ တိုးတက်လာခြင်း၊အမှာအသစ်များ ရရှိလာခြင်းကြောင့်ဟု ဆိုသည်။

ထိုညွှန်းကိန်းအရ ဧပြီအ တွင်း မြန်မာနိုင်ငံသည် ၅၃ ဒသမ ၇ ရမှတ်ရှိပြီး ဗီယက်နမ်နိုင်ငံက ၅၂ ဒသမ ၅ မှတ်၊ ထိုင်းနိုင်ငံက ၅၁ မှတ်နှင့် ဖိလစ်ပိုင်နိုင်ငံက ၅၀ ဒသမ ၉ မှတ်ရရှိထားသည်။

သို့သော်ညွှန်းကိန်းမြင့်တက် လာသော်လည်း မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုဒဏ် ခံရမည် ဟုလည်း Nikkei က မှတ်ချက်ပေး ထားသည်။

သတင်းအပြည့်အစုံဖတ်ရန်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမာတစ်ခက် သွားတစ်သက်"