လာမယ့်စက်တင်ဘာလအတွင်းမှာ မြန်မာ့ပလောင်လက်ဖက် တရုတ်လက်ဖက်ပြပွဲကို သွား ရောက်ပြသသွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။
တရုတ်ပြည်မှာ မြန်မာ့လက်ဖက် ဈေးကွက်ဝင်နိုင်ဖို့အတွက် သွားရောက်ပြသတာဖြစ်ကြောင်း ပ လောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်က ပြောပါတယ်။
“တရုတ်ပြည်ပပြုလုပ်ကျင်းပတဲ့ပွဲဖြစ်တာကြောင့် နိုင်ငံတကာကလည်း လက်ဖက်တွေလည်း ဝင် ရောက်ပြသသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားပြုဖြစ်တဲ့ ပလောင်လက်ဖက်ကို လာမယ့် စက်တင်ဘာလမှာ သွားရောက်ပြသမှာပါ။ တရုတ်မှာ မြန်မာ့လက်ဖက်ဈေးကွက်လည်းဝင်နိုင်ဖို့ ကို သွားရောက်ပြသမှာပါ”
မြန်မာ့လက်ဖက်ခြောက်ကို တရုတ်ပြည်ကို အဆင့်မြှင့်တင်ကာ တင်ပို့နိုင်ရန်အတွက်လည်း စီစဉ် လုပ်ဆောင်နေေ ကြာင်းအဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့လက်ဖက် စိုက်ဧကပေါင်း (၂၂၀၀၀) ကျော်ရှိကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။
ယမင်းအေး(ABM)
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်