ငါးကြင်းသားပေါက် (ငါးမှုံ/ငါးသန်) ပြုစုပျိုးထောင်ခြင်း စီမံခန့်ခွဲမှု

12/09/2019 12:04 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ငါးသားပေါက်ပြုစုခြင်း

ငါးကန်ငယ်များတွင် ဥမှပေါက်ပြီးစ ငါးမှုံများကို လက်ချောင်းအရွယ် (ငါးသန်) အထိ ပြုစုမွေးမြူခြင်းဖြစ်သည်။ သာမာန်အားဖြင့် ငါးသားပေါက်ပြုစုခြင်း () မျိုးရှိပါသည်။

(က) ငါးကန် () ကန်တွင် အဆင့် () ဆင့်ခွဲခြားပြုစုခြင်း (ငါးမှုံပြုစုကန်နှင့် ငါးသန်ပြုစုကန်)

()   ငါးကန်တစ်လုံးတည်းတွင် ငါးမှုံများကို ၁၀ -၁၅ ရက် ပြုစုပြီးပါက ငါးသန်ဖြစ်လာသည်။ ထိုငါးသန်များကို ကန်ရွှေ့ပြောင်းခြင်းမပြုပဲ ၎င်းကန်ထဲ၌ပင် ဆက်လက်ပြုစုခြင်း။

က။ အဆင့် (၂) ဆင့်ခွဲခြားပြုစုခြင်း

ငါးမှုံပြုစုကန် 

ကန်ဧရိယာ ၀.၁၀ – ၀.၂၅ ဧက၊ ရေအနက် ၂.၅ – ၃ ပေ ရှိကန်တွင် ငါးမှုံများကို ၁၀ -၁၅ ရက် ပြုစုပြီး ၁ လက်မအရွယ် ငါးသန်များထုတ်လုပ်ခြင်းဖြစ်ပါသည်။ 

ငါးသန်ပြုစုကန် 

ကန်ဧရိယာ ၀.၂၅ – ၁.၀ ဧက၊ ရေအနက် ၃.၀ – ၃.၅ ပေ ရှိကန်တွင် ၁ လက်မအရွယ် ငါးသန်များကို ၁.၅ – ၂ လမွေးမြူပြီး ၃ – ၃.၅ လက်မအရွယ် ငါးသားပေါက်များထုတ်လုပ်ခြင်း ဖြစ်ပါသည်။

 

 

က။ (၁) ပြုစုကန်ထိန်းသိမ်းစောင့်ရှောက်ခြင်း 

ပြုစုကန် ပြင်ဆင်ခြင်း 

ငါးသားပေါက်မထည့်မီ ငါးကန်ကိုအခြောက်ခံပါ။ ရွှံ့များကိုဖယ်ရှားပါ။ ကန်အောက်ခြေကို ရေပြင်ညီအောင်ညှိပါ။ကန်ဘောင်ပေါ်ရှိ ပေါင်းပင်များကိုလည်းရှင်းလင်းပါ။ ငါးကန်ကို မြေကြီးအက်ကွဲသည်အထိ ၁ – ၂ ပတ်ကြာ အခြောက်ခံပါ။ ထို့နောက်… 

ထုံးဖြူးခြင်း - ငါးရိုင်းများနှင့် ရောဂါပိုးများကို ရှင်းလင်းရန် ကန်အတွင်း ရေမသွင်းမီ ၀.၀၁ ဧကလျှင် ၆၂.၅ ကျပ်သားနှုန်းထည့်ပါ။ 

ရေသွင်းခြင်း - ငါးရိုင်းများ၊ မြွေများ၊ ဖားများနှင့် ဂဏန်းများ မဝင်ရောက်နိုင်ရန် ရေဝင်ပေါက်တွင် ရေစစ်ဇကာ စနစ်တကျတပ်ဆင်ပြီး ရေသွင်းပါ။ 

ကန်ရေတွင် ထုံးထည့်ခြင်း - ကန်တွင်း ရေသွင်းပြီးပါက ၀.၀၁ ဧကလျှင် ထုံး ၁၆-၁၉ ကျပ်သားနှုန်း ထည့်ပါ။ 

မြေဩဇာထည့်ခြင်း - ထုံးထည့်ပြီး ၄-၅ ရက်ကြာပါက ၀.၀၁ ဧကလျှင် ယူရီးယား (သို့) ပုလဲဓာတ်မြေဩဇာ ၄.၇ ကျပ်သား၊ တီစူပါ ၉.၄ ကျပ်သားထည့်ပါ။ မြေဩဇာထည့်ပြီး ၄ ရက်ကြာထားပါ။ 

 ငါးထည့်မည့်ကန်တွင် ဟာပါတပ်ဆင်ပြီး ငါးသန်အရွယ်သားပေါက် ၁၀ – ၁၅ ကောင်ခန့်ထည့်ပြီး ၄-၅ နာရီ စောင့်ကြည့်ခြင်းဖြင့် ရေတွင်အဆိပ်သင့်မှု ရှိ/မရှိ စစ်ဆေးပါ။ 

ငါးမှုံသားပေါက် စတင်ပြုစုခြင်း 

.၀၁ ဧကလျှင် ငါးမှုံအလေးချိန် စုစုပေါင်း ၂-၃ ကျပ်သားနှုန်းထည့်ပါ။ 

ငါးသားပေါက်သယ်ယူခြင်း 

- သန့်ရှင်းသောရေ ၁/၃ ပုံ၊ အောက်စီဂျင် ၂/၃ ပုံထည့်ထားသည့် ၂ x .၅ ပေအရွယ် ပလတ်စတစ်အိတ်ဖြင့် ငါးသားပေါက် ၁၆ ကျပ်သားကိုထည့်၍ တင်းကြပ်စွာစည်းထားပြီး သယ်ယူပါက ၆-၈ နာရီကြာ သယ်ဆောင်နိုင်ပါသည်။

- မြေဩဇာထည့်ပြီး ၄ ရက်မြောက်နေ့ နံနက်ခင်းတွင် ငါးသားပေါက်များထည့်ပါ။ 

- ငါးသားပေါက်ထည့်ထားသည့် ပလတ်စတစ်အိတ်အတွင်းရှိရေနှင့် ငါးကန်အတွင်းရှိရေတို့၏ အပူချိန်များ မျှခြေရှိလာစေရန် ၂၅-၃၀ မိနစ်ခန့် ငါးကန်ရေတွင် ပလတ်စတစ်အိတ်ကို ဖွင့်မချပဲ မျောထားပါ။ 

- ပလတ်စတစ်အိတ်အတွင်းသို့ ကန်အတွင်းရှိရေကို ဖြည်းညှင်းစွာရောပေးပြီး ငါးများကို ဖြည်းညှင်းစွာလွှတ်ပါ။ ငါးများကို ပလတ်စတစ်အိတ်အပြင်သို့ ကူးခတ်၍ ထွက်သွားစေပါ။ 

 

ငါးသားပေါက်ထည့်ပြီးနောက် ဆောင်ရွက်ရန်ကိစ္စများ 

- တစ်နေ့လျှင် ၂-၃ ကြိမ် အစာကျွေးပါ။ 

- မိုးအုံ့သည့်နေ့များတွင် အစာကျွေးခြင်း၊ မြေဩဇာထည့်ခြင်း မလုပ်ပါနှင့်။ 

- မနက်ခင်းတွင် ငါးသားပေါက်များ ရေပြင်ပေါ်တွင် လေရှူပါက ရေပန်းတပ်ဆင်ပါ (သို့) ရေထပ်ဖြည့်ပါ။ ထပ်ဖြည့်သည့်ရေကို ရေစစ်ဇကာဖြင့် ခံထားပါ။ 

ငါးကြင်းသားပေါက် ဖြည့်စွက်စာကျွေးမွေးခြင်း

 ငါးစာကို တစ်နေ့အနည်းဆုံး ၂-၃ ကြိမ်ကျွေးပါ။ 

က။ () ငါးသန်ပြုစုကန် ထိန်းသိမ်းခြင်း 

ငါးကန်ပြင်ဆင်ခြင်း 

   ငါးမှုံကန်နှင့် ငါးသန်ကန်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များသည် အတူတူဖြစ်ပါသည်။ ၀.၀၁ ဧကတွင် ထည့်ရသည့် မြေဩဇာပမာဏသာ ကွာခြားပါသည်။ 

  • မြေဆွေး ၃ ပိဿာ ၇၅ ကျပ်သား - ၆ ပိဿာ ၂၅ ကျပ်သား

  • ယူရီးယား (ပုလဲ) -၉ ကျပ်သား

  • တီအက်စီ (တီစူပါ) -၉ ကျပ်သား

  • ပဲဖတ်/ နှမ်းဖတ် ၁၉ – ၃၁ ကျပ်သား 

.၀၁ ဧကတွင် ပြုစုရမည့် ငါးသန်/ ငါးသားပေါက်ကောင်ရေ 

ငါးမှုံပြုစုကန်မှ ငါးသန်/ ငါးသားပေါက်များကို ဖမ်းဆီးပြီး ငါးသန်ကန်အတွင်းသို့ နံနက်ခင်းတွင် ပြောင်းထည့်ပါ။ 

  • ၁၅၀၀ - ၂၀၀၀ (တစ်လက်မအရွယ်

  • ၈၀၀ – ၁၀၀၀ (တစ်လက်မအထက်)  

 

ငါးသားပေါက်များကို ပြုစုကန်ပတ်ဝန်းကျင်တွင် နေသားကျစေခြင်း 

ငါးမှုံ ၁၀ -၁၅ ရက် ပြုစုပြီးပါက ငါးသန်ငယ်များ ရရှိနိုင်ပါသည်။ ထိုငါးသားပေါက်များကို ငါးသန်ကန်သို့ ရွှေ့ပြောင်းရာတွင် ပိုက်ဆွဲဖမ်းဆီးခြင်းနှင့် နေရာသစ်သို့ရွှေ့ပြောင်းခြင်းကြောင့် ဒဏ်သင့်ခြင်းမဖြစ်စေရန် ၂-၃ ရက်ခန့် ကြိုတင်လေ့ကျင့်ပေးရမည်။ ငါးငယ်များကို ခြင်ထောင်ဇာ (သို့) ဇာပြာပိုက်ဖြင့်ဖမ်းပြီး ပိုက်အတွင်း၌ မိနစ် ၂၀–၃၀ ခန့် လှောင်ထားရမည်။ ထို့နောက် ရေမျက်နှာပြင်ကို လှုပ်ရှားပက်ဖျန်းပေးပြီး ငါးများကို ပြန်လွှတ်ပေးရမည်။ ဤအတိုင်း ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပြီးမှ ငါးများကို ကန်ရွှေ့ပြောင်းရမည်။ 

ငါးကြင်းမျိုးများအတွက် ဖြည့်စွက်အစာကျွေးခြင်း

မှတ်ချက် - ငါးကန်တွင် သဘာဝအစာပေါများနေပါက ဖြည့်စွက်အစာကို လျော့၍ ကျွေးနိုင်သည်။ 

ငါးသားပေါက်ပြုစုထားစဉ် မြေဩဇာထည့်ခြင်း (အပတ်စဉ် ၀.၀၁ ဧကအတွက်) 

  • မြေဆွေး ၃၁-၆၂.၅ ကျပ်သား

  • ယူရီးယား (ပုလဲ) ၆-၉ ကျပ်သား

  • တီအက်စ်ပီ (တီစူပါ) ၆-၉ ကျပ်သား 

 

ငါးသားပေါက်များ ကန်အသစ်တွင် နေသားကျပြီး ပိုမိုသန်စွမ်းလာစေခြင်း 

ပဲဖတ်/ နှမ်းဖတ် - နေ့စဉ် ၀.၀၁ ဧကလျှင် ၁၃-၁၉ ကျပ်သားကျွေးပေးပါ။

ငါးသားပေါက်မရောင်းချမီ ၂-၃ ရက် ကြိုတင်ဆောင်ရွက်ထားရန်

- နေ့စဉ် ငါးသားပေါက်များကို ပိုက်ဖြင့်ဖမ်းပြီး ၂၀-၃၀ မိနစ်ကြာ ငါးဖမ်းပိုက်အတွင်း လှောင်ထားပြီး ကန်ရေဖြင့် ပက်ဖျန်းပါ။ ပြီးလျှင် ကန်တွင်းသို့ ပြန်လွှတ်ပါ။ 

- သားပေါက်များကိုတင်ပို့ရန် ထုပ်ပိုးခြင်းမပြုမီ ၂၄ နာရီ ကြိုတင်အစာဖြတ်ထားပါ။ 

- ငါးသားပေါက်များကို အရွယ်အစားခွဲခြားထားပြီး ရောင်းချသင့်သောငါးကို ရွေးချယ်ပါ။ 

- ရောင်းချမည့်ငါးများကို ခွဲခြားပြီး ဟာပါတွင် ၄-၅ နာရီခန့် လှောင်ထားခြင်းဖြင့် ဝမ်းဗိုက်တွင်းရှိအစာဟောင်းများကို စွန့်ထုတ်ရန် အချိန်ပေးပါ။ ဤသို့ဖြင့် သယ်ယူပို့ဆောင်သောရေကို ပိုမိုသန့်ရှင်းမှု ရှိစေမည်ဖြစ်သည်။ 

မှတ်ချက် - ခရီးဝေးသယ်ဆောင်ပါက ငါးလှောင်ထားသောကန်တွင် ၀.၀၁ ဧကလျှင် ၉ ကျပ်သားနှုန်းဖြင့် ထုံးထည့်ပေးပါ။ 

ငါးသားပေါက်ဖမ်းဆီးခြင်းနှင့် ရောင်းချခြင်း 

   ငါးသားပေါက်များကို နူးညံ့သောပိုက်စိပ် (သို့) ဒိုင်းကွင်းဖြင့် ဖမ်းယူခြင်းဖြင့် ထိခိုက်ဒဏ်ရာ မရှိနိုင်ပါ။ ထုပ်ပိုးခြင်းမပြုမီ ငါးသားပေါက်များကို ရေတစ်လီတာတွင် ဆား ၀.၂ ကျပ်သားပါသော ဖျော်ရည်၌ ၁ မိနစ်စိမ်ပေးခြင်းဖြင့် ပိုးသတ်ပါ။ 

 

ခ။ အဆင့်တစ်ခုတည်းဖြင့် ငါးသားပေါက်ပြုစုခြင်း 

   ၎င်းနည်းသည် ငါးကန်တစ်လုံးတည်းတွင် ငါးမှုံပြုစုပြီးပါက ငါးသန် ဆက်လက်ပြုစုသည်။ ကန်ပြုပြင်ခြင်း၊ ဖြည့်စွက်စာကျွေးမွေးခြင်းသည် အဆင့် () ဆင့်တွင် ဆောင်ရွက်သည့်အတိုင်းဖြစ်သည်။ 

   ဤနည်းတွင် ငါးမှုံ ၁၀- ၁၅ ရက် ပြုစုပြီး ငါးသန်ကန်သို့ ရွှေ့ပြောင်းခြင်း မပြုလုပ်ပါ။ () ဆင့်နည်းသည် () ဆင့်နည်းနှင့် နှိုင်းယှဉ်ပါက ရှင်သန်နှုန်းနှင့် ထုတ်လုပ်မှုများမှာ နည်းပါသည်။

 

ယခုဆောင်းပါးအား  INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။ 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်