သံဓာတ်ချို့တဲ့လျှင် အစာချက်လုပ်မှုကို ထိခိုက်သဖြင့် အပင်ကျုံလှီကာ အထွက်နှုန်းကိုများစွာ ထိခိုက်နိုင်သည်။
သံဓာတ်ချို့တဲ့ခြင်းသည် ရေသွင်းစပါးခင်းများတွင် တွေ့ရခဲသည်။ စပါးပင်၏သက်တမ်းတလျှောက် မည်သည့်အရွယ်တွင်မဆို ဖြစ်နိုင်သည်။ အငံဓာတ်များသော မြေများနှင့် ထုံးပေါက်သော ယာစပါးခင်းများတွင် အဖြစ်များကာ အထွက်နှုန်းကိုများစွာ ထိခိုက်စေသည်။
လက္ခဏာများ
အရွက်နုများ၏ ရွက်ကြောများအကြားတွင် အဝါရောင်သန်းလာပြီး ရောင်မညီကွက်များဖြစ်လာသည်။ အရွက်တခုလုံး အရောင်မညီဖြစ်လာကာ ဖြူဖျော့သွားသည်။ သံဓာတ်ချို့တဲ့မှုပြင်းထန်ပါက တစ်ပင်လုံးအရာင်ဖြူဖျော့ကာ သေဆုံးသွားသည်။
သံဓာတ်ချို့တဲ့မှု သေချာစေရန် မြေဆီလွှာ နှင့် အပင်နမူနာကို နီးစပ်ရာစိုက်ပျိုးရေးဌာနရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနိုင်သည်။
ပြုပြင်ရန်နည်းလမ်း
- သံဓာတ် ခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ (သက်ဆိုင်ရာ စိုက်ပျိုးရေးဌာန နှင့် ဆက်သွယ်စုံစမ်းကာ သင့်တော်သောမျိုးကို ရွေးချယ်ပါ)
- အော်ဂဲနစ်ပစ္စည်းများ ( အပင်အကြွင်းအကျန်များ၊ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများ) ကို စုဆောင်းထည့်သွင်းပါ။
- မြေချဥ်ငံကိန်းမြင့်သော မြေများတွင် အက်ဆစ်ဓာတ်ဖြစ်ပေါ်စေသော ဓာတ်မြေသြဇာများကို သုံးပါ (ဥပမာ -ယူရီးယားအစား အမိုနီယမ်ဆာလဖိတ်ကို သုံးပါ)
- အနည်းလိုအာဟာရ အဖြစ် သံဓာတ် (Fe) ပါဝင်ထည့်သွင့်ထားသော မြေသြဇာကို ရွေးချယ်သုံးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်