ဝါး Treatment Center များပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေ

27/09/2019 10:16 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ဝါးများရဲ့အရည်အသွေးကို ပိုမိုကောင်းမွန်စေရန်အတွက် ဝါး Treatment Center များပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။

   ဝါးများကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးများရရှိစေနိုင်ပြီး ဈေးကွက်ကောင်းလာစေနိုင်ဖို့အတွက် ဝါးများကိုပြန်လည်ပြုပြင်ပေးမယ့် ဝါးTreatment Center များပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဗဟိုဥက္ကဌ ဦးကျော်ဝင်းကပြောပါတယ်။

   “ဝါးတွေကို Treatment Center လေးလုပ်ပြီး ရောင်းမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေလာမယ်။ ကြာကြာ ထားလေတန်ဖိုးရှိလေပဲ။ ဝါးကို ပေါင်းပြီး ရောင်းတာပေါ့။ အခုကတော့ နည်းသေးတယ်။ ဝါးလုံးတွေမဟုတ်ပဲ ဝါးခြမ်းတွေထွက်လာမယ်။ ညီညီညာညာလေးတွေရလာမယ်။ ပိုးမထိုး မှိုမတက်အောင်လုပ်ထားတယ်ဆိုတော့ ပြန်သုံးလို့ရတယ်”

   ဝါး(Treatment Center)များကို တောင်ကြီး၊ ပုဂံ၊ နေပြည်တော်နဲ့ မုံရွာတို့မှာ ပြုလုပ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

   အခြား ပြည်နယ်နဲ့တိုင်းများမှာလည်း ဝါး Treatment Center များကို ပြုလုပ်သွားနိုင်ရန်အတွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်