နို့စားနွားများအတွက် မြက်မျိုးနွယ်ဝင် စားကျက်ပင် (၁)

16/10/2018 14:02 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

   Desmodiumintortum cv Greenleaf “Greenleaf Desmodium

 

  • Greenleaf Desmodium (ဒက်စမိုဒီယန်း) သည် နှစ်ရှည်ပဲမျိုးနွယ် စားကျက်ပင်ဖြစ်သည်။

  • မြေပြင်ပြန့်ကျဲ ပေါက်ရောက် သောအပင်ဖြစ်သည်။ တောင်ပေါ် အအေးပိုင်းဒေသများတွင် စိုက်ပျိုး နိုင်သည်။ ရေရရှိ နိုင်သော ဒေသများတွင် ပိုမိုဖြစ်ထွန်းနိုင်သည်။

  • ခြောက်သွေ့မှုကိုလည်းခံနိုင်သည်။ အရိပ်ရအပင်များအောက်တွင် စိုက် ပျိုးနိုင်သည်။ စားကျက်မြက်ပင်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။

  • လွှတ်ကျောင်း စားကျက်များတွင် လွှတ်ကျောင်း အသင့်တင့် ခံနိုင်သည်။ အရသာရှိမှုနှင့် အာဟာရဓာတ် ပါဝင်မှုအသင့်တင့်ဖြစ်သည်။ တောင်ပေါ် ဒေသများတွင် မျိုးစေ့ထုတ်လုပ်ရန် အထူးကောင်းမွန်သည်။

  • စိုက်ပျိုးရာသီတွင် အဆစ်ဖြတ်မျိုးပွားနိုင်သည်။

  • တစ်ဧကမျိုးစေ့ ထွက်နှုန်း (၃၂-၄၀) ကီလို ရှိသည်။

  • တစ်ဧက၏ အစာခြောက်ပမာဏ ထွက်ရှိမှုသည် (-) တန်ဖြစ်သည်။

Brachiariahybrid (Brachiariadecumbens X B.ruziziensis X B.brizantha)

Cv Mulato II

 

  • Mulato II (မိုလတို) မြက်ကို အမြဲတမ်းစားကျက်များတွင် စိုက်ပျိုးနိုင်ပါသည်။ ထွက်နှုန်းကောင်း/အရသာ ကောင်းသောစပ်မျိုးဖြစ်သည်။ လွှတ်ကျောင်းခံနိုင်သော မြက်မျိုးဖြစ်သည်။

  • ပဲပန်းနှင့် ရောနှောစိုက်ပျိုးရန် သင့်တော်သည်။ အဆစ်မျိုးပွားခြင်းဖြင့် ပြန့်ပွားနိုင်သည်။

  • ရေဝပ်သောနေရာတွင် စိုက်ပျိုးရန် မသင့်တော်ပေ။

  • နို့စားနွား၊ အသားစားနွား အတွက်အထူးကောင်းမွန်သော မြက်မျိုးဖြစ်သည်။

  • ထုတ်လုပ်မှုနှင့်အာဟာရတန်ဖိုး မြင့်များစွာပါဝင်သည်။

  • ခြောက်သွေ့မှုကို ခံနိုင်သည်။ အရိပ်ရအပင်များအောက်တွင် ဖြစ်ထွန်းမှုနည်းပါး သည်။

  • ရိတ်သိမ်းသယ်ယူ ကျွေးမွေးခြင်း၊ လွတ်ကျောင်း ကျွေးမွေးခြင်းစသည့် စား ကျက်များတွင် ပဲမျိုးနွယ်ဝင်စားကျက်ပင်များနှင့် (၁၆) လက်မခြား ၍စိုက်ပျိုး နိုင်သည်။

  • (၂၀-၃၀) ရက်ခြား ရိတ်သိမ်းသယ်ယူကျွေးမွေးနိုင်သည်။ မျိုးစေ့ ထုတ်ရန် ခက်ခဲသည်။

Panicum maximum cv Gatton "Gatton panic"

 

  • ဂက်တွန်မြက်မျိုးသည် အရွက်ဖားပြီး အစိုဓါတ်ကို ထိန်းသိမ်းနိုင်သည်။ မြေလျှောက် အဆစ်ကျအပင်ပွားနှုန်း ကောင်းသည်။

  • မြေသြဇာအသင့်တင့်ရှိသော မြေများတွင်ဖြစ်ထွန်းပြီး နှစ်ရှည်ခံပင်ဖြစ် သည်။ တစ်ဧကလျှင် မျိုးစေ့ () ကီလိုဂရမ် စိုက်ပျိုးရန် လိုသည်။

  • အရိပ်အောက်တွင် စိုက်ပျိုးနိုင်သည်။ သရက်စိုက်ခင်းများ အောက်တွင် စိုက်ပျိုးနိုင်သည်။ ရေဝပ်သောနေရာများတွင် စိုက်ပျိုးရန် မသင့်ပေ။

  • ရိတ်သိမ်းသယ်ယူကျွေးမွေးခြင်း၊ လွတ်ကျောင်းကျွေးမွေးခြင်း အသုံးပြု နိုင်သည်။ အခြားစားကျက်ပဲမျိုး၊ စားကျက်မြက်မျိုးများနှင့် ရောနှော စိုက်ပျိုးနိုင်သည်။ စားကျက်ပင်များကို (၁၆) လက်မခြား၍ ရောနှောစိုက် ပျိုးနိုင်သည်။ စိုက်ပျိုးပြီး မြက်ပင်များကို (-) ပတ်ခြား ကျွေးမွေး နိုင်သည်။

 



Source - မြန်မာ - နယူးဇီလန် ကောင်းမွန်သောနို့စားနွား မွေးမြူမှု စီမံကိန်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်