စားကျက်ပင်နှင့် ပဲနွယ်ပင်များ

11/10/2018 16:18 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

Mulato
ထုတ်လုပ်မှုနှင့် အာဟာရမြင့်မားသည်။ ဆစ်ဂနယ်မြက်နှင့် တူသည်။ ခြောက်သွေ့မှုကို ခံနိုင်စွမ်းရှိသည်။ အရိပ်ရအပင်များအောက်တွင် ဖြစ်ထွန်းမှုနည်းသည်။ ပဲမျိုးနွယ်ဝင်စားကျက်ပင်များနှင့် ရောနှော၍ စိုက်ပျိုးနိုင်သည်။ (၂၀-၃၀) ရက်ခြား ရိတ်သိမ်း သယ်ယူကျွေးမွေးနိုင်သည်။ မျိုးစေ့ထုတ်ရန်ခက်ခဲသည်။


Centuriion centro
တစ်နှစ်တစ်ကြိမ် စိုက်ပျိုးရသော ပဲနွယ်မျိုးဖြစ်သည်။ ရာသီအလိုက် ရေဝပ်ခြင်းခံနိုင်သည်။ အာဟာရဓာတ် ပါဝင်မှု မြင့်မားသည်။ အခြောက်ပြုလုပ်သိမ်းဆည်းကျွေးမွေးသင့်သည်။ မျိုးစေ့အထွက်နူန်းကောင်းမွန်သည်။


Monbaca Guinea
အရိပ်ကောင်းသော နေရာများတွင် ရှင်သန်နိုင်သည်။ မြေသြဇာကောင်းမွန်ပြီး စိုစွတ်၍ ရေရရှိသော နေရာများတွင်စိုက်ပျိုးသင့်သည်။ ပျိုးခင်းမှ ရွေ့ပြောင်းစိုက်ပျိုးရာတွင် မြက်ပင်များကို ၁၆ လက်မခြား၍ စိုက်ပျိုးနိုင်သည်။ အခြားမြက်မျိုး၊ ပဲမျိုးများနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ (၃-၄) ပတ်ခြား၍ ရိတ်သိမ်းကျွေးမွေးနိုင်သည်။ မျိုးစေ့ထုတ်ရန်ခက်ခဲသည်။ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်သည်။


Gatton panic
ဂီနီမြက်ထက် ခြောက်သွေ့ခံနိုင်သည်။ အရွက်ဖားပြီး အစိုဓာတ်ကို ထိန်းနိုင်သည်၊။ မြေသြဇာ အသင့်အတင့်ရှိသော မြေများတွင် ဖြစ်ထွန်းနိုင်သည်။ အရိပ်အောက်၌ စိုက်ပျိုးနိုင်သည်။ သရက်စိုက်ခင်းများအောက်တွင် စိုက်ပျိုးနိုင်သည်။ စားကျက်ပဲမျိုး၊ မြက်မျိုးများနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၃-၄)ပတ်ခြား ရိတ်သိမ်းသယ်ယူခြင်း၊ လွတ်ကျောင်းခြင်း စသည်ဖြင့် ကျွေးမွေးနိုင်သည်။
Bambatsi Panic
မြေအမျိုးအစားမရွေးတွင် စိုက်ပျိုးနိုင်သည်။ ပက်ကြားအက်မြေစေးများ သဲဆန်သော မြေများတွင်လည်း ရှင်သန်နိုင်သည်။ ရေလွမ်းမိုးမှုနှင့် ရာသီအလိုက် ရေလွမ်းမှုကို ခံနိုင်သည်။ ခြောက်သွေ့မှုဒဏ်ကို ခံနိုင်စွမ်းရှိသည်။ အရသာ ကောင်းမွန်ပြီး အာဟာဓာတ်ကြွယ်ဝစွာ ပါဝင်သည်။


Buffel grass
ခြောက်သွေ့သော ဒေသများ၌ စိုက်ပျိုးသင့်ပြီး ထွက်နူန်းကောင်းသည်။ တစ်ကြိမ်းစိုက်ပြီးလျှင် အလိုအလျောက် မျိုးစေ့ကျရောက်ရှင်သန်နိုင်သည်။ မြေဆီလွှာမရွေး စိုက်ပျိုးနိုင်သည်။ လွှတ်ကျောင်း/ရိတ်ဖြတ် ကျွေးနိုင်သည်။


Desmanthus
အမြင့် ၃-၄ ပေရှိသည်။ ရိတ်သိမ်းသယ်ယူ ကျွေးမွေးနိုင်သည်။ လွတ်ကျောင်းရန်အတွက် မသင့်တော်ပါ။ အာဟာရဓာတ်ပါဝင်မှု မြင့်မားပြီး နေရာအနှံ့ ပေါက်ရောက်နိုင်သည်။ မြေ၏ ချဉ်ငန်ဓာတ် (၇) တွင် ပိုမိုဖြစ်ထွန်းသည်။ အတန်အသင့် အရိပ်အောက်တွင် ရှင်သန်နိုင်သော်လည်း လောင်းရိပ်ကျရောက်မှုများပါက ဖြစ်ထွန်းမှု အားနည်းသည်။ အစေ့ချ(သို့) ပျိုးပင်အဖြစ်စိုက်ပျိုးနိုင်သည်။ တစ်ပင်နှင့်တစ်ပင်(၃-၄)ပေ ခြား၍ စိုက်ရမည်။ (၃-၄)ပတ်တွင် တစ်ကြိမ် ရိတ်သိမ်းကျွေးမွေးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့ (၁၃၀-၂၀၀) ကီလိုဂရမ် ထုတ်လုပ်နိုင်သည်။


Shrubby stylo
အခြားမြက်များနှင့် ရော၍ စိုက်နိုင်သည်။ မိုးရာသီမတိုင်မီ ပျိုးထောင်၍ မိုးရာသီတွင် ပြောင်းရွေ့စိုက်ပျိုးသင့်သည်။ ရာသီ အစောပိုင်းတွင်မျိုးစေ့ထုတ်ရန် ခက်ခဲပြီး ထွက်နူန်းနည်းသည်။ အသီးသီးရန် နှေးသော်လည်း အစေ့ကျ အပင်ပေါက်မှုနှင့်ထုတ်လုပ်မှု ကောင်းသည်။ အာဟာရဓာတ်နည်းသော်လည်း နို့ခမ်းနွားများအတွက် လွှတ်ကွင်းစားကျက်အဖြစ် စိုက်ပျိုးနိုင်သည်။


Splenda Setaria
မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်သည်။ မြေသြဇာ ကောင်းမွန်သော မြေများတွင် ထုတ်လုပ်မှု မြင့်မားသည်။ စိုစွတ်ပြီးအရိပ်ကောင်းသော နေရာများတွင် စိုက်ပျိုးရန် မသင့်တော်ပေ။ ခြောက်သွေ့မှုဒဏ်ကို ခံနိုင်သော်လည်း ခြောက်သွေ့ချိန်၌ ထွက်နူန်းကျဆင်းသည်။ လွယ်ကူစွာ ရိတ်သိမ်းနိုင်သည်။ အခြားမြက်မျိုးများ၊ ပဲမျိုးများနှင့် ရောနှော စိုက်ပျိုးနိုင်သည်။


Arachispintoi
မြန်မာနိုင်ငံတွင် အလှစိုက် ပဲပန်းအဖြစ် စိုက်လေ့ရှိသည်။ အခြားနိုင်ငံများတွင် မိုးကောင်းသော ဒေသများ၌ စားကျက်အဖြစ် စိုက်ပျိုးကြသည်။ မြက်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။ မြေသြဇာနည်းသောမြေများတွင် စိုက်ပျိုးခြင်းဖြင့် မြေသြဇာကောင်းမွန်မှုကို ပေးနိုင်စွမ်းရှိသည်။ အမြစ်ပါ အဆစ် (၃-၄) ဆစ်ဖြတ်၍ စိုက်ပျိုးနိုင်သည်။ မစိုက်ပျိုးမီ အရွက်များကို ဖယ်ရှားရမည်။ ခြောက်သွေ့မှုကို ခံနိုင်စွမ်းရှိသော်လည်း ထုတ်လုပ်မှုလျော့နည်းစေသည်။ ရေလွမ်းမှုကို ခံနိုင်သည်။ အာဟာရပါဝင်မှု မြင့်မားပြီး နို့ထွက်နူန်း ကောင်းစေသည်။ နွားများတွင် လေပွခြင်း မဖြစ်ပွားနိုင်ပေ။


Desmodium
နှစ်ရှည်ခံ ပဲမျိုးနွယ်ပင်ဖြစ်သည်။ မြေပြင်၌ ပြန်ကျဲပေါက်ရောက်သည်။ တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသများတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိသော ဒေသများတွင် ဖြစ်ထွန်းသည်။ ခြောက်သွေ့မှုဒဏ်ကို ခံနိုင်သည်။ အရိပ်ရ အပင်များအောက်တွင် အခြားမြက်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ အသင့်အတင်းလွှတ်ကျောင်းနိုင်သည်။ အရသာရှိမှုနှင့် အာဟာရဓာတ်ပါဝင်မှု အသင့်အတင့်ဖြစ်သည်။တောင်ပေါ်ဒေသများတွင် မျိုးစေ့ထုတ်ရန် အထူးကောင်းမွန်သည်။ အဆစ်ဖြတ်၍ စိုက်ပျိုးနိုင်သည်။
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူခြင်း စီမံကိန်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်