ငရုတ်ကောင်းကို ဘယ်ဒေသတွေမှာ ဘယ်လိုနည်းစနစ်တွေနဲ့ စိုက်ပျိုးနေကြသလဲ

25/05/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာနိုင်ငံအတွင်း ထွက်ရှိသော ငရုတ်ကောင်းများကို ပရဆေးဆိုင်များမှ ဝယ်ယူနေသည့်အပြင်၊ ပြည်တွင်းရှိ ငရုတ်ကောင်းထုတ်ကုန် လုပ်ငန်းတစ်ခုမှလည်း ငရုတ်ကောင်း ကုန်ချိန်များစွာကို စဉ်ဆက်မပြတ် ဝယ်ယူနေသည်။ ပြည်တွင်းရှိ ငရုတ်ကောင်းလိုအပ်ချက်မှာ လွန်စွာမြင့်မားနေပြီး ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်မှုမှာမူ အလွန်နည်းပါးနေသေးသည်။ ငရုတ်ကောင်းစိုက်ပျိုးရေးနှင့် ဈေးကွက်အလားအလာများအကြောင်းကို တောင်သူများသိရှိနိုင်စေရန် KKO Pepper - ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် နည်းပညာဖြန့်ဝေရေးမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးထံသို့ ဆက်သွယ်မေးမြန်းထားတာတွေကို အပိုင်းလိုက် ဖော်ပြပေးသွားပါ့မယ်။

မေး - ငရုတ်ကောင်းကို မြန်မာနိုင်ငံရဲ့ဘယ်ဒေသတွေမှာ ဘယ်လိုမျိုးနည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နေကြပါသလဲ။

ဖြေ - ငရုတ်ကောင်းပင်ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၄၀၀၀) အောက် ဒေသတွေမှာ စိုက်ပျိုးရန် အထူးသင့်တော်ပါတယ်။ မြန်မာနိုင်ငံမှာ ငရုတ်ကောင်းပင်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ အဓိက စိုက်ပျိုးနေကြပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ ပမာဏအနည်းအကျဉ်း စိုက်ပျိုးနေကြပါတယ်။ အခက်အခဲကတော့ ငရုတ်ကောင်းပင်က အပင်ငယ်စဉ်မှာ ရေကို နေ့စဉ်ပေးရတယ်။ ရေရှားရင်မရဘူး။ ရေနဲ့ အရိပ်သာပေးနိုင်တယ်ဆို တစ်နှစ်ပတ်လည်လုံး စိုက်လို့ရပါတယ်။ သို့သော်လည်း ငရုတ်ကောင်းစိုက်ဧကတွေက နည်းနေပါတယ်။ ပြည်တွင်းမှာ ငရုတ်ကောင်းထုတ်ကုန်တွေကို ပမာဏများများ ထုတ်လုပ်နိုင်သူ (၁၀) ဦးထက် မပိုသေးပါဘူး။ 

    စိုက်ပျိုးတဲ့နည်းစနစ်တွေကတော့ ကွန်ကရစ်တိုင်နဲ့စိုက်ပျိုးခြင်း၊ နှစ်ရှည်ပင်တွေမှာ ကပ်၍ စိုက်ပျိုးခြင်း၊ သက်ရှိအပင်တိုင်တွေမှာ စိုက်ပျိုးခြင်း စတဲ့စနစ်တွေနဲ့ စိုက်ပျိုးနိုင်ပါတယ်။ အုန်း၊ ကွမ်းသီး၊ သရက်၊ ဒူးရင်း၊ သီဟိုဠ်၊ ပိန္နဲ စတဲ့ အသီးထွက်ရှိနေတဲ့ နှစ်ရှည်ပင်/သစ်မာစိုက်ခင်းတွေမှာ (၈×၈ ပေ ပတ်လည် ဝန်းကျင် ပင်ကြားတန်းကြားစိပ်တဲ့ နှစ်ရှည်ပင်မျိုး) တွေမှာ သီးညှပ်စိုက်ပျိုးနိုင်သလို၊ ၃၀×၃၀ ပေ ပတ်လည် ပင်ကြားတန်းကြားနဲ့စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်စိုက်ခင်းမျိုးဆိုရင်တော့ ပင်ကြား (၁၀) ပေ၊ တန်းကြား (၁၀) ပေအကွာမှာ ငရုတ်ကောင်းစိုက်တန်း (၂) တန်းကို ဖိုခနောက်ဆိုင် စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်ပင်ကြီးတွေမှာ ကပ်စိုက်ကြတဲ့အခါ ငရုတ်ကောင်းပင်ရဲ့ အမြင့်က ၁၂ ပေ (၄မီတာ) မကျော်သင့်ဘူး။ (၄ မီတာ) ကျော်သွားတာနဲ့ ငရုတ်ကောင်းပင်က အထွက်နှုန်းနည်းသွားမယ်။ တွယ်ကပ်ပင်ရဲ့အမြင့်အတိုင်း ငရုတ်ကောင်းပင်ကပါ လိုက်မြင့်တဲ့အခါ ငရုတ်ကောင်းက ဒီနှစ်သီးရင် နောက်နှစ်မသီးတာမျိုး၊ နှစ်ခြားသီးတာတွေ ဖြစ်လာလိမ့်မယ်။ တစ်ဝက်တစ်ပျက်အရိပ် (အပင်အရိပ် ကျရောက်မှု ၅၀ %) ရရှိရမယ်။ တွယ်ကပ်ပင် ရွေးချယ်ရာမှာတော့ အပင်သက်တမ်း အနည်းဆုံး (၁၅) နှစ်အထိ ရှင်သန်နိုင်တဲ့ အပင်မျိုးဖြစ်ဖို့လိုတယ်။ ငရုတ်ကောင်းပင်က အပင်သက်တမ်း (၁၅) နှစ်ကနေ အနှစ် (၂၀) လောက်အထိ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ နှစ်ရှည်ပင်အမျိုးအစားဖြစ်လို့ပါ။ 

ငရုတ်ကောင်းပင်ကို သက်ရှိအပင်တိုင်တွေနဲ့ စိုက်ပျိုးခြင်းစနစ်ကတော့ ငရုတ်ကောင်းစိုက်ကျင်းအနီးအနားမှာ ငရုတ်ကောင်းပင်တွယ်တက်ဖို့နဲ့ အမြစ်ကုပ်တွယ်နိုင်ဖို့  တွယ်ပင်၊ တွယ်တိုင်တွေကို သက်မှတ်စိုက်တန်းအကွာအဝေးအတိုင်း အရင်စိုက်ပျိုးရတာပါ။ အသက်ရှင်သန်နေဆဲ (ခုတ်ယူပြီး ပြန်လည်စိုက်ပျိုးလို့ရတဲ့) နဘဲတိုင်၊ ချဉ်ယုတ်တိုင်၊ ဒီးဒူတိုင်၊ လက်ပံတိုင်၊ ကြောင်လျှာတိုင်၊ တောဂွေးတိုင်၊ လဲမှို့တိုင်တွေကို ငရုတ်ကောင်းစိုက်ပျိုးမယ့်စိုက်ခင်းမှာ ကနဦး စိုက်ပျိုးထားရမှာပါ။ 

ဒီလိုမျိုး ငရုတ်ကောင်းပင် သီးသန့်စိုက်ပျိုးတဲ့အခါ ပင်ကြားတန်းကြား ၈×၆ ပေ အကွာအဝေးနဲ့ စိုက်ပျိုးမယ်ဆိုရင် တစ်ဧကအတွက် တိုင်အရေအတွက် (၉၀၈) တိုင် စိုက်ပျိုးနိုင်ပြီး၊ ၇×၇ ပေ စိုက်ပျိုးမယ်ဆိုရင် တစ်ဧကအတွက် တိုင်အရေအတွက် (၈၉၀)တိုင်၊ ၈×၈ ပေ အကွာအဝေးထား စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ဧကအတွက် (၆၈၀) တိုင် စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်