ဇီဝကမ္မဗေဒရှုထောင့်အရ မြေပဲစိုက်ပျိုးခြင်းနည်းပညာ

18/12/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (103)  Oilseed Crops - Groundnut (Part - 2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၃) ဆီထွက်သီးနှံများ - မြေပဲ (အပိုင်း - ၂)

မြေပဲစိုက်ပျိုးထုတ်လုပ်နည်းကို စိုက်ပျိုးရေးပညာရှင်များက ရှုထောင့်အမျိုးမျိုးကနေ ရေးသားထုတ်ဝေဆွေးနွေးပြီး ဖြစ်ပါသည်။ ကျွန်တော်ကမူ သီးနှံကြီးထွားမှုနှင့် ပန်းပွင့်မှုဆိုင်ရာ ဇီဝကမ္မ (Crop Growth and Flowering Physiology) ရှုထောင့်မှ ဆွေးနွေးလိုပါသည်။ 

မြေပဲကို ကမ္ဘာပေါ်တွင် အများဆုံးစိုက်ပျိုးသောနိုင်ငံ (၃) နိုင်ငံမှာ -၂၀၂၂-၂၃ ခုနှစ် စာရင်းဇယားများအရ

  • အိန္ဒိယ - ၆,၃၀၀,၀၀၀ ဟက်တာ (ဧကဆယ့်ငါးသန်းခွဲခန့်)
  • တရုတ် - ၄,၈၀၀,၀၀၀ ဟက်တာ
  • အမေရိကန် - ၂,၅၁၄,၀၀၀ ဟက်တာ နှင့်
  • မြန်မာနိုင်ငံ - ၁,၁၀၉,၀၀၀ ဟက်တာ (၂၀၂၁-၂၂ ခုနှစ်)  စသည်တို့ဖြစ်ပါသည်။ 

ကမ္ဘာ့ပျှမ်းမျှအထွက်နှုန်းမှာ ၁၃၀၀ ကီလိုဂရမ်/ဟက်တာ (တစ်ဧက ၄၆-တင်းခန့်) ရှိပြီး မြန်မာနိုင်ငံ ပျှမ်းမျှ ၁၄၈၀ ကီလိုဂရမ်/ဟက်တာ (၂၀၂၁-၂၂) ဖြစ်ပြီး ကမ္ဘာ့မြေပဲ အထွက်ဆုံးမှတ်တမ်း မှာ ၆၂၅၀ ကီလို/ဟက်တာ (တစ်ဧက ၂၂၀-တင်းခန့်) အထိရှိပါသည်။ ကျွန်တော် တို့နိုင်ငံတွင်မူ ဘက်ပေါင်းစုံမှ မြေပဲအထွက်တိုးစေရန် ကြိုးစားနေရပါသေးသည်။

(မြေပဲအတောင့်တစ်တင်း = ၂၅ ပေါင် = ၁၁.၃၄ ကီလိုဂရမ် = ၆.၉ ပိဿာ) 

(၁) မြေပဲပင်၏ကြီးထွားမှု (Growth of the Peanut Plant)

  • အပူချိန် (Temperature) မြေပဲပင်ကြီးထွားမှုအတွက် အကောင်းဆုံး အပူချိန်မှာ ၃၀-ဒီဂရီဆဲလ်စီရပ် (30*C) ဖြစ်ပါသည်။ ညအပူချိန် ၁၇ ဒီဂရီဆဲလ်စီရပ်အောက်ရောက်သွားပါက အပင်ကြီးထွားမှုနှေးသွားပါမည်။ ညအပူချိန် ၁၅ ဒီဂရီဆဲလ်စီရပ်အောက်ရောက်သွားလျှင် အပင်အခြောက်အလေးချိန် တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်း ကျသွားပါသည်။ ၁၀ ဒီဂရီဆဲလ်စီရပ်အောက်ဆိုလျှင်တော့ ၅၀-ရာခိုင်နှုန်းထိအောင် ကျသွားနိုင်ပါသည်။ အပူချိန် ၃၅-ဒီဂရီထက်ပိုသွားရင်လည်း ကြီးထွားမှုနှုန်းကျပါလိမ့်ဦးမည်။
  • အညှောက်ပေါက်နှုန်းနှင့် မြေပေါ်ထွက်ပေါ်လာမှု (Germination and Emergence) မြေပဲစေ့အညှောက်ပေါက်မှုသည် ၂၀ မှ ၃၅-ဒီဂရီ အတွင်းသာ အသင့်တော်ဆုံးဖြစ်ပါသည်။ သင့်တော်သော အစိုဓာတ်သာရရှိပါက မျိုးစေ့ကျပြီး ၅-၇ ရက်အတွင်း ညှောက်ပေါက်ကာ ရေသောက်မြစ်သည် ၁၀-၁၅ စင်တီမီတာ (၄-၆ လက်မခန့်) မြေကြီးအတွင်းသို့ အရင်ထိုးဝင်ကာ အစေ့ရွက်က မြေပေါ်သို့ ၆-၁၄ ရက်အတွင်းထွက်ပေါ်လာခဲ့သည်။
  • မြေပဲပင်ပိုင်းဆိုင်ရာကြီးထွားမှု (Vegetative Growth) မြေပဲသည် အခြားပဲမျိုးစုံသီးနှံများကဲ့သို့ မဟုတ်ဘဲ အသီးအတောင့်များသည် ပန်းပွင့်ပြီးနောက်ပိုင်း မြေကြီးထဲတွင် ကြီးထွားဖွံ့ဖြိုးပါသည်။ ပုံမှန်ပဲရွက်များသည် ၃ ရွက်မွှာရွက်ပေါင်း (Tri-foliage Leaf) ဖြစ်ပြီး မြေပဲရွက်မှာ ၄ ရွက်မွှာရွက်ပေါင်း (Tetra-foliage /Four Leaflets) ဖြစ်ပါသည်။ မြေပဲရွက်သည် ၄-စတုရန်းစင်တီမီတာ မှနေ ၈၀- စတုရန်းစင်တီမီတာ အထိရှိနိုင်ပါသည်၊ 

မြေပဲ ကောင်းဆုံးအထွက်ရရှိစေရန် မြေပဲရွက် ၁၄ ရွက်ထွက်သည့်အချိန်မှာ အရွက်ဧရိယာညွန်းကိန်း (Leaf Area Index – LAI=4) ၄ ခန့် ရှိသင့်ပြီး အရွက် အခြောက်အလေး ချိန် တစ်စတုရန်းမီတာ - ၁၇၅-ဂရမ် (175 g m-2) နှင့် အပင်စုစုပေါင်းအလေးချိန် တစ်စတုရန်း မီတာ -၅၀၀-ဂရမ် (500 g m-2) နှုန်းရှိသင့်ပါသည်။

အမေရိကန်နိုင်ငံတွင် မြေပဲစိုက်ပြီး ၅၅ ရက်အကြာ အရွက်ဧရိယာညွန်းကိန်း ၃ တွင် အလင်းရောင် ၉၅ ရာခိုင်နှုန်း (95% Light Interception – Full Canopy) ပိတ်ဆို့လိုက်ရာ အရွက်ဧရိယာညွန်းကိန်း ၇ အထိ ဖြစ်သွားပေမဲ့ ဇီဝကမ္မသဘောအရ  နောက်ပိုင်း အရွက်ဧရိယာ ကြီးထွားမှုသည် အထွက်တိုးရန် အကျိုးမရှိတော့ပါ။ 

မြေပဲပင်၏ အပင်ပိုင်းနှင့်မျိုးပွားပိုင်းတို့မှာ ကြီးထွားမှုရပ်တန့်မသွားဘဲ ဆက်တိုက်ဖြစ်ပါသည် (Indeterminate in Vegetative and Reproductive Development)။ ဆိုလိုသည်မှာ ပန်းပွင့် (Flower) မှ အတောင့် (Pod) ဖြစ်ရန် စွယ် (Peg) ချနေစဉ်တောင်မှ အပင်အရွက်အဖူးများ ထွက်နေဆဲ ဖြစ်ပါသည်။ အပင်ကြီးထွားမှုနှုန်း (CGR – Crop Growth Rate) အနေဖြင့် သုတေသနပြုချက်များအရ ပင်ထောင်မြေပဲတွင် တစ်နေ့လျှင် တစ်မီတာပတ်လည် ၈-၉ ဂရမ်နှုန်း (8-9 g m-2 d-1) နှင့် ပင်ပြန့် ၂၆-ဂရမ်နှုန်း (26 g m-2 d-1 ) အထိကြီးထွားနိုင်ပါသည်။ သီးနှံမျိုးများ၏ အမြင့်ဆုံးကြီးထွားနှုန်းမှာ ၇၇ဂရမ် (77 g m-2 d-1) အထိ ကြီးထွားနိုင်ပါသည်။ 

  • မြေပဲပန်းပွင့်ခြင်း (Flowering) မြေပဲပန်းပွင့်မှုသည် အပင်မြေပေါ်ထွက်ပြီး ၂၁ ရက် နောက်ပိုင်း စတင်ဖြစ်ပေါ်လာပြီးဖြစ်ပါသည်။ မြေပဲပန်းပွင့်သည် အဝါရောင်ဖြစ်ပြီး ပင်ထီးဝတ်မှုန်ကူး (Self-pollinated Crops) ခြင်းဖြစ်ပေါ်ပါသည်။ သဘာဝအရပန်းပွင့်စုစုပေါင်း၏ ၁၅-၂၀ ရာခိုင်နှုန်း အတောင့်ဖြစ်ပေါ်သည်။ မြေပဲဇီဝကမ္မဗေဒပညာရှင်များ (Groundnut Physiologists)သည် ပန်းပွင့်များ၏ ၂၅-၃၀ ရာခိုင်နှုန်းအထိ အတောင့်ဖြစ်အောင် ပြုလုပ်နိုင်လျှင် မြေပဲအထွက်အတော်တိုးတက်လာပါမည်။
  • စွယ်ချခြင်း (Pegging) မြေပဲပန်းပွင့်များ မျိုးစေ့တည်ရာအိမ်တွင် သန္ဓေအောင်ပြီး (After Ovary is fertilized) ပါက ၄-၅ ရက်အကြတွင် စတင်ရှည်ထွက်လာပြီး စွယ် (Peg) ဟုခေါ်ကာ မြေကြီးအတွင်းသို့ ထိုးဝင်သွားပါသည်။ ၈-၁၂ ရက်ခန့်ကြာတတ်ပါသည်။ စွယ်၏ ထိတ်ဖျားက မာကြောပြီး ချွန်ထက်နေသဖြင့် ၃-၄ လက်မခန့်အထိစွယ်က ထိုးဝင်သွားနိုင်ပါသည်။ မြေကြီးသည် မြေစေးမြေ (Clay Soil) ဖြစ်ပြီး မာကြောနေပါက အမြစ်များကဲ့သို့ မဟုတ်သည့်အတွက် စွယ်က မထိုးဖောက်နိုင်ပါ။ ထို့ကြောင့် မြေပဲစိုက်ပျိုးမြေများသည် သဲဆန်သောမြေတွင်စိုက်ပါက (Sandy Soil) အာဟာရဓာတ်နည်းပါးနိုင်ပါသည်။ နုန်းဆန်သောမြေ (Silty or Loamy Soil)၊ ကိုင်း၊ ကျွန်းမြေများသည် မြေပဲအတွက် အသင့်တော်ဆုံးမြေများ ဖြစ်ပါသည်။ ကျွန်တော်ဇာတိမြို့ ဆင်ပေါင်ဝဲရှိ ဦးလေး၊ အဒေါ်ဝမ်းကွဲများနေရာ ဧရာဝတီ မြစ်လည်ရှိကျွန်းရွာတွင် မိုးတွင်းဘက် ဧရာဝတီမြစ်ရေကြီးလျှင် နုန်းများတင်ပြီး ဘာမြေဩဇာမှ ထပ်ထည့်စရာမလိုဘဲ မြေပဲများအထွက်ကောင်းသည်။ ရေမကြီးသည့်နှစ်များတွင်တော့ အာဟာရဓာတ် သိပ်မရပါ။
  • အတောင့်ကြီးထွားမှု (Pod Development) ဤအဆင့်မှာ စွယ်ထိုးသည်မှ အတောင့်အခွံ (Shell) အကြီးဆုံး အရွယ်အစားထိ ရောက်ရှိသွားခြင်းဖြစ်သည်။ ဤအဆင့်သည် ၂၁-၂၈ ရက် ကြာသည်။
  • အစေ့၊ အဆံတည်မှု (Pod Fill) စိုက်ပြီး ရက် ၆၀ ခန့်တွင် အတောင့်အခွံ (Pods/Shells) စတင်ဖြစ်ပေါ်ပြီး မျိုးစေ့ (Kernels/Seeds) စတင်ဖြစ်ပေါ်လာပါတော့သည်။ စွယ်မှ အတောင့်ဖြစ်လာလျှင် အတောင့်ရှိ အမွေးနု (Fine Hairs) ကလေးများသည် အထူးသဖြင့် ကယ်ဆီယမ် ( Calcium) နှင့် ဘိုရွန် (Boron) ဓာတ်ကို မြေကြီးအတွင်းမှ တိုက်ရိုက်စုတ်ယူပါသည်။
  • ရင့်မှည့်မှု (Maturity) မြေပဲအတောင့်ခွံအတွင်းသား (Shell) အရောင် အဖြူရောင်မှ အဝါ၊ လိမ္မော်၊ အညို နောက်ဆုံး အနက်ရောင်ပြောင်းလာလျှင် ရင့်မှည့်ပါပြီ၊ 
  • မြေပဲစေ့ (မြေပဲဆန်) တွင် ၄၂-၅၆ ရာခိုင်နှုန်းဆီပါဝင်မှုရှိပြီး ထိုအထဲမှ ၃၆-၇၂ ရာခိုင်နှုန်းက အိုလီရစ်အက်ဆစ် (Oleic Acid)၊ ၁၃-၄၈ ရာခိုင်နှုန်းက လင်နိုလီရစ် အက်ဆစ် (Linoleic Acid)၊ ၆-၂၀ ရာခိုင်နှုန်းက ပါလမီတစ်အက်ဆစ် (Palmitic Acid) တို့ဖြစ်ပါသည်။
  • အစေ့ငုတ်ချိန် (Seed Dormancy) မြေပဲမျိုးစေ့ အချို့သည် အစေ့ငုတ်ချိန်ရှိသဖြင့် မြေပဲဆွတ်ပြီးပြီးခြင်း (After Harvest) ချက်ခြင်းစိုက်ပျိုးရန် အခက်အခဲရှိနိုင်ပါသည်၊ အစေ့ငုတ်ချိန်မရှိသော မျိုးများဆိုလျှင်လည်း မရိတ်သိမ်းခင် မိုးရွာပြီး အစိုဓာတ်ရှိနေပါက အတောင့်မှ အညောက်ပေါက်သော ပြဿနာများရှိနိုင်ပါသည်၊

မြေပဲအတွက်ရာသီဥတု (Climate for Groundnut)

မြေပဲပင်သည် နေ့တာတိုရှည်မှုအပေါ် မတုံ့ပြန်သောအပင် (Day-neutral Plant) ဖြစ်သဖြင့် နွေမိုးဆောင်းစိုက်ပျိုးချိန်ကို မထိခိုက်ပါ။ ပင်ထောင်မျိုးများ (Erect Varieties)ကို မိုး၊ ဆောင်း ၂ ရာသီစိုက်ပျိုးနိုင်ပြီး၊ ပင်ပြန့်မျိုးများ (Spreading Varieites) ကို မိုးတွင်းတွင် စိုက်ပျိုးလေ့ရှိပါသည်။ မိုးတွင်းတိမ်ထူထပ်မှုကြောင့် အလင်းရောင်ရရှိမှုနည်းချိန်တွင် (Low Light Intensity) ပန်းပွင့်အရေအတွက်နည်းသွားနိုင်ပြီး  အထွက်လျော့နိုင်ပါသည်။ ပင်ပြန့်မျိုးတွေသည် မိုးခေါင်ဒဏ်ခံနိုင်မှုကို ပိုခံနိုင်ရည်ရှိပြီး နှမ်းထက်စာလျှင် ရေဝပ်မှုဒဏ် ပိုခံနိုင်ပါသည်။ တစ်ပတ်လောက်အထိ ရေဝပ်ပြီး၊ ရေထုတ်ပေးနိုင်ပါက အထွက်မလျော့နိုင်ပါ။ မိုးများပါက အပင်ဟုန် (အပင်ပိုင်းကြီးထွားမှုအားကောင်း) ပြီး အထွက်လျော့သွားနိုင်ပါသည်။ ရိတ်သိမ်းခြင်းဆိုင်ရာ ညွှန်းကိန်း (HI; Harvest Index) နှင့် တိုင်းထွာနိုင်ပါ သည်။ 

မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးများမှာ (ဒေါက်တာခင်မျိုးဝင်း၊ ဌာနစုတာဝန်ခံ၊ ဆီထွက်သီးနှံဌာန၊ ဗဟိုလ်စိုက်ပျိုးရေး သုတေသနဌာန၊ ရေဆင်းမှ ကျေးဇူးပြုပါသည်)။

သုတေသနဌာနများမှ နောက်ဆုံးထုတ် ပင်ထောင်မြေပဲမျိုးများ 

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Hughes, M. (2008) Growing Peanuts in Papua New Guinea. ACIAR Monograph. No 134. 77p.

Mandal, B.C. (2008) Manual on Major Oilseed Crops of Myanmar. FAO 78p.

Weiss, E.A. (2000) Oilseed Crops. 2nd Ed. Blackwell Science. 364p. 

Wijnands, H.M., Biersteker, J., Hagerdoorn, L.F. and Louisse, J. (2014) Business Opportunities and Food Safety of the Myanmar Edible Oil Sector. LEI Wageningen UR, The Netherlands. 96p.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်