ဝက်ငယ်လေးများကို သင်းကွပ်ခြင်းနှင့် ကာကွယ်ဆေးထိုးသင့်သည့်အချိန်များ

23/06/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အသားတိုးဝက်များမွေးမြူရာတွင်

(၁) အသားတိုးဝက်အဖြစ်မွေးမည့် ဝက်ထီးငယ်များအား အထီးမျိုးပွားအင်္ဂါ မဖွံဖြိုးခင် သင်းကွပ်လျှင် ပိုကောင်းပါသည်။

(၂) သင်းကွပ်ရန်အကောင်းဆုံးအချိန်သည် အသက် (၄) ပတ်သားတွင်ဖြစ်သည်။ သင်းမကွပ်မီ  ဝက်လှောင်အိမ်နှင့် ဝက်ငယ်များအတွက် နေရာကိုသေချာစွာ သန့်ရှင်းထားရန် လိုအပ် သည်။ 

(၃) ဝက်ငယ်များကို အသက်(၄) ပတ်သားအရွယ်တွင် ကာကွယ်ဆေးထိုးပေးသင့်သည်။ ပထမဆုံး ကာကွယ်ဆေးကို သင်းကွပ်ပြီး (၃) ရက်မှ (၄) ရက်တွင်ထိုးပေးရမည်။ ၂ပတ်ကြာပြီးနောက် ဒုတိယအကြိမ် ထိုးပေးရမည်။ နေရာဒေသကိုလိုက်၍ ပြောင်းလဲနိုင်သဖြင့် မွေးမြူရေးဒေသရှိ ရောဂါအခြေအနေ ကို သိရှိထားရမည်။

(၄) ကာကွယ်ဆေး (၂) ကြိမ်ထိုးထားသည့် အကြား အသက် ၅ပတ်သားအရွယ်တွင် သံချပေးရမည်။ သံလုံး ကောင်များ ( Strongyeids) ကိုသတိထားရမည်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


East West Seed Myanmar ကြော်ငြာ

မုတ်သုန်လေနဲ့အတူ ဝင်ရောက်လာတဲ့ မိုးဦးချိန်ခါ သမယမှာ တောင်သူဦးကြီးတို့ အနေနဲ့ ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါပြီ..ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်ကြသလို.. တဖက်ကလဲ ဘာစိုက်ရမလဲ..ဘယ်မျိုးရွေးရမလဲဆိုတာ လေ့လာ..စဉ်းစား..ရွေးချယ်ကြရမှာဖြစ်ပါတယ်...တောင်သူ့အကျိုးစီးပွားကို အစဉ်ဂရုပြုအလေးထားတဲ့ East-West Seed (မြားနီမျိုးစေ့)မှ ထုတ်လုပ်ဖြန့်ချိပေးနေတဲ့ အရည်အသွေးမြင့်မျိုးကောင်းလေးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ...တောင်သူဦးကြီးများအပါအဝင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာ ကင်းကွာ၍ စိုက်ပျိုးသောသီးနှံများဖြစ်ထွန်းအောင်မြင်ပြီး စျေးကောင်းရကြပါစေ
Read more East West Seed Myanmar Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်