သီပေါမြို့အနီးတဝိုက်၌ စိုက်ပျိုးထုတ်လုပ်သည့် နာနတ်သီးများကို နာနတ်သီးခြောက်ပြုလုပ်ရန် ဝယ်ယူနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီးတဝိုက်၌ စိုက်ပျိုးထုတ်လုပ်သည့် နာနတ်သီးများကို နာနတ်သီးခြောက်ပြုလုပ်ရန် ဝယ်ယူနေကြောင်း ဒေသခံများထံမှသိရသည်။
သီပေါမြို့အနီး နမ့်ယမ်းရွာ၌ နာနတ်ဧက (၂၀၀) စိုက်ပျိုးထားသည့် တောင်သူတစ်ဦးက
နာနတ်သီးက တစ်နှစ်ပတ်လည်လုံး စိုက်လို့ရပါတယ်။ ကျွန်တော်တို့ ဒေသကတော့ မတ်လ၊ ဧပြီလ၊ မေလတွေမှာ အဓိက စိုက်ပျိုးလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ နာနတ်သီးပမာဏအများဆုံး ထွက်ရှိနေတာကတော့ ကျွန်တော်တို့ ရှမ်း/မြောက် သီပေါကပါ။ ကျွန်တော်တို့ဒေသမှာတော့ ရေပေးပြီးစိုက်ပျိုးတာ ရှားတယ်။ မိုးရေကိုပဲ အားထားပြီး စိုက်ပျိုးပါတယ်။ နာနတ်ပင်ပိုးကျတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဆိုတာဖျန်းလည်း မဖျန်းပါဘူး။ သဘာဝအတိုင်းပဲ စိုက်ကြတယ်။ ကျွန်တော့်ခြံထွက် နာနတ်သီးတွေကိုဝယ်ယူနေတဲ့ သီရိလင်္ကာနိုင်ငံက ကုမ္ပဏီတစ်ခုကလည်း ရန်ကုန်ရွှေလင်ဗန်းစက်မှုဇုန်မှာ နာနတ်သီးခြောက်တွေ ထုတ်လုပ်ပြီးတော့ EU ဂျာမနီနိုင်ငံကို လက်ရှိတင်ပို့ရောင်းချနေပါတယ်။
ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှ နာနတ်ပင်စီးပွားဖြစ်စိုက်ပျိုးသူ ဦးစံလင်းက ဆိုသည်။
နာနတ်သီး(အစို) Export တင်ပို့ခွင့်မှာ တရားဝင်မရရှိသေးဘဲ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်၊ သီရိမင်္ဂလာဈေးဈေးကွက်နှင့် မော်လမြိုင်၊ နေပြည်တော်၊ မုံရွာ၊ မန္တလေး များသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။
နာနတ်ပင်ကို တခြားနိုင်ငံတွေမှာတော့ ပင်တန်းစိတ်စနစ်နဲ့ စိုက်ကြတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ပင်တန်းကြဲစနစ်နဲ့ စိုက်ပါတယ်။ နာနတ်ကတော့ အင်မတန်ဖြစ်လွယ်တဲ့အပင်ဖြစ်တာကြောင့် ဘယ်လိုထားထားပေါက်ပါတယ်။ ကျွန်တော်တို့ကတော့ ပင်ကြားကို (၉)လက်မ၊ တန်းကြားကိုတော့ (၃)ပေ/(၄)ပေ ခြားစိုက်ပါတယ်။ မျိုးတက်ကိုစိုက်လို့ရှိရင် (၁၀) လမှာ အသီးသီးတယ်။ မျိုးပွားကိုစိုက်လို့ရှိရင် လ (၂၀) မှာ အသီးသီးတယ်။ တောင်သူတော်တော်များများကတော့ မျိုးတက်နဲ့ စိုက်ကြတယ်။ အသီးကင်းစထိုးတဲ့အချိန်ကနေ ရက်ပေါင်း (၁၂၀) ကြားမှာ Export ဈေးကွက်ကို ပို့လို့ရတယ်။ Processing လုပ်ဖို့အတွက်ဆိုရင်တော့ ရက်(၁၂၀)နဲ့ ရက်(၁၅၀)ကြားမှာ ခူးလို့ရပါတယ်။
ဟု ဦးစံလင်းက ဆက်လက်ပြောသည်။
နာနတ်သီးစိုက်ပျိုးသည့် စနစ်များစွာရှိသည့်အနက် မျက်ကြောမှမျိုးယူစိုက်ပျိုးခြင်း၊ နာနတ်မျိုးပင် တစ်ပင်လျှင် (၄)စိတ် ခွဲစိုက်ပျိုးခြင်း၊ တစ်သျှူးမျိုးပွားစနစ်ဖြင့် စိုက်ပျိုးခြင်း စသည့်နည်းလမ်းများကို အသုံးပြုစိုက်ပျိုးနိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 1 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
Aung Nay Linn • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022