အပင်တွေနဲ့ မိုက်ခရိုဒြပ်စင်

11/03/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သေးသေးလေးဆိုပေမဲ့ အရေးပါလွန်းတယ်

လူတွေကလည်း တိုးလာတယ်။ တိုးလာတဲ့ လူတွေအတွက် စားနပ်ရိက္ခာတွေ ဖြည့်တင်းပေးဖို့ဆို သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွေဆိုတာကလည်း လိုက်ပြီးတော့ တိုးတက်ဖို့ လိုအပ်လာပြန်တယ်။  လုံလောက်ရုံနဲ့တင်မကပဲ ဟိုကြော်ငြာထဲကလိုမျိုး ပိုသီး ပိုကြီး ပိုကိတ်ဖို့က လိုလာပြန်တယ်။ 

အပင်တွေမှာ ရေ၊ လေ၊ အလင်းရောင်၊ အပူချိန်၊ နဲ့ အာဟာရဓာတ် (၁၆)မျိုးတောင် လိုအပ်တာပါ။ သူ့အသီးစားချင်ရင် သူလိုတာတော့ အရင်ဖြည့်ပေးရမှာပေါ့နော်။

အာဟာရ (၁၆)မျိုးတောင်

ဟုတ်ပါတယ်၊ နောက်ပိုင်း (၁)မျိုးထပ်ထည့်ရင် (၁၇)မျိုးတောင်လိုအပ်တာပါ။ အားရှိစရာတစ်ခုကတော့ လေထဲ ရေထဲကနေ  အပင်တွေက ကာဘွန်၊ ဟိုက်ဒရိုဂျင် နဲ့ အောက်စီဂျင်ကို စုပ်ယူနိုင်ကြပါတယ်။ လိုတဲ့ နောက် (၁၄)မျိုးကတော့ ကိုယ်စိုက်ပျိုးတဲ့ မြေကြီးထဲက၊ ရေနဲ့စိုက်တယ်ဆိုလည်း ရေထဲက နေ ပြန်ပြီးတော့ ရယူတာပါ။

အဲ့ကျန်တဲ့ (၁၄)မျိုးကိုမှ ပြန်ပြီးတော့ ခွဲခြားကြတဲ့အခါ အုပ်စု (၂) စုခွဲပါတယ်။ အများလို အာဟာရနဲ့ အနည်းလို အာဟာရ ဆိုပြီးတော့ပါ။ အများလိုထဲမှာမှ အုပ်စုသေး (၂)မျိုး ပြန်ခွဲပါတယ်။ အဓိက အုပ်စုနဲ့ ဒုတိယ အုပ်စု ဆိုပြီးတော့ပါ။ 

အဓိကအုပ်စုထဲမှာ နိုက်ထရိုဂျင်၊ ပိုတက်စီယမ် နဲ့ ဖော့စဖောရပ်စ် တို့ပါဝင်ပါတယ်။ 

ဒုတိယ အုပ်စုမှာတော့  ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်ရယ်၊ ဆာလဖာ တို့ ပါဝင်ပါတယ်။ အဲ့လို အုပ်စုတွေခွဲထားတယ်။ မြေပြင်တဲ့အချိန်မှာ ကျောက်မှုန့်ထည့်ပေးရင် ကယ်လ်စီယမ်နဲ့ ဆာလဖာ တို့ရပါတယ်။ အဓိက အုပ်စုတွေဆို ဈေးကွက်ထဲမှာ ပုလဲ (နိုက်ထရိုဂျင်) နဲ့ ကွန်ပေါင်း (N:P:K) တို့ကို ထည့်ပေးရင် ရနိုင်ပါတယ်။

အနည်းလိုအာဟာရတွေ

အိုင်းယွန်း(Fe)၊ မဂ္ဂနိစ့် (Mn)၊ ကလိုရင်း (Cl)၊ ဆိုဒီယမ် (Na)၊ နီကယ် (Ni)၊ စီလီကွန် (Si)၊ ကိုဘော့ (Co)၊ ဆလယ်နီယမ် (Se) တို့ကျတော့ နည်းနည်းလေးပဲ လိုအပ်တဲ့ အနည်းလို အာဟာရတွေဖြစ်ပါတယ်။ ဇာတ်လိုက်ကျော်ကြီးတွေ လာပါပြီ။

ဘာလို့အရေးကြီးတာလဲ

၁၉၃၉ က ပညာရှင် (၂)ယောက်ဖြစ်တဲ့ Arnon နဲ့ Slout တို့က ဘယ်လိုရှာဖွေတွေ့ရှိထားလဲဆိုတော့ 

(၁) အပင်တစ်ပင်မှာ အာဟာရဓာတ် အားလုံးပြည့်စုံနေမှသာ ဘဝစက်ဝန်းကလည်း ပြည့်စုံမှာဖြစ်ပါတယ်။

(၂) အာဟာရတစ်မျိုးကို နောက်တစ်မျိုးနဲ့ ပြန်ပြီး အစားထိုးလို့ မရပါဘူး။

(၃) အာဟာရတစ်မျိုးချင်းစီက အပင်တွေရဲ့ ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်နေပါတယ်။

အဲ့ (၃)ချက်နဲ့တင် တောင်သူဦးကြီးတွေ ကျွေးနေတဲ့ အာဟာရတွေဟာ အားလုံးအရေးပါနေတယ်ဆိုတာကို သိသာနေပါပြီ။ အောက်မှာ ထပ်ကြည့်လိုက်ပါဦး။

လိုအပ်တဲ့ ပမာဏတွေကိုရေးထားတာကတော့ ppm နဲ့ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပုံ တစ်မီလီယမ်မှ ၁၀၀ ပုံ လိုတာမျိုး၊ အပုံ (၂၀) လိုတာမျိုး ဖြစ်ပါတယ်။ 

ကဲ အဲ့လောက်ဆိုရင် အနည်းလို အာဟာရတွေကလည်း အရေးကြီးတယ် ဆိုတာကိုသိနိုင်မှာဖြစ်ပြီးတော့ သုံးရင်း အကျိုးထူးကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ 

ထွန်းဝင်းကျော်

References

Eyal Ronan “Micro-elements in Agriculture”

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်