ကိုယ့် စပါးတွေ ပုတ်တွေ ကျည်တွေ ဂိုဒေါင်ထဲကို ဆန်ထွက်ရာခိုင်နှုန်းအများဆုံးရောက်ဖို့ တို့တောင်သူတွေလိုလားတာပါပဲ။ ဒီလိုဆန်ထွက်ရာခိုင်နှုန်းများအောင် ဘယ်လိုရိတ်သိမ်းအခြောက်ခံမလဲ အရည်အသွေးစစ်ဆေးတာတွေနဲ့ ဆန်စက်ရောက်လို့ကြိတ်ခွဲတဲ့အခါမှာလည်း ဆန်ကွဲ၊ ဖွဲထွက်နှုန်းနည်းဖို့ ဆန်ဝါတွေမပေါက်ဖို့ အရည်အသွေးကောင်းဖို့ စတဲ့နည်းပညာများကို ဒီရုပ်သံမှာ ရိတ်သိမ်းချိန်လွန်နည်းပညာဆရာမရဲ့ ဆွေးနွေးပြောပြချက်များကို နားထောင်နိုင်မှာဖြစ်ပါတယ်။
ဗီဒီယိုကြာချိန် ၂၄ မိနစ်နှင့် ၃၉ စက္ကန့်
ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်..
ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။
ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း..
သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။
ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်…
‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။
Aqua Booster ဆိုတာ…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။
ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။
ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ…
ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။)
ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more
Facebook စာမျက်နှာသို့သွားရန်