ခေတ်မီစိုက်ပျိုးမွေးမြူရေးအတွက်လိုအပ်သော လုပ်ငန်းကိရိယာများ

31/07/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (83)  Precision Agriculture (or) Digital Agriculture (Part – 2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၃) ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းပညာ (အပိုင်း - ၂)

 Tools for Implementation of precision Agriculture

(၁) ကမ္ဘာ့နေရာပြစနစ် - ဂျီပီအက်စ် (GPS – Global Positioning System)

ဂျီပီအက်စ်သည် ကမ္ဘာကြီးပေါ်တွင် လွှတ်တင်ထားသော ဂြိုလ်တု ၂၄ ခုမှ ကမ္ဘာမြေကြီးနေရာကို ခန့်မှန်းပေးနေပြီး တောင်သူဦးကြီးများ၏ မြေကွက်တည်နေရာ၊ အရွယ်အစားကို ခန့်မှန်းပေးနေပါသည်။

ပုံ - ၁ ဂြိုလ်တုမှ မြေကွက်များကို ခန့်မှန်းနေပုံ

ဤစနစ်သည်  မြေပြင်အခြေအနေနှင့် မီတာ ၂၀ (ပေ ၆၀) ခန့်သာ ကွာဝေးစေနိုင်ပါသည်။ ဂြိုလ်တုမှကြည့်ရှုခန့်မှန်း၍ အခြားနည်းများ - ပထဝီဆိုင်ရာ သတင်းအချက်အလက်စနစ် - ဂျီအိုင်အက်စ် (Geographic Information System - GIS)၊ အဝေးမှအာရုံခံ ခန့်မှန်းနည်း (Remote Sensing - RS)တို့နှင့် ပူးပေါင်းကာ သီးနှံအထွက်နှုန်း ဧရိယာအလိုက် မြေပုံဆွဲပေးခြင်း (Yeild Mapping)၊ သီးနှံပိုးမွှားရောဂါများကျရောက်မှုအား ကင်းထောက်ပေးခြင်း (Crop Pest Scouting) စသည်တို့ကို မိမိနေအိမ်မှနေ၍ ဆောင်ရွက်နိုင်ပါပြီ။ 

(၂) ပထဝီဆိုင်ရာ သတင်းအချက်အလက်စနစ် - ဂျီအိုင်အက်စ် (Geographic Information System - GIS) 

ပုံ - ၂ ပထဝီအချက်အလက်ကို အသုံးပြု၍ စိုက်ပျိုးရေးတွင် အသုံးချပုံ

ဤစနစ်သည် ကွန်ပျူတာကိုအသုံးပြု၍ ညွှန်ကြားချက်စနစ်များ (A Software Application) ဖြင့် ပြုပြင်ထားပြီး အချက်အလက်များ (Data) ကို စုပေါင်းကောက်ကာ သိမ်းဆည်း၍ (Computerized Data Storage) ပြန်လည်အသုံးပြုကာ (Data Retrieval)၊ တစ်ချို့အချက်အလက်များ ပြောင်းလဲပေးခြင်းဖြင့် (Data Transformation)၊ တွက်ချက်စိစစ် (Data Analysis) ကာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု (Crop Production and Agronomic Factors) များတွင် အသုံးချပါသည်။ ရိုးရိုးမြေပုံ (Ordinary Map) များမှ ကွန်ပျူတာစနစ်သုံးမြေပုံများသို့ (Data Digitized from Maps) ပြောင်းလဲခြင်း၊ အဝေးမှရိုက်သော ဓာတ်ပုံများ (Remote Sensing Photographes) ကိုပါ စုပေါင်း အသုံးပြုခြင်းဖြင့် မြေအနိမ့်အမြင့် ခန့်မှန်းတိုင်းထွာခြင်း (Topographic Surveys)၊ မြေပြင်အရောင် (Soil or Land Colour) ကို ကြည့်ရှု၍ လက်တွေ့ကွင်းဆင်း မှတ်တမ်းယူမှုများနှင့် တိုက်ဆိုင်စစ်ဆေးပြီး ကွင်းနေရာအလိုက် မြေဩဇာလိုအပ်မှု (Fertilizer Needs)၊ ရောဂါပိုးမွားကျရောက်မှု (Pest Incidence/Pest damage)၊ သီးနှံရင့်မှည့်မှု (Crop Maturity) အစရှိသည်တို့ကို မိမိအိမ်၊ ရုံးခန်း၊ နေရာများမှ တွက်ချက်အဖြေရှာ ဖော်ထုတ်ပေးခြင်းဖြင့် ကုန်ကျစရိတ်သက်သာ (Less Costs)သဖြင့် တွင်ကျယ်စွာ အဖြေရှာနိုင်၍ အထွက်နှုန်း (Greter Yields) လည်း ပိုမိုထွက်ရှိသွားနိုင်ပါသည်။ တွက်ချက်ရာတွင် အခြားသက်ဆိုင်ရာ အချက်အလက်များ (Other Factors) ဥပမာ မြေကြီးအတွင်းရှိ အဟာရဓာတ် အခြေအနေအဆင့် (Soil Nutrient Level)၊ မြေကြီး အစိုဓာတ် (Soil Moisture)၊ မြေချဉ်ငံဓာတ် (Soil pH)၊ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ - သုံးစွဲသောမျိုး (Cultivars Used)၊ သီးလှည့်စိုက်ပျိုးမှုရှိမရှိ (Crop Rotation)၊ ထယ်ရေး၊ ထွန်ရေးအခြေအနေ (Tillage)၊ ယခင်ကအထွက်နှုန်းမှတ်တမ်းများ (Previous Yields Record of the Particular Land) စသည်တို့များစွာကိုတော့ ကောက်ယူတွက်ချက်ရပါဦးမည်။

(၃) အဝေးမှအာရုံခံခြင်းနည်းစနစ်ပညာ (Remote Sensing Technology)

ပုံ ၃ - အစိမ်းရောင်၊ အဝါရောင်စသည်ဖြင့် အရောင်အမျိုးအစားကိုကြည့်၍ စိုက်ပျိုးရေးတွင် အသုံးချခြင်း

ဤနည်းပညာသည် ဂြိုလ်တုမှတစ်ဆင့်လည်းကောင်း၊ လေယာဉ်ပျံနိမ့်နိမ့်ပျံ၍လည်းကောင်း အရောင်များစွာကိုကြည့်ကာ အာရုံခံခြင်းနည်းစနစ်ဖြင့်လည်းကောင်း ( Based on Different Rays/Visual Light Colour)၊ ဓာတ်ပုံရိုက်၍လည်းကောင်း (Based on Photography) သီးနှံပင်အာဟာရဓာတ် ပြည့်စုံလုံလောက်မှုရှိ/မရှိ ဥပမာ - သီးနှံပင် အရောင်စိမ်းနေသလား၊ နိုက်ထရိုဂျင်ချို့တဲ့၍ ဝါနေသလား (Nitrogen Deficiency System)၊ သီးနှံရင့်မှည့်ချိန်တွင် အရောင်ပြောင်းသွား၍ ရိတ်သိမ်းချိန် ရောက်ပြီလား စသည်ဖြင့် တွက်ချက်ခန့်မှန်းသော နည်းပညာဖြစ်ပါသည်။ 

(၄) အနီးကပ်ဆုံး အာရုံခံ၍ခန့်မှန်းခြင်း (Proximal Sensing)

ပုံ - ၄  ကလိုရိုဖီးလ်မီတာ ကိရိယာဖြင့် အပင်အစာချက်နှုန်းကို ခန့်မှန်းတွက်ချက်ခြင်း

ဤစနစ်တွင် ကွင်းထဲရှိ မြေကြီးနှင့် သီးနှံအာရုံခံ ကိရိယာ ( Soil and Crop Sensors) များကို အသုံးပြု၍လည်းကောင်း၊ ကလိုရိုဖီးလ်မီတာ (Chlorophyll Meter) ကိုသုံး၍လည်းကောင်း၊ သီးနှံပင်၏ အသင့်တော်ဆုံး၊ အကောင်းဆုံး နိုက်ထရိုဂျင်ဓာတ် ပါဝင်မှုနှုန်း (Optimum Nitrogen Content)၊ အနည်းဆုံး (Minimum Content)၊ အများဆုံးပါဝင်မှုနှုန်း (Maximum Content)၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ရရှိမှု (Canbon Dioxide Content) စသည်တို့ကို မြေပြင်နမူနာပင် (Sample Plants) ကောက်ယူ၍ တွက်ချက်ကာ နိုက်ထရိုဂျင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ပါသည်။

(၅) ကွင်းပြင်တစ်ခုတည်း နှုန်းထားအမျိုးမျိုးသုံးနည်းပညာ (Variable-Rate Technology - VRT)

ပုံ - ၅ ထွန်စက်နှင့်ရေဒါ တွဲဖက်၍ မြေဩဇာ၊ ရေ ထည့်သွင်းအသုံးပြုနည်း

ဂျီပီအက် (GPS) ကိရိယာကို ထွန်စက် (Tractor) ရှေ့တွင်တပ်ထားခြင်းသည် ကွင်းပြင်တစ်နေရာနှင့်တစ်နေရာ မြေအနိမ့်အမြင့်၊ ရေ၊ အစိုဓာတ်အခြေအနေ၊ မြေဆီ အာဟာရဓာတ်အခြေအနေ၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်ဓာတ်၊ ပိုတက်ဆီယမ် အနည်းလို အာဟာရဓာတ်စသည်ဖြင့် မြေပြင်အလိုက် တစ်နေရာနှင့် တစ်နေရာ မတူသည်ကို မှတ်တမ်းတင်ခန့်မှန်းတွက်ချက်ပြီး မြေဆီဩဇာ၊ ရေသွင်းနည်းစနစ်များကို လိုအပ်သလောက်ပဲ ပေးသွင်းစီမံကွပ်ကဲသည့် နည်းပညာဖြစ်ပါသည်။

(၆) ခေတ်မီဆက်သွယ်မှုနည်းပညာများ (Communication Technologies)

ပုံ - ၆ အဝေးအွန်လိုင်းမှနေ၍ စိုက်ပျိုးမွေးမြူရေးနည်းပညာများပညာပေးနေခြင်း

ယခုလက်ရှိနည်းပညာများဖြစ်သော ဖက်စ် (Fax)၊ ကေဘယ်ကြိုးပါ တီဗွီ (Cable TV)၊ အင်တာနက် (Internet – World Wide Web - WWW)၊ အီးမေးလ် (Email)၊ အွန်လိုင်းသင်တန်း၊ ဆွေးနွေးပွဲ (Online Training, Discussion and Meeting) စသည့်နည်းပညာ များဖြင့် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာနည်းပညာများကို တစ်ဦးနှင့်တစ်ဦး ပို့ဆောင်ဆက်သွယ်လက်ခံပြီး နည်းပညာရေစီးကြောင်း အလိုက် အသုံးချပေးခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ရွှေရောင်လွင်ပြင်အဖွဲ့က တောင်သူဦးကြီးများကို မိမိအိမ်မှနေ၍  နည်းပညာများကို အွန်လိုင်းမှ သင်ကြားသင်ယူဆွေးနွေးနိုင်အောင် လက်ရှိပြုလုပ် ပေးနေပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် တောင်သူများစွာကျေးလက်နေပြည်သူများစွာနဲ့ အမြဲမပြတ်ထိတွေ့ဆက်သွယ်လျက်ရှိနေပါသည်။  (ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်များ (Reference Books)

Lal, R. and Stewart, B.A. (2016) Soil-Specific Farming: Precision Agriculture. CRC Press. 417p.

Srinivasan, A. (2006) Handbook of Precision Agriculture: Principles and Applications. Food Products Press. 683p.

Whelan, B. and Taylor, J. (2013) Precision Agriculture for Grain production Systems. 199p.

Zhang, Q. (2016) Precision Agriculture Technology for Crop Farming. CRC Press. 360p.

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်