အပူလွန်ကဲခြင်းကို အသီးအရွက်များဖြင့် ဖြတ်ကျော်ခြင်း
အပူချိန်က ထပ်မံမြင့်တက်ဖို့ ရှိနေတာကြောင့်မို့ ဂရုစိုက်ရမယ့် ကျန်းမာရေးကိစ္စရပ်လေးတွေ ကျွန်တော်တို့မှာ ရှိလို့လာပါတယ်။
ဒါကတော့ ပြင်းထန်သော အပူရှပ်ခြင်း (Heat Stroke) ပါ။
ရိုးရိုးသာမန် အပူရှပ်တာ (Heat exhaustion) ဆိုတာ ကတော့
- ရေဓာတ်ခမ်းခြောက်မှု - ရေငတ်၊ ရေဆာ၊ ပင်ပန်း၊ ခေါင်းကိုက်၊ သတိမေ့တာမျိုး။
- ဆားဓာတ်ခမ်းခြောက်မှု - ပျို့အန်၊ ကြွက်တက်၊ ခေါင်းမူးတာမျိုးဖြစ်ပြီး
ဒီလို အပူရှပ်တာမှာ ချွေးကတော့ ထွက်ပါတယ်။ရေများများသောက်တာ နေရောင်အောက်ကို တိုက်ရိုက်မထိတွေ့ပါဘဲ အရိပ်အောက်မှာနေတာ၊ အဝတ်အစားကို ချည်သားနဲ့ အသားရောင်လိုမျိုးဝတ်တာ၊ အပြင်သွားရင်လည်း နေရောင်ကာခရင်မ်၊ ဦးထုပ်၊ ထီး စတာတို့နဲ့ ကာကွယ်တာမျိုးလုပ်နိုင်ပါတယ်။
ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heat Stroke) ဆိုရင်တော့ အာလေးလျှာလေးဖြစ်မယ်။ မူးမယ်၊ အသိ အာရုံ ထွေပြားနေမယ်။
ချွေးမထွက်ဘူး၊ ကိုယ်ခန္ဓာအပူချိန်ကတော့ မြင့်မားပြီး ခေါင်းမူးတာမျိုးဖြစ်နိုင်ပါတယ်။ စိုးရိမ်ရလို့ ကုသမှုနောက်ကျရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဆိုတော့ ပြင်းထန်တဲ့အပူရှပ်ခြင်းဆိုတာကို ကာကွယ်နိုင်မယ့် ဟင်းသီးဟင်းရွက်တွေလို့ ဆိုလိုက်ရင် ဘာတွေပါမလဲဆိုတာကို တစ်ချက်ကြည့်ရအောင်လားခင်ဗျ..
- သခွားသီး
ရေကို ၉၅% လောက်ပါဝင်ပြီးတော့ ရေဓာတ်ကိုဖြည့်တင်းပေးနိုင်တဲ့ အသီးအနှံတစ်ခုဖြစ်ပါတယ်။ သခွားသီး တစ်ပန်းကန်မှာဆိုရင် ကယ်လိုရီကလည်း ၁၆ ပဲပါလို့ ဝိတ်ချနေသူတွေ စားဖို့ အသင့်တော်ဆုံးဖြစ်တဲ့အပြင်ကို အစာချေတဲ့ ဖိုက်ဘာစနစ်တွေကိုတိုးတက်စေပြီး အဆိပ်အတောက်တွေကိုချေဖျက်ပေးနိုင်ပါသေးတယ်
နေ့တိုင်း စားပေးရင် အစာချေစနစ်အတွက်ကောင်းလာပြီးတော့ ရေဓာတ်ပြည့်ဝနေမှာဖြစ်ပါတယ်။ အခွံမှာ ဗီတာမင်စီ နဲ့ နေရောင်ကနေ ခရမ်းလွန်ရောင်ခြည်ထိလို့ ဖြစ်တတ်တဲ့ အရေပြားကင်ဆာကိုကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့်မို့ အခွံမခွာပဲ ရေသေချာလေးဆေးဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။
- ဖရဲသီး
ဖရဲသီးချိုချိုလေးများ ကိုက်စားလိုက်ရင် အေးကနဲ ဖြစ်သွားတာမျိုးကို ကြိုက်လို့ ဝယ်စားဖြစ်နေကြတဲ့ ဖရဲသီးကတော့ လန်းဆန်းစေပြီးတော့ သူနဲ့နေရင် ပြင်းထန်တဲ့အပူရှပ်ခြင်းကိုဖြစ်စေမှာမဟုတ်ပါဘူး။ သူကချွေးထွက်ဖို့ကို လှုံဆော်ပေးတာကြောင့်မို့ပါ။ ခန္ဓာကိုယ်ဖြစ်စဉ်ကို မှန်ကန်စေပါတယ်။

- သလဲသီး
သလဲသီးကလည်း ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတာရယ်။ ရေဓာတ်လည်း ပြည့်ပြည့်ဝဝ ပါနေတာရယ်နဲ့ဆိုတော့ စားပေးနေရင် ပြင်းထန်တဲ့ အပူရှပ်ခြင်းကို ကာကွယ်ပြီးသားဖြစ်မှာပါ။
- ပင်စိမ်းရွက် (ထိုင်း)
မျိုးကတော့ တူတူပါပဲ။ ဒါပေမဲ့ ထိုင်းမျိုးနဲ့ မြန်မာမျိုးနဲ့က နည်းနည်းတော့ ကွာခြားပါတယ်။ ထိုင်းမျိုးက ရွက်ပြောင်လိုမျိုးနဲ့ အနံ့နည်းနည်းလေးပျော့ပါတယ်။ မြန်မာပင်စိမ်းက အရွက်သေးသေး အနံ့စူးစူးလေးပါပဲ။ ပင်စိမ်းတွေကလည်း ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ နေပူထဲမှာ (၂)နာရီလောက် ပြေးလာရလို့ ပင်စိမ်းစေ့လေး လက်တစ်ဆုပ်လောက် ဝါးလိုက်ရင် အပူချိန်ကိုညှိပြီးသားဖြစ်သွားပါတယ်။ အပူချိန်ကို ကျစေပါတယ်။ ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ် အပူချိန်ကိုလည်း ထိန်းညှိပြီးဖြစ်မှာပါ။
- ပူစီနံ
တစ်ချို့ကတော့ အနံ့ကို မကြိုက်ကြတာ တစ်ချို့ကျတော့လည်း အနံ့ကြိုက်လို့ကို စားကြတာဆိုတဲ့ ပူစီနံလက်ဖက်ရည်ကို တစ်ခွက်လောက် သောက်လိုက်ရင် အပူချိန်ကို ထိန်းပေးနိုင်မှာပါ။ မန်သော်ပါဝင်လို့လည်း လန်းဆန်းစေပါသေးတယ်။
- နံနံ
သခွားလိုပဲ နံနံကလည်း ရေအများကြီးပါဝင်တဲ့ အပင်ဖြစ်ပါတယ်။ ၉၆ ရာခိုင်နှုန်းက ရေဖြစ်ပြိးတော့ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖောရပ်၊ သံ၊ ဇင့် တို့လည်း ပါဝင်သေးတာဆိုတော့ ၂ ပင် ၃ ပင်လောက်စားရုံနဲ့ ရမှာပါ။
- ဗိုလ်စားပဲ၊ ရွှေပဲသီး
သူ့ကို ဘိုလိုဆိုရင် Snow Peas လို့ခေါ်ပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ ချိုချိုအေးအေးလေး ဖြစ်ပြီးတော့ ဗီတာမင် စီ လည်း ပါဝင်ပါတယ်။ အလှအပအတွက်ဆိုရင်လည်း နေလောင်တာကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီးတော့ ကော်လဂျင်ထုတ်ဖို့လည်း အားပေးပါတယ်။
အစာလည်းဆေး ဆေးလည်း အစာဖြစ်တဲ့အတွက်ကြောင့်မို့ စားရင်းသောက်ရင်းနဲ့ပဲ ကျန်းမာရေးကို ကြိုတင်ကာကွယ်နိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 0 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 1 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....