မျိုးစေ့အသုံးပြုမှု ချွေတာခြင်းဖြင့် စိုက်စရိတ် အနည်းငယ် လျော့ချကြမယ်

29/06/2018 15:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိူးရေးကဏ္ဍတွင် မျိုးစေ့ကဏ္ဍ၏ အရေးပါမှု့သည် တစ်စိတ်တစ်ဒေသ အရေးကြီး သည်ကို စိုက်ပျိုးရေးနှင့် ပက်သက်ဆက်နွယ်သော အသိုင်းအဝိုင်းများမှ သိရှိပြီးကြပြီးဖြစ်ပါလိမ့်မည်။ လွန်ခဲ့သောနှစ်များဆီက တစ်ရာသီစိုက်ပျိုးပြီးသော မျိုးကို နောက်တစ်ရာသီ ထပ်မံစိုက်ပျိုးရန်အတွက် မျိုးချန်၍ စိုက်ပျိုးကြသည့်ဓလေ့သည် ယခုနှစ်အခါများတွင် လူတိုင်းစိုက်ပျိုးလာကြသော စပ်မျိုးများ တွင် ပြုလုပ်၍ မရသည်ကို စိုက်ပျိုးသူအများစုသည် ကောင်းစွာသိရှိကြခြင်း မရှိကြသည်ကို တွေ့ရ သည်။ စိုက်ပျိုးသူတို့သည် အထူးသဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများကြားတွင် စပ်မျိုး အခေါ် F1 ကို ရင်းနှီးကျွမ်းဝင်မှု့ရှိကြသော်လည်း စပ်မျိုးတို့သည် တစ်ရာသီသာစိုက်ပျိုးနိုင်ပြီး နောက်တစ်ရာ သီအတွက် မျိုးချန်၍မရကြောင်းကို သိရှိကြခြင်းနည်းပါးကြသည်။ ယခုအချိန်တွင် စိုက်ပျိုးသူများ အနေဖြင့် အထက်ဖေါ်ပြပါ အကြောင်းခြင်းရာကို မျိုးစေ့ဖြန့်ဖြုးသူ ရောင်းဝယ်သူများထံမှ ရရှိ၍ဖြစ်စေ မရရှိ၍ဖြစ်စေ စပ်မျိုးဝယ်ယူစိုက်ပြီး နောက်တစ်သီး မျိုးချန်၍စိုက်သောအခါ ပထမတစ်ကြိမ် စိုက်စဉ် ကအရည်အသွေးမျိုး မရသဖြင့် မျိုးစေ့အရည်အသွေးမကောင်းဟု ထင်ယောင်မှားယိုးစွပ်မှု့များလည်း တွေ့ရှိရပါသည်။ ထိုမျိုးစေ့ရောင်းဝယ်ဖောက်ကားသူများ အနေဖြင့်လည်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့ဌာနစိတ်အနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုမှူဆောင်ရွက် နေသောသူများ ရှိသကဲ့သို့ စိုက်ပျိုးသူလိုအပ်ချက်အရ စည်းမျဉ်းစည်းကမ်းနှင့် သွေဖီစွာ ပြုမူဆောင် ရွက်ရသည်လည်း ရှိရသည်။  အထူးသဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှသည် တရားဝင်ဖြစ်စေ တရား မဝင်ဖြစ်စေ စိုက်ပျိုးသူလိုအပ်ချက်အရဖြစ်စေ အမျိုးမျိုးသောအကြောင်းကြောင့် ဝင်ရောက်လာသော မျိုးစေ့များအပေါ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနစိတ်မှ ချမှတ်ထားသော စည်းကမ်းများသည် လွှမ်းမိုးမှုမရနိုင်ခြင်းမှာ လုပ်ထုံးလုပ်နည်းများ အချိန်ယူ၍ ကြန့်ကြာခြင်း၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ PRA များ မြန်မာနိုင်ငံသို့ ပို့မပေးထားခြင်းများကြောင့်လည်း ဖြစ်နိုင်ချေရှိပါသည်။

ယခုလက်ရှိကာလတွင်မူ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတွင် မျိုးစေ့လိုအပ်ချက်မှာ (စီမံချက်သီးနှံများ မပါဝင်ပါ) တစ်ရာသီအတွက် ဥပမာ။ ။ ကြက်သွန်နီ တင်းရေ ခြောက်သောင်းခန့် (ခန့်မှန်းချက်) လိုအပ်လျက်ရှိသည်။ သို့သော် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် မျိုးစေ့လိုအပ်ချက်သည် ရာသီဥတုဖောက်ပြန်မှုနှင့် တိုက်ရိုက်အချိုးကျသည်။ အပင်ဖာခြင်း ပျိုးပင်များပျိုးရာတွင် လည်း ဥပမာ။ ။ မုန်လာဥနီ ဆိုပါစို့။ တစ်ဘောင်တွင် ထမင်းစားဇွန်း နှစ်ဇွန်းအထိ ကြဲ၍စိုက်ပျိုးရမှသာလျှင် စိုက်ပျိုးသူအနေဖြင့် စိတ်ကျေနပ်တတ်ကြသည်။ နည်းစနစ် တကျ စိုက်ပျိုးခဲ့ပါက မုန်လာဥနီ (ခါကြက်ဥ) တစ်စေ့ကို ပင်ကြားတန်းကြား ခြောက်လက်မခွာ၍စိုက်လျှင် ဥအရွယ်အစား ညီသကဲ့သို့ မျိုးကို ချွေတာစိစစ်ရာရောက်ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ မျိုးစေ့အသုံးပြုမှုကို ချွေတာပြီးဖြစ်သောကြောင့် ကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်သည်။

နောင်အနာဂါတ်တွင် မျိုးစေ့များကို ယခုထက်ပိုသော ဈေးနှုန်းဖြင့် ခက်ခဲစွာဝယ်ယူသုံးစွဲရမည့်အပြင် ယခုထက် ပိုမိုလုံခြုံမှုမရှိသော၊ ပိုမိုအလှမ်းကွာသော သွင်းအားစုတစ်ခု ဖြစ်လာနိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။

တောင်သူဦးကြီးများအနေဖြင့် မျိုးဝယ်ယူရာတွင် မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားပြီး ယုံကြည်စိတ် ချရသော မျိုးများကိုသာ ဝယ်ယူသုံးစွဲသင့်ပါသည်။ F1 ကဲ့သို့သော စပ်မျိုးများကို အသုံးပြုမည် ဆိုပါ ကလည်း တစ်ရာသီစာအတွက်သာ သုံးစွဲသင့်ပါသည်။ သို့မှသာ ထွက်ရှိလာသောသီးနှံများ၏ အရည် အသွေးမှာ တပြေးညီ တသတ်မတ်တည်း စိတ်ချရမည်ဖြစ်ပြီး ရောင်ပန်းလှမည် ဖြစ်ပါသည်။ ထိုမျှ သာမက မျိုးစေ့လိုအပ်ချက်ကို လျော့ချနိုင်ရေးအတွက် စနစ်တကျ စိုက်ပျိုးနည်းပညာများကို လည်း လေ့လာ လိုက်နာရန် လိုအပ်ပါမည် ဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်။

ငချွန်အေကွန်

 

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်