သုံးပတ်ဆက်တိုက် တက်လာတဲ့ ဆန်ဈေး

07/08/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 ကျပ် ၂၀၀၀၀ တန်ငွေစက္ကူသစ်ထုတ်မယ်လို့ကြေညာပြီးကတည်းက အပတ်စဉ်ထိုးတက်လာတဲ့ဆန်ဈေးတွေဟာ ဒီတစ်ပတ်ဈေးကွက်အဖွင့်မှာလည်း ရပ်တန့်သွားသေးခြင်းမရှိဘဲ ဆက်တက်နေဆဲဖြစ်ပါတယ်။

ယနေ့ ဩဂုတ်လ ၇ ရက်နေ့ ရန်ကုန် ဝါးတန်းဈေးကွက်မှာ ဆန်(ဧည့်မထ)(သစ်) ကလွဲလို့ ကျန်ဆန်များ အကုန်ဈေးထပ်မံမြင့်တက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ  နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

ဆန်ဈေးနှုန်းတွေကတော့  အနိမ့်ဆုံး ကွာဟချက် ၁၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၀,၀၀၀ ကျပ်အထိ တက်သွားခဲ့တာပဲဖြစ်ပါတယ်။

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်ထွက်မယ်ဆိုတဲ့ ဗဟိုဘဏ်ကြေညာချက်ထွက်အပြီး နောက်တစ်နေ့ ဇူလိုင် ၂၄ မှာ ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတက်ခဲ့သလို ထွက်တဲ့ရက်  ဇူလိုင် ၃၁ ရက်မှာလည်း ဆန်ဈေးတွေ ထပ်မံမြင့်တက်ခဲ့တာ​​ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်များ၊ ဆန်ကုန်သည်များစတဲ့ အဖွဲ့တွေစုပေါင်းပြီး ဆန်အမျိုးအစားတချို့ကို အနည်းငယ်သက်သာသောဈေးနှုန်းနဲ့ ဒီနေ့ကစ ရောင်းပေးမယ်လို့ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါပေမဲ့ ဆန်ဈေးတွေကတော့ အတက်မရပ်ဘဲ ဆက်တက်နေဆဲဖြစ်ပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်