တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းအပြောင်းအလဲများ

01/02/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်လအတွင်းမှာ ဆန်ဈေးနှုန်းတွေကတော့ သိသိသာသာသာ တက်သွားခဲ့ပါတယ်။ အဲ့ထဲကမှ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းရှယ်နဲ့ တောင်ပျံ (မော်ကျွန်း) စတဲ့ ဆန်ဈေးအမျိုးအစားတွေက ၁ တင်းခွဲ ၁ အိတ်ကို ၁၅၀၀၀ ဝန်းကျင်လောက်ထိ တက်သွားပါတယ်။ ဆိုတော့ ဒီလထဲမှာ ဆန်ဈေးတွေက အတက်ကြမ်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ 

ဒီလထဲမှာ ဆန်သစ်တွေဈေးကွက်ထဲဝင်လာလို့ အများစုကတော့ ဆန်သစ်ဈေးနှုန်းတွေဖြစ်သွားတာပါ။ ဒီလိုဆန်သစ်ဈေးနှုန်းတွေဖြစ်တာတောင် ယခင်တစ်လက အဟောင်းဈေးတွေထက်ကို ဈေးတွေ ပိုမြင့်နေတာဖြစ်ပါတယ်။ ဇယားကွက်ပါနှိုင်းယှဉ်မှုမှာလည်း အသစ်၊ အဟောင်း ပြောင်းသွားတာတွေကို (သ)(ဟ) တွေနဲ့ ဖော်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက ဈေးတွေအတက်ကြမ်းသွားခဲ့တဲ့ ကြက်သွန်နီတွေဟာတော့  ယခုနှစ်ဆန်းပိုင်းမှာတော့ အသစ်တွေဈေးကွက်ထဲအများအပြားဝင်လာမှုနဲ့အတူ အကျဘက်ကို ရောက်လာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်တုန်းကဆို ဈေးတွေတောင်ဖွင့်ခဲ့ခြင်းမရှိပါဘူး။ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ အမြင့်ဆုံး တစ်ပိဿာ ကျပ် ၁၆၀၀ ထိသာရှိတော့တာ တွေ့ရပါတယ်။

ကြက်သွန်ဖြူဈေးနှုန်းတွေကတော့ ပြီးခဲ့တဲ့တစ်လနဲ့ယှဉ်ရင် သိသိသာသာ တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ကြူကုတ်(ရှယ်)ကလွဲလို့ အောင်ပန်းကြက်သွန်ဖြူအမျိုးအစားတွေဟာ အနည်းဆုံး ကျပ် ၁၀၀၀ ကျော်လောက်စီ ဈေးတွေတက်လာခဲ့ပါတယ်။

ပြည်တွင်းစားသုံးဆီဈေးတွေမှာတော့ မန္တလေးဈေးကွက်မှာ ပဲဆီဟာ ၁၅၀၀ ကျပ် ဈေးတက်လာပြီး ပြည်ဈေးကွက်မှာတော့ အရင်ဈေးအတိုင်းပဲ ဖြစ်ပါတယ်။ နှမ်းဆီဈေးကတော့ မန္တလေးရော ပြည်မှာရော ဈေးတွေအပြောင်းအလဲမရှိဘဲ ငြိမ်နေခဲ့ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်