ပုံစံ (၇) ရှိသော ရော်ဘာခြံ တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ၁၀ ဧက အတွက် ထုတ်ချေးပေး နိုင်ရန်စီစဉ်

02/01/2019 10:37 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ် ပုံစံ (၇) ရှိသော ရော်ဘာခြံ တစ် ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့်၊ ၁၀ ဧကအထိ ထုတ်ချေးပေးနိုင်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန် ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

အဆိုပါ ချေးငွေများကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် ပြန်လည်ေပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး အဆိုပါ ချေးငွေဖြင့် နှစ်ရှည်ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုလာနိုင် မည်ဖြစ်ကြောင်း မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုထူးမြတ်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်