ဆောင်းပါးများသိမ်းဆည်းခြင်း

19/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အဆင့်(၁) ပထမဦးစွာ Greenway ဖုန်းဆော့ဝဲလ်ကို Play store မှ Download ရယူပါ။ သို့မဟုတ် Greenway ဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ်ကို အသုံးပြုရန်အတွက် အင်တာနက်လိုင်း ဖွင့်ထားပါ။

အဆင့်(၂)မှတ်ပုံတင်ခြင်း(Registration) လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။

အဆင့်( ၃) ဆောင်းပါးများကို အစိမ်းရောင်လမ်း ပင်မစာမျက်နှာရှိ စိုက်ပျိုးနည်းပညာ၊ မွေးမြူနည်းပညာ ၊ အထွေထွေဗဟုသုတ စသည့် ကဏ္ဍများတွင် ဝင်ရောက် ဖတ်နိုင်ပါသည်။ ထို့ပြင် ဆောင်းပါးအသစ်များကိုလည်းအလွယ်တကူ ဖော်ပြထားသည်။  

အဆင့်(၄) ဆောင်းပါးအသစ်များ ( သို့မဟုတ်) Search box မှရှာထားသော ဆောင်းပါးများကို ဘေးရှိ saveသင်္ကေတ ကိုနှိပ်ပြီး အလွယ်တကူ သိမ်းဆည်းနိုင်ပါသည်။

 အဆင့် (၅)  အသင့်ရှိနေသော ဆောင်းပါးများကို  “သိမ်းဆည်းမည်” ဟုသောစာတမ်းလေးကိုနှိပ်၍ သိမ်းဆည်းနိုင်ပါသည်။ 

 

အဆင့် (၆) သိမ်းဆည်းမည် ကိုနှိပ်ပြီးပါက “သိမ်းဆည်းပြီး”ဟူ၍ အဝါရောင်စာသားလေးပြောင်းသွားမည် ဖြစ်သည်။

 

အဆင့် (၇)  မိမိသိမ်းဆည်းထားသော ​ဆောင်းပါးများကိုပြန်လည် ဖတ်ရှုလိုပါက ကိုယ်ရေးအချက်အလက်ရှိ

“စိတ်ကြိုက်ပို့စ်များ” တွင် အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်