လျှော်ဖြူကိုပြည်ပစျေးကွက်သစ်နိုင်ငံများကိုတင်ပို့သွားမည်
ယခုနှစ်အတွင်းမြန်မာ့လျှော်ဖြူကို ပြည်ပစျေးကွက်သစ်များကို တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ လျှော်ဖြူအသင်းမှ သိရပါတယ်။
အခုနှစ်အတွင်း ပြည်ပစျေးကွက်သစ်တွေဖြစ်တဲ့ ဂျပန်နဲ့ထိုင်ဝမ်ကို တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ အတွင်းရေးမှူးဦးဟိန်းထက်ကပြောပါတယ်။
“ဒီနှစ်မှာ ထိုင်ဝမ်ကအမှာရှိတဲ့အတွက်တင်ပို့ရမယ်။ ဂျပန်ကိုလည်းတင်ပို့ရမယ်။ ကိုယ်ပို့တဲ့ အော်ဂဲ နစ်ဖြစ်ရ မယ်။ ဓါတုကင်းလွတ်ဖြစ်ရမယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်။ ၂၅တန်ယူသွားမယ်။ ကျန်တဲ့ အမျိုးအစားတွေကျတော့ တစ်လကိုတန် ၂၀ တင်ပို့ရမယ်”
မြန်မာ့လျှော်ဖြူကို ပြည်ပနိုင်ငံများဖြစ်တဲ့ ယိုးဒယား ၊ အိန္ဒိယ ၊ ကိုရီးယား ၊မလေးရှားအပြင် ထိုင်ဝမ်နဲ့ ဂျပန်ကို အခုနှစ်အတွင်းမှာ တင်ပို့သွားမှာဖြစ်ကြောင်းသိရပါတယ်။
လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးနေတာ ဖြစ်ကြောင်းမြန်မာနိုင်ငံလျှော်ဖြူအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more