ငါးနုသန်းငါး

12/10/2020 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

     ငါးနုသန်းသည် ငါးထွေ(catfish)မျိုးတွင် ပါဝင်သည်။ နှုတ်ခမ်းမွှေးပါပြီး ငွေရောင်တောက်ပသော ရေချိုငါးဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်များတွင် ရရှိတတ်ကြသည်။ အကြေးခွံမပါ၊ ကျောဆူးတောင်တွင် အရိုးနု()ချောင်းသာပါသည်။

     ငါးနုသန်းငါးမှာ နူးညံ့ပြီး အရသာချိုသော ငါးဖြစ်သဖြင့် ဒေသခံများမှာ နေလှန်း၊ အခြောက်ခံပြီး လေလုံအောင်သိမ်းပြီးသကာလ မိုးတွင်းကာလ ငါးရှားသောရာသီတွင် ငါးခြောက်ကြော်အဖြစ် စားသုံးကြပါသည်။

     ငါးနုသန်းငါးမှာ ညှီနံ့မရှိသလောက်နည်းပြီး အဆိပ်အတောက် ကင်းကာ အရသာချိုသဖြင့် ငါးအစိုအပြင် ငါးခြောက်အဖြစ်သိမ်းထားပြီး စားသုံးသောအခါတွင်လည်း အရသာမပျက်ပေ။

     ငါးနုသန်းကို အင်္ဂလိပ်လို butter catfish (or) sheat fishဟု ခေါ်ဆိုကြပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆီရီလန်ကာ၊ မြန်မာတို့တွင် တွေ့ရများပါသည်။ ငါးအထီးမှာ အမထက် ခန္ဓာကိုယ်ပိုမိုရှည်လျားကြပြီး (45)cmထိရှိကြသည်။ အမမှာ ဥ တစ်ကြိမ် ဥ လျှင် ဥပေါင်း(၈၀ – ၁၃၀)ခန့် ဥ, ဥနိုင်ကြပါသည်။

     ငါးနုသန်းမှာ လူကြိုက်များသော ငါးတစ်မျိုးဖြစ်ပြီး ဈေးလည်းချို၏။ ငါးနုသန်းကို ဆီပြန်ချက်ပြီး နံနံပင်လေးအုပ်ပါက အရသာထူးကဲသည့် ငါးဟင်းလျာ()ခွက်ကို ရရှိစေပါသည်။ ချက်ပြုတ်ရာတွင် ငါးနုသန်းငါး၏ လည်ပင်းအနီး၌ အလွန်ကြီးသော သည်းခြေအိတ်ရှိသဖြင့် လှီးဖြတ်ဖယ်ထုတ်ပစ်ရပါမည်။ သည်းခြေအိတ်ပေါက်သွားပါက ငါးဟင်းအရသာမကောင်းသည်မှ လွဲ၍ အဆိပ်အတောက်မရှိပေ။

     ငါးနုသန်းကို အိုးကပ်၊ ဆီပြန်၊ အချဥ်ချက်၊ငါးနုသန်းကြော်စသည်ဖြင့် စားသုံးကြပါသည်။ 'ငါးနုသန်း'ဆိုသည့်အတိုင်းငါးအသားမှာ နုလွန်းလို့ အိုးကပ် ဟင်းချက်ပါက ငါးအသားမကြေဘဲ အိုးမကပ်ရအောင် ဟင်းအိုးကို မမွှေဘဲ အသာလေးလှုပ်ပေးရပါသည်။

     ငါးနုသန်းကို ဆီများများနှင့် ကြွပ်အောင် ကြော်ထားလျှင် ရက်အနည်းငယ်အထိ ထားခံပြီး ကောက်ညှင်းပေါင်းနှင့်လည်း တွဲစားကြပါသည်။

     ငါးနုသန်းမှာ အရသာကောင်းမွန်ရုံသာမက ရောဂါအချို့ကိုလည်း ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ သလိပ်၊ သည်းခြေကိုလည်းကောင်း၊ အထက်သို့ဆန်သောလေကိုလည်းကောင်း ပယ်ဖျယ်နိုင်၏ ဟုဆိုကြသဖြင့် ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ/ လေအထက်ပင့်၍ ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာရှိသူများ၊ အစာမကြေလေပွပြီး လေအထက်ဆန်သူများ၊ လေပူတက်ပြီး လည်ချောင်းနာသူ၊ ချောင်းခြောက်ဆိုးသူများအတွက် ဓါတ်စာအဖြစ် စားသုံးသင့်သော ငါးတစ်မျိုးဖြစ်သည်။

ငါးနုသန်းကို -

 Phylum (မျိုးပေါင်းစု) - Chordata

 Class(အမျိုးအစား) - Actinopterygii

 Order(မျိုးစဥ်) - Siluriformes

 Family(မျိုးရင်း) - Siluridae

Genus(မျိုးစု) - Ompok

 Species(မျိုးစိတ်) - Ompok bimaculatus ဟူ၍ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်