ကျန်းမာရေးဒေါင်ဒေါင်မြည်နေဖို့ နေ့စဉ်အာဟာရမှာ ဖြည့်စွက်စားပေးသင့်တဲ့ သစ်သီးမျိုးများ

24/01/2020 17:30 PM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကျန်းမာခြင်းသည်လာဘ်တစ်ပါး “ဆိုတဲ့အတိုင်း ကျွန်မတို့နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်နိုင်စေဖို့ ကျွန်မတို့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းနေဖို့လိုပါတယ်။ ခန္ဒာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့နဲ့ ရောဂါဘယကင်းစေဖို့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေအပြင် သစ်သီးဝလံများကို ဖြည့်စွက်အာဟာရအဖြစ် ပုံမှန်ထည့်သွင်းစားသုံးပေးခြင်းက ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးပါတယ်။ ဒါပေမဲ့သစ်သီးဝလံအားလုံးက တူညီတဲ့အကျိုးအာနိသင်ရှိနေကြတာ မဟုတ်ပါဘူး။ သူ့ကောင်းကျိုးနဲ့သူ ကျန်းမာရေးအတွက် အထောက်အပံ့ပေးကြတာပါ။ ဒီဆောင်းပါးထဲမှာဖော်ပြထားတဲ့ သီးနှံတွေက လူတိုင်းတော့ မစားသုံးဖြစ်နေတဲ့သီးနှံများစွာပါ ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီးရင်တော့ အမြဲတမ်းမစားဖြစ်တဲ့သီးနှံတွေကိုလည်း အခွင့်ကြုံရင် သတိတရနဲ့ ဝယ်စားကြပါနော်။

၁။  ဂရိတ်ဖရုံသီး(ရှောက်ခါးသီးကြီး)

ရှောက်သံပုရာမျိုးဝင်ဖြစ်တဲ့ ဂရိတ်ဖရုံဟာ ဗီတာမင်နဲ့သတ္တုဓာတ်တွေများစွာ ကြွယ်ဝတဲ့အပြင် ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး  ဆီးချိုသမားတွေအတွက် မဖြစ်မနေ စားသုံးပေးသင့်တဲ့ သစ်သီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ မလိုအပ်တဲ့ ကိုလက်စထရောဓာတ်များကို ကျဆင်းစေပြီး ကျောက်ကပ်မှာဖြစ်ပေါ်တတ်တဲ့ ကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။  နာနတ်သီး

အပူပိုင်းသစ်သီးများထဲမှ နာနတ်သီးဟာလည်း အာဟာရဓာတ်ပြည့်ဝပြီး လူကြိုက်များတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ၇၆% ခန့်ပါဝင်ပြီး ပရိုတင်းဓာတ်ကို ချေဖျက်နိုင်စွမ်း ရှိသည့်အပြင် ရောင်ရမ်းမှုဝေဒနာကို သက်သာစေတဲ့ ဘရိုမလိန်း(Bromelain) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး လည်းပါဝင်ပါသေးတယ်။ ထို့အပြင် ကင်ဆာရောဂါများနှင့် အကျိတ်ဖြစ်ပေါ်မှုများကို ကာကွယ်ပေးနိုင်ပါသေးတယ်။

၃။  ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာလည်း  ကျန်းမာရေးကောင်းကျိုးများစွာရှိပါတယ်။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ သူမတူထူးကဲစွာ ပါဝင်ပြီး ၎င်းတို့က နှလုံးရောဂါ၊ ဆီးချို ရောဂါစတဲ့ နာတာရှည်ရောဂါတွေအပြင် အယ်ဇိုင်မားရောဂါ တို့ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ခုခံအားကို ပိုမိုအား ကောင်းစေတဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းများမှလည်း ကင်းဝေးစေပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီ စားပေးခြင်းကြောင့် မှတ်ဉာဏ်အားလည်း ပိုကောင်းလာစေပါတယ်။ 

၄။တလည်းသီး

တလည်းသီးကို ကျန်းမာရေးကောင်းကျိုးအတွက်သာမက အလှအပရေးရာမှာလည်း အသုံးများကြပါတယ်။ ၎င်းမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ပမာဏက ဝိုင်နီနဲ့လက်ဖက်စိမ်းမှာ ပါဝင်တာထက်ပိုပါတယ်။ ကင်ဆာဖြစ်ပေါ်မှုနှုန်းကိုလည်း ကျဆင်းစေပြီး ရောင်ရမ်းမှုဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ 

၅။ သရက်သီး

ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်တွေများစွာပါဝင်တဲ့ သရက်သီးမှာလည်း အစာချေ ဖျက်နိုင်စွမ်းအားကောင်းသည့်အပြင် ရောဂါဖြစ်ပါ်နိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကိုလည်း သက်သာစေပြီး ဆီးချိုရောဂါဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၆။ စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာပါဝင်တဲ့ ဗီတာမင်စီ၊ မန်းဂနိစ်၊ ဖောလိတ်၊ နဲ့ ပိုတက်ဆီယမ်စတဲ့အာဟာရ ဓာတ်တွေကြောင့် အမြဲတမ်းစားချင်စဖွယ် တောက်ပနေပါတယ်။ စတော်ဘယ်ရီသီးဟာ အခြားအသီး များနှင့် ယှဉ်ရင် အဆီဓာတ်ပါဝင်မှုသိသိသာသာနည်းပြီး အခြားဘယ်ရီသီးတွေအတိုင်း အိုမင်းရင့်ရော် မှုကို ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များစွာပါဝင်ပြီး နာတာရှည်ရောဂါများကို လျော့နည်း သက်သာစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါများနဲ့ အကျိတ်ဖြစ်ပွားမှုကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ 

၇။ အနက်ရောင်ရှိသော ဘယ်ရီသီးအချဉ် 

၎င်းဘယ်ရီသီးမှာလည်း အခြားသစ်သီးများလိုပဲ  ကျန်းမာရေးအတွက် အထောက်အကူ ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ထူခြားသည်က ၎င်းအသီးများမှ ရတဲ့အရည်က ဆီးလမ်းကြောင်းအတွင်း ရောဂါဖြစ်ပေါ်မှုများကို ကာကွယ်ပေးနိုင်ပြီး ဆီးလမ်းကြောင်းနှင့် သည်းခြေ အိတ်အတွင်းရှိ ရောဂါဖြစ်စေတဲ့ဘတ်တီးရီးယားများ ပေါက်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

၈။ ရှောက်သီး(သံပုယိုသီး)

ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း ရှောက်သံပုရာမျိုးဝင်များဟာ ဗီတာမင်စီဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေတဲ့ အတွက် နှလုံးကျန်းမာရေးကိုအထူးကောင်းစေပါတယ်။ ကိုယ်အလေးချန်လျှော့ချရာမှာလည်း ကူညီပေးပြီး ၎င်းမှာပါဝင်တဲ့ အချဉ်ဓာတ်တွေက ကျောက်ကပ်မှာဖြစ်ပေါ်တတ်တဲ့ ကျောက်တည်ခြင်းများကို လည်း ပျောက်ကင်းစေပါတယ်။ 

 ၉။ ဒူးရင်းသီး 

“ အသီးတို့ရဲ့ဘုရင်” လို့ လူအများခေါ်ဆိုသမုတ်ကြတဲ့ ဒူးရင်းသီးမှာတော့ ၎င်းမှာပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြောင့် ထူးကဲတဲ့အနံ့အရသာရှိပြီး အင်တီအောက်ဆီးဒင့် ကဲ့သို့သော လုပ်ငန်းဆောင်တာတူတဲ့ အခြားဓာတ်ပေါင်းများစွာပါသေးတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဒူးရင်းသီးကိုလည်း ရံဖန်ရံခါ စားပေးသင့်ပါတယ်။ 

၁၀။ သံလွင်သီး

သံလွင်သီးမှရတဲ့ အဆီများကို ကျန်းမာရေးအတွက် သောက်သုံးပေးနိုင်သလို အလှအပ အတွက်လည်း ခန္ဓာကိုယ်ပေါ်မှာ လိမ်းကျံပေးနိုင်ပါတယ်။ သံလွင်သီးမှာပါဝင်တဲ့ ဗီတာမင်အီး၊ သံဓာတ် ကော့ပါးနဲ့ ထုံးဓာတ်တွေကြောင့် နှလုံးရောဂါ၊ အသည်းရောဂါများအပြင် ရောင်ရမ်းမှုဝေဒနာများနဲ့ အရိုးပွရောဂါများကိုလည်း သက်သာပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ ထို့အပြင် အလှအပရေးရာမှာလည်း ဆံကေသာကိုကျန်းမာသန်စွမ်းနက်မှောင်စေသလို အသားအရေကိုလည်းကြည်လင်လှပစေရန် လိမ်းကျံပေးနိုင်ပါတယ်။ စာရေးသူကလည်း သံလွင်ဆီကို အသားအရေနဲ့ ဆံကေသာ အတွက်သုံးပါတယ်နော်။

၁၁။  ဘလက်ဘယ်ရီ (ဆူးသီးမည်းပင်)

ဘလက်ဘယ်ရီ (ဆူးသီးမည်းပင်)မှာလည်း အမျှင်ဓာတ်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီးဒင့် တွေအပြင် ဗီတာမင်စီ၊ ဗီတာမင်ကေ နဲ့ မန်းဂနိစ် သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ ၎င်းမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်များက ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါစတဲ့ နာတာရှည်ဖျားနာမှုများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

၁၂။  အနီရောင်(သို့)ခရမ်းရောင်ရှိတဲ့ စပျစ်သီးများ

စပျစ်သီးတွေဟာ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ အနီရောင်နဲ့ ခရမ်းရောင်ရှိတဲ့ စပျစ်သီးတွေမှာ ပါဝင်တဲ့ ရောင်ခြယ်ဓာတ်တွေက ရောင်ရမ်းမှုဝေဒနာကို အတော်အတန်သက်သာစေတာတွေ့ရတယ်။ စပျစ်သီးမှာပါဝင်တဲ့ ဓာတ်ပေါင်းတွေက နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး မျက်လုံး၊ အဆစ်အမြစ် နဲ့ ဦးနှောက်တို့မှာ ဖြစ်ပေါ်နိုင်တဲ့ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။ 

၁၃။ ချယ်ရီသီးများ

ချယ်ရီသီးတွေမှာလည်း အာဟာရဓာတ်များစွာပါဝင်ပြီး အထူးသဖြင့် ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်စီဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းခြင်းဝေဒနာနဲ့  ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်ဓာတ်များလည်း ပါဝင်ပါတယ်။ ချယ်ရီသီးရဲ့ထူးခြားချက် ကတော့ အိပ်စက်ခြင်းကိုအထောက်အကူပြုတဲ့ မီလတိုနင် ဟော်မုန်းဓာတ်တွေပါဝင်ပြီး အိပ်မပျော်တဲ့ ရောဂါနဲ့ အခြားအိပ်စက်ခြင်းနဲ့ဆက်စပ်တဲ့ ရောဂါဝေဒနာများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါ တယ်။ 

ကဲဒီနေ့ကစပြီး လှပတဲ့အသားအရေနဲ့ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းဝေးတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့  နေ့စဉ်မှီဝဲနေတဲ့အာဟာရထဲမှာ အထက်မှာဖော်ပြထားတဲ့သစ်သီးတွေကို ဖြည့်စွက်စားကြရအောင်!!!!

နန္ဒာအိလှိုင်

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်