ကန်သစ်တူးဖေါ်ရန်မြေနေရာရွေးချယ်ခြင်း

19/06/2018 09:39 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

၁. မိမိတို့၏ နေအိမ်အနီးအနားရှိ မြေလွတ်၊ မြေရိုင်းများတွင် ကောင်းမွန်သင့်တော်သော နေရာကိုရွေးချယ်ပါ။

၂. ငါးမွေးမြူသည့်နေရာသည် အခြားသီးနှံစိုက်ပျိုးသောနေရာ မဖြစ်ရန်သတိပြုပါ။

၃. ပြေပြစ်သော လျှောစောက်ရှိသော မြေမျိုးသည် ကောင်းမွန်ပါသည်။

၄. မြေအလွန်နိမ့်နေခြင်း နှင့် မိုးတွင်းကာလ ရေကျော်သော၊ ရေလွှမ်းသောနေရာမဖြစ်စေရပါ။

၅. တောင်ကုန်းပေါ်ရှိမြေနှင့် လှေခါးထစ်ကဲ့သို့သော မြေမျိုးမဖြစ်စေရပါ။

၆. မိမိရွေးချယ်ထားသော ငါးကန်မြေနေရာသည် သင်၏နေထိုင်ရာအိမ်နှင့် နီးစပ်မှုရှိရမည်။ သို့မှသာ မိမိငါးကန်ကို စောင့်ရှောက်နိုင်မည်။

ရေရရှိမှု

မိမိငါးမွေးကန်သည် ရေရရှိနိုင်သော၊ ရေသွယ်၍လွယ်ကူနိုင်သော မြစ်၊ချောင်းများ၊ ရေသွယ်မြောင်းများမှ တစ်နှစ်ပတ်လုံး ရေရရှိနိုင်ရမည့်အပြင်၊ ၎င်းနေရာများတွင် ရေပေါများစွာရှိသောနေရာ နှင့် နီးစပ်သောနေရာဖြစ်ရမည်။

- မိမိငါးကန် ရေလိုအပ်သောအချိန်တွင် ရေသွင်းနိုင်သောနေရာ ဖြစ်ရမည်။

- မိုးရေကို အသုံးပြုပြီး၊ ရေရရှိခြင်းဆောင်ရွက်မှု မဖြစ်စေရ၊ မိုးရေမရရှိသောအချိန်တွင် ငါးမွေးကန်အတွင်း ရေရရှိမှုနည်းပါးပြီး ငါးများသေဆုံးနိုင်သည်။

- ရေသွင်းယူခြင်းလွယ်ကူပြီး ကန်ရေပြန်ထုတ်သောအချိန်တွင်လည်း လွယ်ကူရမည်။

- ရေစစ်ကန် တူဖေါ်ပြီး ၎င်းရေစစ်ကန်မှ ရေကို ငါးကန်သို့ လွဲပြောင်းရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မှသာငါးရိုင်းများပါဝင်မှုမရှိသည့်အပြင် ရွှံ့နှစ်ရေများလည်းမပါဝင်နိုင်ပါ။

မြေအရည်အသွေးနှင့် မြေစမ်းသပ်ခြင်း

ငါးမွေးကန် တည်ဆောက်ရန်အတွက် မြေ၏အရည်အချင်းကို အောက်ပါအတိုင်း စမ်းသပ်ကြည့်ရှုရမည်။

အလွယ်ကူဆုံး (ပထမ) စမ်းသပ်ခြင်း

- မြေသားကိုလက်ဖြင့်ယူပြီး၊ ဆုပ်နယ်ခြင်း၊ ဖိနှိပ်ခြင်း နှင့် လောက်စာလုံးပုံစံ၊ ဘောလုံးငယ်ပုံစံပြုလုပ်ပါ။

- လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံပြုလုပ်ထားသော မြေသားအလုံးကို အပေါ်သို့ပစ်တင်ပြီ၊ အောက်သို့အကျ တွင်ပြန်လည်ဖမ်းယူပါ။

- သဲမြေ၊ ဂဝံကျောက်မြေပါခဲ့လျှင် မြေသားတစ်ခုနှင့် တစ်ခု စီးကပ်မှုမရှိဘဲ၊ မြေသားဘောလုံးသည် ကွဲကျမွှာ သွားလိမ့်မည်။ ၎င်းမြေမျိုး မကောင်းပါ။

- လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံမြေသားသည် ကွဲဖြာကျခြင်း မရှိဘဲ စည်းစည်းလုံးလုံး ရှိနေပါက ၎င်းမြေသား သည် ကောင်းမွန်ပါသည်။ ရွှံ့မြေပါဝင်မှု များသည်ဟု ပြောနိုင်ပါသည်။

သို့သော် ၎င်းမြေမျိုးကိုသုံးရန် သင့် မသင့်ကို ဒုတိယနည်းဖြင့် ပြန်လည်ဆန်းစစ်ရမည်။ အောက်ပါအတိုင်းဒုတိယနည်း ကိုစမ်းသပ်ပါ။

ငါးကန်တူးမည့် နေရာတွင် အကျယ် (၁) တောင် (၁၈လက်မ)၊ အနက် နှစ်တောင်ခွဲ (၃ပေ၉လက်မ) လူတစ်ယောက် ၏ ခါးအနက်ခန့် အနက်ကိုတူးဖေါ်ပါ။

မနက်ပိုင်း နေထွက်ချိန်တွင် တူးထားသော ကျင်းထဲသို့ ရေပြည့်အောင် ဖြည့်ပါ။ ညနေပိုင်းတွင် တွင်းထဲမှ ရေများသည် မြေကြီးထဲသို့စိမ့်ဝင်သွားလိမ့်မည်။

နောက်တစ်ကြိမ် တူးထားသောတွင်းထဲသို့ ရေပြည့်အောင်ထည့်ပါ။ တွင်းအပေါ်မှ တစ်ခုခုဖုံးအုပ်ထားပေးပါ။

နောက်တစ်နေ့ မနက်ပိုင်းတွင် တွင်းထဲတွင် ရေရှိနေလျှင် ၎င်းမြေမျိုးသည် ရေကိုလုံလောက်စွာစိမ်းသိမ်းနိုင်ကြောင်း သိနိုင်သည်။ ၎င်းနေရာတွင် ငါးကန်တူးဖေါ်နိုင်သည်။

မိသားစုတစ်ပိုင်တစ်နိုင်ကန်များတွင် ငါးမွေးမြူခြင်းနှင့် ကန်ဘောင်တွင် စိုက်ပျိုးခြင်းသင်တန်း လက်စွဲစာအုပ်မှ

MYCulture project

WorldFish-Myanmar

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်