ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာရှိတဲ့ ACARE ဌာနက အန္ဒိယနဲ့ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဌာနတစ်ခုပါ။ ACARE ရဲ့ လုပ်ဆောင်ချက်တွေကတစ်ခုဖြစ်တဲ့ မြေကြီးထဲက အဟာရပါဝင်မှုကို စစ်ဆေးပေးနေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးမြေတွေက မြေကြီးအကြောင်း၊ အဟာရပါဝင်မှုအကြောင်းကို သေချာလေ့လာပြီး စိုက်တဲ့ဦးရေနည်းပါတယ်။ မြေသြဇာတွေ ထည့်သွင်းတဲ့အခါမှာလည်း လိုအပ်ချက်ကို သေချာမသိဘဲ ဝယ်ယူအသုံးပြုနေတဲ့အတွက် ငွေကြေးကုန်ကျမှုနဲ့ ထိရောက်မှုက အံမဝင်ဘဲ ဖြစ်နေတတ်ပါတယ်။
ACARE ကနေ မြေကြီးထဲကနေ အဟာရဓာတ်တွေ စစ်ဆေးနည်းကို ကျောင်းသား/သူတွေကို သင်ကြားရင်း တောင်သူအတွက် လုပ်ဆောင်နေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကနေ မြေကြီးရဲ့ ချဉ်ငန်ဓာတ် (pH)၊ EC၊ သြဂဲနစ်ကာဗွန်၊ နိုင်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ဆာလဖာ၊ ဇင့်၊ ဘိုရွင်၊ သံဓာတ်၊ မဂ္ဂနိနဲ့ ကောပါး စုစုပေါင်း (၁၂) မျိုးကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။ စီမံကိန်းကို ရွာလေးရွာအတွက် စတင်လုပ်ဆောင်မှာဖြစ်ပြီး စမ်းသပ်ထားတဲ့ စိုက်ခင်းတွေအတွက် စိုက်ပျိုးမည့်သီးနှံအလိုက် ထည့်သွင်းဖို လိုအပ်တဲ့ မြေသြဇာတွေနဲ့ မြေကြီးကို ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေပါ သိပ္ပံနည်းကျ အကြံပြုချက်တွေပါ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more