မြေချဉ်ငံဓာတ်နှင့် အစိုဓာတ်ကို တိုင်းတာနိုင်သည့် ကိရိယာ ငှားရမ်း အသုံးပြုနိုင်
စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသဆိုင်ရာ ရုံးခွဲများမှာ မြေချဉ်ငံဓာတ်တိုင်း ကိရိယာတွေကို ၎င်း၏ အဖွဲ့ဝင်များကို ငှားရမ်းအသုံးပြုခွင့် ပြုထားပါတယ်။ မြေချဉ်ငံဓာတ်တိုင်း ကိရိယာမှ တစ်ဆင့် မြေကြီးအတွင်းရှိ ချဉ်ငံဓာတ် နှင့် အစိုဓာတ်များကို လွယ်ကူစွာ တိုင်းတာနိုင်ပါတယ်။ ထိုပစ္စည်းကို အိမ်တွင်းအိမ်ပြင် အပင်များ၊ ဥယျာဉ်ခြံများနှင့် သီးနှံစိုက်ခင်းများတွင် မြေကြီး၏ ချဉ်ငံဓာတ်၊ အစိုဓာတ် တိုင်းတာခြင်းများကို အသုံးပြုနိုင်မှာပါ။ ထို့ကြောင့် အသုံးပြုလိုသော အဖွဲ့ဝင်များအနေဖြင့် စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသဆိုင်ရာ ရုံးခွဲများသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်း နိုင်ပါပြီ။ စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ မူဝါဒများ အရ ဒေသတွင် အဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်သည့် အတွက်ကြောင့် စိုက်ပျိုးသူ တောင်သူများ အနေဖြင့် မိမိတို့ဒေသရှိ ဖွံ့ဖြိုးရေး အဖွဲ့စည်းများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်ရန် အကြံပြုလိုပါသည်။
စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသဆိုင်ရာ ရုံးခွဲများကို မကွေး၊ ဖျာပုံ နှင့် နောင်ခမ်း (ရှမ်းပြည်နယ်) တို့တွင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ အဆိုပါ ကိရိယာကို ဝယ်ယူလိုပါက ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်း၊ ကန်တော်ကြီးတွင် သွားရောက်ဝယ်ယူနိုင်ပါတယ်။
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘက်တီးရီးယားဆေးကော့ပါးပတ်ပြီးဘယ်နှစ်ရက်နေရင်အောက်ဆေးပုလဲပိုတက်ကျွေးရလဲခဗျ
kyaw zin • ဖြေကြားချက် 1 ခု
ဂျီဗာမရုသမ်ဆေးရည်ပြုလုပ်ရာမှာ ၁ဧကစာ ၂၀၀ လီတာဖော်စပ်ရမယ်လို့ သိရပါတယ် အဲဒါက ရေမရောပဲ ဖြန်းရတာလား ကြက်သွန်နီအတွက် လီတာ ၃၀၀ လုပ်ထားပါတယ် မြေခံအတွက် ဖြန်းချင်ပါတယ် ရေရောရမှာလား မရောရဘူးလား သိပါရစေဆရာတို့
Khing Hein • ဖြေကြားချက် 2 ခု
စပါးပင်က အမြစ်ပုတ်တာလားရွက်ခြောက်လားခွဲမရလို့ သိရင် ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 0 ခု
နှမ်းစျေး သိချင်ပါတရ်
htoo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?
စောတိုးသူဝင်း • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....