ဆော့ဝဲထဲကအထူးအစီအစဉ် (၉)

16/11/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာညခင်းပါ

ဆွေးနွေးချက်အသစ်ကိုလည်းစောင့်နေကြလားရှင့်

လာပါပြီနော်။ ဒီတစ်ခေါက်မှာလည်းအရင်တစ်ခေါက်နည်းတူ “စွယ်စုံသုံး ရှာလကာရည်” ဆောင်းပါးအကြောင်းလေးပါ။

ဘယ်ကဏ္ဍထဲမှာပါဝင်တယ်ဆိုတာကိုဆွေးနွေးပေးသွားကြပါဦး။

အစိမ်းရောင်လမ်းထဲမှာ ကဏ္ဍကြီးတွေထဲကနေခွဲထွက်တဲ့ ကဏ္ဍအသေးလေးတွေလည်းရှိပါတယ်။ ဦးကြီးတို့လေ့လာရအဆင်ပြေအောင် ဥပမာ အပင်ရောဂါ၊ မြေဆီလွှာ၊ စိုက်ပျိုးနည်းစတဲ့ ကဏ္ဍတွေကိုသက်ဆိုင်တဲ့ “စိုက်ပျိုးနည်းပညာ” ဆိုတဲ့ကဏ္ဍကြီးအောက်မှာ စုထားပေးသလိုပေါ့နော်။

စိုက်/မွေးနည်းပညာနဲ့ပတ်သတ်တဲ့ နည်းပညာအချက်အလက်တွေကို ဦးကြီး/အန်တီတို့ အချိန်မရွေးအလွယ်တကူလေ့လာနိုင်အောင် လုပ်ပေးနေပါတယ်ရှင့်။

ဒီတော့ ကဏ္ဍငယ်ကိုပါထည့်သွင်း ဆွေးနွေးပေးသွားကြပါနော်။

ပါဝင်ဆွေးနွေးချိန်ကို မနက်ဖြန် နေ့လည် (၁၂) နာရီထိ ကန့်သတ်ထားတာကြောင့် ခုပဲသွားရောက်ဆွေးနွေးလိုက်ကြနော်။

အောက်ပါလင့်ကတော့ ဆွေးနွေးရမယ့်နေရာကိုတိုက်ရိုက်ရောက်မယ့်လင့်ပါ။

ဆော့ဝဲထဲကအထူးအစီအစဉ် (၉)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်