သတင်းရင်းမြစ် - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၁/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်)
(မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၇၀)မိုင် ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု (၁၅.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၂)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၂၄)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။
(င) အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဒီလိုဖြစ်နေတာ ဘာရောဂါလဲဗျာ လိုလိုဆေးတွေနဲ့ကုသရမလဲဆိုတာ ပြောပေးပါအုံး ဆရာတို့ (ခရမ်းကအခုမှစိုက်ဖူးတာပါ)
ကိုငြိမ်းဦး • ဖြေကြားချက် 0 ခု
ကျွန်တော့်မတ်ပဲခင်းမှာအလိုအကောင်လေးတွေ့ရလို့ဘာဆေးသုံးရမလည်း ပြောပြကြပါအုံးဆရာတို့ရေ
zin min htet • ဖြေကြားချက် 0 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ
htike thu • ဖြေကြားချက် 1 ခု
မတ်ပဲ ရေလိုက်ကြဲမလို့ ပေါင်းသက်ဆေး ထိုးပီ ကြဲလိုက်လို့ အဆင်ပြေမလား ခုတ်ဖုံးလုပ်ဖို့ကျ မြတ်ရမ်းခတွေနဲ့ အဖိုးအခတွေပိုများသွားမလာလို့ အကြံပြုပါ
ကိုကောင်းကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from မိုးဇလ
အားလုံး