တစ်ဧက တန် (၈၀) အထက် ထွက်ရှိမည့် တစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်းစနစ်
ကြံမျိုးရွေးချယ်ခြင်း
အထွက်နူန်းကောင်း၍ လက်ရှိတောင်သူများ လက်ခံပွားများ စိုက်ပျိုးနေသော အထွက်ကောင်း မျိုးများအား အသုံးပြု စိုက်ပျိုးရပါမည်။ ကြံမျိုးအနေဖြင့် မျက်လုံးဖူး (၁၀-၁၂) ဖူးပါ ကြံပင် ၄၅၀ - ၅၀၀ (၁ တန်) ခန့်သာ လိုအပ်ပါသည်။
ကြံမျိုးစီရင်ခြင်း
ပိုးမွှားရောဂါကင်းစင်သော သက်နု ကြံချောင်းများမှ ကြံတစ်ဆစ်ပိုင်းမျိုး (မျက်လုံးဖူး) များအား ကြံမျက်လုံးဖူး ဖဲ့ထုတ်သောကိရိယာ (သို့မဟုတ်) ဓါးထက်ထက်ဖြင့် ခုတ်ပိုင်းရပါမည်။ (ခုတ ပိုင်းပြီး ထွက်ရှိလာသော ဆစ်ကြားကြံအပိုင်းအစများအား ကြိတ်ဝါးကြံအဖြစ် ပေးသွင်းနိုင်ပါ သည်။) မှိုရောဂါ ကာကွယ်ရန်အတွက် ကြံတစ်ဆစ်ပိုင်းမျိုးများအား Topsin ဆေးရည် (၁၀၀) ဂရမ် နှင့် ရေ (၂၂) ဂါလန် (သို့မဟုတ်) ထုံး (၄) ပိဿာနှင့် ရေ (၁၀၀) ဂါလန်တွင် နာရီဝက်ခန့် စိမ်ပေးရပါမည်။ မျက်လုံးဖူးများ နိုးကြားလာပြီး အပင်ပေါက်မြန်စေရန်အတွက် ပလပ်စတစ် အိတ်ကြီးများအတွင်း ထည့်ပြီး (၁) ရက်ခန့် ထားပေးရပါမည်။
ပျိုးထောင်ခြင်း
ပလပ်စတစ်ခွက်/ ပလပ်စတစ်အိတ်/ ပျိုးတန်းဖြင့် ပျိုးထောင်နိုင်ခြင်း ကြံကြိတ်ဖတ် (သို့) အုန်း ဆံဖတ်ဆွေးအား ဖွဲပြာနှင့် ရော၍ ခွက်/ အိတ်/ ဘန်းအတွင်း တစ်ဝက်ထိထည့်ပြီး ကြံမျက်လုံးဖူး ကို အပေါ်ထား၍ ထည့်ပေးကာ အပေါ်မှထပ်ဖြည့် ဖုံးပေးရပါမည်။ (မြေဆွေး၊ စက်ဖွဲပြာ၊ သဲ (၂: ၁: ၁) ရောစပ်ပြီးလည်း အသုံးပြုနိုင်ပါသည်။
ပျိုးပင်သက်တမ်းတလျှောက် ရိပ်ကြဲစင်အောက်တွင် ထားရှိရပါမည်။ အစိုဓါတ်အပေါ်မူတည်၍ ရေပန်းကရားဖြင့် ရေလောင်းပေးရပါမည်။ (၅ - ၇) ရက်အတွင်း အပင်စတင်ပေါက်ပြီး (၁၅) ရက်အတွင်း အပင်ပေါက်စုံပါသည်။ အရွက် (၂) ရွက် ထွက်ချိန်မှစ၍ ရေကိုတိုးမြှင့်လောင်း ပေး ရပါမည်။ ပျိုးပင် (၂၅ - ၃၀) ရက်သားတွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ပြောင်းရွှေ့မစိုက်မီ ပျိုးခင်းအား (၁) ရက် ရေဖြတ်ပေးရပါမည်။
မြေပြုပြင်ခြင်း
ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ရရှိစေရန် ထယ် (၂) လွှာ၊ ထွန် (၄) လွှာ ထွန်ယက်ပေး ရပါမည်။ မြေပြုပြင်စဉ်တွင် မြေခံအဖြစ် နွားချေး (၁၀) စီးမှ (၂၀) စီး (၅ တန်) ခန့် ဖြန့်ထည့် ပေးပြီး အစိုဓါတ်ဆုံးရှုံးမှု နည်းပါးစေရန် ကြမ်းရိုက် နှပ်ထားပေးရပါမည်။ အစိုဓာတ်အနေတော် တွင် စိုက်မြောင်းတစ်ခုနှင့်တစ်ခု (၅ ပေခွဲ) ခြား၍ စိုက်မြောင်း ဖော်ပေးရပါမည်။
စိုက်ပျိုးခြင်း
ပျိုးပင်များအား ပျိုးထုပ်စည်းမပျက်အောင် ရွှေ့ပြောင်း စိုက်ပျိုးရပါမည်။ စိုက်မြောင်းအတွင်း မြေအောင်းပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာများ ထည့်သွင်းပေးရပါမည်။ စိုက်မြောင်းအတွင်း ပင်ကြား (၉ လက်မ) ခြားပြီး ပျိုးပင်တစ်ပင်နှင့် တစ်ပင် မျက်နှာချင်းဆိုင် ထောင့်ဖြတ်ပုံစံ မြေချ စိုက်ပျိုးရပါမည်။
မစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးပါက ရေလောင်း (သို့မဟုတ်) ရေအနည်းငယ် သွင်းပေးရပါမည်။ အရန်ပျိုးပင်များအားထား၍ ဆက်လက်ပြုစုပြီး စိုက်မြောင်းအတွင်း ပင်သေပင်ပျောက်ရှိက ချက်ချင်း ဖာထေးစိုက်ပျိုးပေးရမည်။ (သက်တူ/ရွယ်တူပျိုးပင်ဖြစ်ရပါမည်။)
အပင်ပြုစုခြင်း
ပေါင်းမြက်နှိမ်နင်းခြင်းအား မျိုးပိုင်းချစိုက်ပျိုးပြီး (၄) လသားအတွင်း ကင်းစင်အောင် ဆောင် ရွက်ပေးရပါမည်။ ကြံပင်ပွားထွက်ချိန် ကြံပင်သက်တမ်း (၉၀ - ၁၂၀) ရက်သားအတွင်း အစို ဓာတ် လုံလောက်အောင် သွင်းရေစီစဉ်၍ ယူရီးယားဓာတ်မြေသြဇာကို (၂ - ၃) ကြိမ်ခွဲထည့်ပြီး ဘောင်လုံးပေးရပါမည်။ ကြံပင်ယိုင်လဲမှုမှ ကာကွယ်ရန် မိုးဦးကျ ကာလတွင် ဘောင်ကြီးလုံး ခြင်းကို မဖြစ်မနေ ဆောင်ရွက်ပေးရပါမည်။
ကြံခင်းအား လေဝင်လေထွက်ကောင်းပြီး ပိုးမွှားများခိုအောင်းမှု မရှိစေရန် ကြံပင်သက်တမ်း တစ်လျှောက် အောက်အရွက်များ ဝါခြောက်လာပါက ကြံရွက်ချပေးရပါမည်။ (ကြံပင်ပေါ်တွင် အစိမ်းရောင်ကြံရွက် (၁၀) ရွက်မှ (၁၂) ရွက်ခန့် ကျန်ရှိရပါမည်။) ကြံခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ၊ ဆောင်ရွက်ပေးရပါမည်။ ပိုးမွှားရောဂါ ကျ ရောက်မှုများကို မျက်ခြေမပြတ်စစ်ဆေး၍ ကျရောက်မှုရှိပါက ချက်ချင်း ကာကွယ်နှိမ်နှင်း ရပါ မည်။
ရိတ်သိမ်းခြင်း
မျိုးအတွက် ခုတ်သိမ်းမည်ဆိုပါက သက်တမ်း (၈ - ၉) လသားတွင် ခုတ်သိမ်းရပါမည်။ ကြိတ် ဝါးကြံအတွက် ကြံပေးသွင်းရောင်းချနိုင်ရန် နှင့် ချိန်ကိုက်၍ ခုတ်သိမ်းရပါမည်။ လပိုင်း ဆက် လက် ပြုပြင်ရန်အတွက် သက်တမ်း (၁၂) လ မကျော်လွန်မီ ခုတ်သိမ်းရပါမည်။ အလေအလွင့် မရှိစေရန်အတွက် ကြံပင်ခြေမြေကြီးနှင့်ကပ်၍ ခုတ်သိမ်းရပါမည်။ ကောက်သင်းကောက်ခြင်း အား မဖြစ်မနေ ဆောင်ရွက်ပေးရပါမည်။
အထွက်နူန်း
တန်းကြား (၅ပေခွဲ) ပင်ကြား (၉ လက်မ) ရှိ၍ အပင်ဦးရေများပြီး ပင်ပွားများသဖြင့် တစ်ဧက အထွက်နူန်း တန် (၈၀) နှင့် အထက် ထွက်ရှိနိုင်ပါသည်။
အကျိုးကျေးဇူး
တစ်ဆစ်ချင်း ပျိုးထောင်စိုက်ပျိုးနည်းစနစ်သည် ကမ္ဘာတွင် ဒုတိယကြံအများဆုံး စိုက်ပျိုးထုတ် လုပ်သည့် အိန္ဒိယနိုင်ငံတွင် လက်ရှိ အသုံးပြုအောင်မြင်နေသော စိုက်နည်းစနစ်ဖြစ်ပြီး ကြံ တောင်သူများ လိုက်နာကျင့်သုံး စိုက်ပျိုးလာပါက အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။
(က) ကြံမျိုးအသုံးပြုမှုနည်း၍ မျိုးအတွက် ကုန်ကျစာရိတ် သက်သာခြင်း၊
(ခ) ကြံတစ်ဆစ်ပိုင်းမျိုးခုတ်ပြီး ထွက်ရှိလာသော ဆစ်ကြားကြံ အပိုင်းအစများအား ကြိတ်ဝါး ကြံအဖြစ် ပေးသွင်း၍ အပိုဝင်ငွေရရှိနိုင်ခြင်း။
(ဂ) အပင်ပေါက်နူန်း ညီညာကောင်းမွန်ခြင်း။
(ဃ) ပင်ပွားညီပြီး များခြင်း။
(င) စိုက်ခင်းအား မြေပြုပြင်ပြင်ဆင်ချိန် ပိုမိုရရှိခြင်း။
(စ) မြေသြဇာများ အလေအလွင့်မရှိ ထိရောက်စွာ အသုံးပြုနိုင်ခြင်း။
(ဆ) လေနှင့် နေရောင်ခြည်ကို ပိုမိုရရှိခြင်း။
(ဇ) ထိရောက်စွာ ပေါင်းနှိမ်နင်းခြင်း။
(ဈ) ရေသွင်း/ ရေထုတ်လွယ်ကူခြင်း။
(ည) တစ်ဧက တန် (၈၀) ထွက်ရှိနိုင်သဖြင့် စိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်ပိုမိုရရှိခြင်း။
စိုက်ပျိုးရေးဦးစီးဌာန
ဦးမင်းထွန်း
လွန်ခဲ့သော ၁ နှစ် ကမဂ်လာပါဆရာခင်ဗျာ။ "စိုက်မြောင်းအတွင်း ပင်ကြား (၉ လက်မ) ခြားပြီး ပျိုးပင်တစ်ပင်နှင့် တစ်ပင် မျက်နှာချင်းဆိုင် ထောင့်ဖြတ်ပုံစံ မြေချ စိုက်ပျိုးရပါမည်" ဆိုသည့်အဓိပ္ပါယ်အား နားလည်လွယ်အောင် ကျေးဇူးပြုပြီး အနည်းငယ်ရှင်းပြပေးစေလိုပါတယ်ဆရာခင်ဗျာ။ အထူးသဖြင့် "ပျိုးပင်တစ်ပင်နှင့်တစ်ပင် မျက်နှာချင်းဆိုင် ထောင့်ဖြတ်ပုံစံ" အား နားမလည်ခြင်းဖြစ်ပါတယ် ဆရာခင်ဗျာ။
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
၁၃၅ရက်ရေဆင်းပေါ်ဆန်းစပါးမှိုကပ်ချိန်မြေဩဇာထည့်သွင်းချိန်သိချင်ပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....