အစိမ်းရောင်လမ်းက ဝါးနည်းပညာဆောင်းပါးတွေ ဖတ်ကြည့်ပြီးပြီလား။ ဝါးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BIF နဲ့ ပူးပေါင်းပြီး ဝါးနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေကို အစိမ်းရောင်လမ်းမှ တင်ပေးထားပါတယ်။ အစိမ်းရောင်လမ်းဆော့ဝဲလ်ကို သုံးပြီး နည်းပညာတွေ လေ့လာကြတဲ့ ဝါးတောင်သူတွေကလည်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ BIF တောင် အံ့သြသွားရတယ်။ အခုတော့ ဝါးနဲ့ ပတ်သက်တဲ့ နည်းပညာတွေပိုမိုထောက်ပံ့နိုင်ဖို့ သူတို့တွေနဲ့ အတူ ဘာတွေ ဆက်လုပ်နိုင်မလဲဆိုတာ စဉ်းစားနေကြပါတယ်။
ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အကိုအမတို့ရဲ့ အကြံပြုချက်တွေကို ရယူလိုပါတယ်။ ဒါကြောင့် ဝါးနဲ့ သက်ဆိုင်တဲ့ စစ်တမ်းလေးကို ဖြေဆိုပြီး အကြံပြုပေးကြပါနော်။
ဖြေဆိုပေးမယ့်သူတွေကိုလည်း ဖုန်းဘေလက်ဆောင်တွေ ပေးသွားဖို့ ရှိတာကြောင့် ဒီလင့်လေးကို နှိပ်ပြီး ဖြေပေးပါနော်။ ဝါးစိုက်တဲ့တောင်သူ၊ ပညာရှင် စတာတွေကို မေးတာကြောင့် သင့်သီးနှံမှာ ဝါးတော့ ထည့်ထားပေးမှာ စစ်တမ်းက ပေါ်လာမှာပါနော်။
https://greenway.page.link/BIFbamboo ကို နှိပ်လိုက်တာနဲ့ ဝါးစစ်တမ်းကို တန်းပွင့်သွားမှာပါ။ ဆက်ပြီး မေးခွန်းတွေကို ဖြေပေးရုံပါပဲ။
နှိပ်ပါ - https://greenway.page.link/BIFbamboo
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်