စစ်တမ်းဖြေဆိုပြီး ကုန်သွယ်ရေးဆိုင်ရာ အသိပညာများ.... ရယူကြစို့

06/01/2023 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Greenovator (Green Way - အစိမ်းရောင်လမ်း) နဲ့ UNCTAD တို့ ပူးပေါင်းပြီး လက်ဖက်၊ ဂျင်းနှင့် ထောပတ်စိုက်တောင်သူများအတွက် ကုန်သွယ်ရေးဆိုင်ရာ အသိပညာမျှဝေခြင်းကို ပြုလုပ်သွားမဲ့ အစီအစဉ်လေးတစ်ခုရှိပါတယ်ရှင့်

ဒီအစီအစဉ်လေးကိုလုပ်ဆောင်ဖို့အတွက် တောင်သူတွေကဘာတွေလိုအပ်တယ် ဘယ်လိုလုပ် ဆောင်ပေးစေချင်လဲ ဆိုတာတွေကို အစိမ်းရောင်လမ်းက သိရှိဖို့လိုအပ်ပါတယ်နော်

ဒါကြောင့် စစ်တမ်းလေးတစ်ခု လုပ်ထားပါတယ်ရှင့်

စစ်တမ်းကိုဖြေဆိုမယ်ဆိုရင် လူကြီးမင်းက ဂျင်း၊ လက်ဖက် နှင့် ထောပတ် ကိုအမှန်တကယ် စိုက်ပျိုးထုတ်လုပ်သူဖြစ်ရမှာဖြစ်ပြီးတော့ 

အစိမ်းရောင်လမ်းဆော့ဝဲ အကောင့်ဖွင့်စဉ်မှာ အထက်ပါ သီးနှံတစ်ခုခုကို ကျွမ်းကျင်သီးနှံအဖြစ် ရွေးချယ်ထားမှသာ စစ်တမ်းထဲကို ဝင်ရောက်ချိန်မှာ မေးခွန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

စစ်တမ်းလေးကို ဖြေဆိုချင်ရင်တော့ ဇန်နဝါရီ ၁၅ ရက်နောက်ဆုံးဖြေဆိုပေးရမှာပါနော် အမျိုးတို့.....

ဝင်ရောက်ကူညီဖြေဆိုကူညီပေးဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်ရှင့်

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်