ငုံးစနစ်တကျ မွေးမြူနည်း အပိုင်း (၂)

14/11/2022 18:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မြန်မာနိုင်ငံတွင်ရှိသော ငုံးမျိုးများ၊ မွေးမြူနည်းနှင့် ငုံးခြံတည်ဆောက်နည်းတို့ကို အပိုင်း (၁) တွင်ဖော်ပြခဲ့ပြီး ဖြစ်သောကြောင့် ဆက်လက်ပြီး ငုံးအစာကျွေးမွေးမှုနည်းစနစ်၊ ငုံးတစ်ကောင်၏ တစ်ရက် ပျှမ်းမျှ အစာစားနှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းတွေကို ဆက်လက်ဖော်ပြပေးလိုက်ပါသည်။

ငုံးအစာကျွေးမွေးမှုစနစ်

- ငုံးများကိုအစာကျွေးမွေးရာ၌ စနစ်တကျရောစပ်ကျွေးမွေး ပါက အာဟာရဖြစ်ထွန်းပြီး ‘ဥ’ ဥနှုန်း မြင့်မားလာပါမည်။

- ပြောင်း၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်နှင့် ငါးမှုန့်တို့သည် ငုံးများအတွက် အာဟာရဓာတ်ကြွယ်ဝသော အဓိက အစာများဖြစ်ကြပါသည်။ 

- သတ္တုဓာတ်နှင့် ဗီတာမင်များကလည်း မပါမဖြစ် အရေးပါလှပေသည်။ ဗီတာမင်ဓာတ်ချို့တဲ့ပါက ဥ ဥနှုန်းကျဆင်းကာ ဥ သက်တမ်းလည်း တိုတောင်းလာပါသည်။

- ငုံးအစာတွင် ပရိုတင်းဓာတ် ၂၂ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၅ ရာခိုင်နှုန်း အချိုးညီညီ ပါဝင်ရပါမည်။

- ငုံးမွေးမြူရာတွင် ရေသည် အစာကိုကြေညက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရာတွင် အထောက်အကူပြုသောကြောင့် ၂၄ နာရီ ရေအမြဲရရှိရန်လိုအပ်ပါသည်။

ငုံးတစ်ကောင်၏ တစ်ရက်ပျှမ်းမျှအစာစားနှုန်း

၄ ပတ်သားငုံး - ၁၅ ဂရမ်(၀ ဒသမ ၉ ကျပ်သား)

၅ ပတ်သားငုံး - ၁၅ ဂရမ်(၀ ဒသမ ၉ ကျပ်သား)

၆ ပတ်သားငုံး - ၁၈ ဂရမ်(၁ ဒသမ ၁ ကျပ်သား)

၇ ပတ်သားငုံး - ၂၁ ဂရမ်(၁ ဒသမ ၂ ကျပ်သား)

၈ ကျပ်သားငုံး -၂၄ ဂရမ်(၁ ဒသမ ၄ ကျပ်သား)

ကျန်းမာရေးစောင့်ရှောက်မှု

- ငုံးများကို မွေးမြူရာတွင် ပုံမှန်သန်ချဆေးပေးရန် လိုအပ်ပါသည်။

- ငုံးများတွင် ချေးဖြူရောဂါ၊ လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများဖြစ်ပွား တတ်သဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါသည်။ 

- ဝမ်းရောဂါဖြစ်ပွားပါက ရုတ်တရက်သေဆုံးနိုင်သဖြင့် အစာနှင့်ရေတွင် ဆေးထည့်ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားရန်လိုအပ်ပါသည်။

ထုတ်လုပ်မှုနှင့် စားသုံးမှု

         ယခုအခါ တရုတ်နိုင်ငံ၌ တစ်နှစ်လျှင် ငုံးဥပေါင်း ၄၉၀၀၀၀ မက်ထရစ်တန်နှုန်းဖြင့် အများဆုံး ထုတ်လုပ်လျက် ရှိပြီး တရုတ်ရိုးရာအစားအစာနှင့် နာမည်ကြီးဟင်းလျာ အများစုတွင် ငုံးဥသည် မပါမဖြစ် ပါဝင်လျက်ရှိပါသည်။

     ကမ္ဘာ့နာမည်ကြီးဟင်းလျာများတွင်လည်း ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ငုံးသားမှာ လည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များလှပေသည်။

   မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဌမမြောက်ငုံးဥ အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ငုံးဥပေါင်း ၅၅၀၀၀ မက်ထရစ်တန်ခန့်ထုတ်လုပ်လျက်ရှိပါသည်။

တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းသောငုံးဥများသည် ငုံးမွေးမြူရေးအများဆုံးလုပ်ကိုင်သော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မုံရွာမြို့မှ ထွက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ငုံးဥကို သရေစာအဖြစ်စားသုံးခြင်း၊ ဟင်းချက်ရာတွင်ထည့်ခြင်းများ ပြုလုပ်ပြီး ငုံးကင်နှင့် ငုံးကြော်မှာလည်း မြန်မာလူမျိုးများအကြိုက် အစားအစာဖြစ်ပေသည်။

ငုံးဥနှင့် ငုံးသားတို့၏ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ 

     ငုံးဥတွင် အသားဓာတ်၊ သံဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်းနှင့် ဘီတူး ၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့် အခြားသတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပေသည်။

         ငုံးသား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ် ၂၅ ဂရမ်၊ အဆီဓာတ် ၁၄ ဂရမ်၊ကယ်လိုရီဓာတ် ၂၂၇ တို့ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓာတ်နှင့် သကြားဓာတ်များ မပါဝင်ပါ။ ထို့အပြင် ငုံးသားတွင် သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် B-3 နှင့် B-6 များ ကြွယ်ဝစွာပါဝင်ပေသည်။

ငုံးဥ စားခြင်းဖြင့် ခုခံစွမ်းအားကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုဖြစ်စဥ်ကို တိုးတက် စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာ စေခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း အစရှိသည့် အကျိုး ကျေးဇူးများစွာကို ရရှိစေရပါသည်။

အဘက်ဘက်မှ အသုံးဝင်သော ငုံးမွေးမြူရေးလုပ်ငန်း

         ငုံးမွေးမြူရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်ဆောင် ရွက်ခြင်းဖြင့် အာဟာရပြည့်ဝသောအသား၊ ဥများ ရရှိသည့် အပြင် ငုံးချေးများကိုလည်း သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သောကြောင့် အဘက်ဘက်မှ အသုံးဝင်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ငုံးစနစ်တကျမွေးမြူနည်း အပိုင်း(၁) ကိုဖတ်ရှုလိုပါက

https://greenwaymyanmar.com/posts/Quail_Farming

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်