"ဒုတိယအကြိမ်မြောက် မြန်မာ့လက်ဖက်ပွဲတော်၊ မြန်မာ့ကျွဲကောသီးပွဲတော်နှင့် သစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် ကုန်စည်ပြပွဲ ၂၀၁၈"

11/10/2018 17:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပတဲ့ "ဒုတိယအကြိမ်မြောက် မြန်မာ့လက်ဖက်ပွဲတော်၊ မြန်မာ့ကျွဲကောသီးပွဲတော်နှင့် သစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် ကုန်စည်ပြပွဲ ၂၀၁၈" ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြပွဲမှာဆိုရင် မြန်မာ့လက်ဖက်အထူးပြု အစားအစာများ၊ တီထွင်ဆန်းသစ်သော ချက်ပြုတ်စားသောက်နည်းများ၊ မြန်မာ့ကျွဲကောမျိုးများ၊ အခြားသစ်သီးဝလံ နှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်းပြခန်းများပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်မှာနော်။

အဲ့ဒါကြောင့် မြန်မာ့လက်ဖက်နှင့် ကျွဲကောသီးချစ်သူများ၊ သစ်သီးဝလံချစ်သူများ နှင့် စိုက်ပျိုးရေးကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ကြွရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နေရာကတော့ - ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ MCV Hall 

အချိန်ကတော့ -  အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်ထိ (၃) ရက်တိုင်တိုင် နံနက် (၉) နာရီ ကနေ ညနေ (၅) နာရီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့  လာရောက်လေ့လာကြဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါရစေ။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်