နေကြာ တစ်ဧက တင်း (၅၀) ပန်းတိုင် အထွက်နှုန်း ရရှိရန် နည်းပညာ
၁။ မျိုး
နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ် နည်းပါးခြင်း၊ အပျက်အစီး နည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူ ပြုနိုင်သည့် သီးနှံ ဖြစ်ပါသည်။ နေကြာ တစ်ဧက တင်း (၅၀) ပန်းတိုင် အထွက်နှုန်း ရရှိရန်
၁။ မျိုးအထွက်ကောင်းမျိုးများ ဖြစ်သည့် စပ်မျိုးနေကြာ၊ ရေဆင်းစပ်မျိုး-၁၊ နိုင်ငံတော် မျိုးစေ့ကေ်ာမတီမှ အတည်ပြုထားသော နိုင်ငံခြား စပ်မျိုးများနှင့် OPV မျိုးဖြစ်သည့် ဆင်းရွှေကြာ- ၂ မျိုးများ အသုံးပြုပါ။
အရည်အသွေး ကောင်းမွန်၍ အပင်ပေါက် ၈၀ ရာခိုင်နှုန်း အထက်ရှိသော မျိုးများကို အသုံးပြုရန်။
၂။ စိုက်စနစ်
(က) စိုက်ချိန်
စိုက်ချိန် မှန်ကန်စွာ စိုက်ပျိုးရန်။ (မိုး- မေ၊ ဇွန် ဆောင်း- စက်တင်ဘာ၊ အောက်တိုဘာ)
(ခ) မြေအမျိုးအစား
မြေသားနက်၍ မွပြီး မြေဆီအာဟာရ ထက်သန်သောမြေနှင့် နုန်းမြေတွင် စိုက်ပါ။ ရေစိမ့်အားကောင်းပြီး ရေမဝပ်သော မြေဖြစ်ရမည်။ မြေချဉ်ငံကိန်း (pH) ၆.၀ မှ ၇.၅ ဖြစ်ရမည်။
(ဂ) အပင်ဦးရေ
တန်းကြား (၂) ပေနှင့် ပင်ကြား (၉) လက်မထား၍ တစ်ကျင်း (၃-၅) စေ့ စိုက်ပျိုးရန် (အပင် ဦးရေ ၂၉၀၀၀ ကျော်)
(ဃ) သားခွဲခြင်း
တစ်ကျင်း (၁) ပင် ချန်၍ (၁၅) ရက်သားအတွင်း အပြီး သားခွဲရန်။
(င) ရေပေးသွင်းခြင်း
အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှု မရှိစေရန်နှင့် ရေပေးသွင်းနိုင်ပါက အဖူး ၇၅ % ဝင်ချိန်နှင့် ပန်း ၇၅ % ဝင်ချိန် ရေပေးသွင်းရန်။ ရေပေးသွင်းချိန်တွင် ရေမဝပ်စေရန် အရေးကြီးပါသည်။
(စ) ပျားအုံများ ထားရှိခြင်း
ဖြစ်နိုင်သော ဒေသများ၌ နေကြာ စိုက်ခင်းများတွင် ပျားအုံများ ထားရှိရန်။
၃။ သွင်းအားစု
(က) သဘာဝမြေသြဇာ
မြေပြင်ချိန်တွင် နွားချေးဆွေး (သို့မဟုတ်) မြေဆွေးကို ၁ တန်မှ ၃ တန်အထိ ထည့်သွင်းပေးရန်။ (၁ တန်= ၁၂၅ တင်း)
(ခ) ဓာတ်မြေသြဇာ
မြေပြုပြင်ချိန် တစ်ဧကကို ယူရီးယား ၁၅ ပိဿ၊ တီစူပါ ၁၅ ပိဿနှင့် ပိုတတ်ရှ် ၁၅ ပိဿနှင့် အဖူးဝင်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿနှင့် ပန်းစပွင့်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿနှုန်း အသုံးပြုရပါမည်။
၄။ အပင်ကာကွယ်ရေး
(က) ပေါင်းမြက်
ပေါင်းမြက်များကို အပင်ပေါက်ပြီး (၄၀) ရက်သားအတွင်း နှိမ်နင်းပေးရန်။
(ခ) ပိုးမွှား
အပင်ငယ်စဉ်တွင် ဖြုတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများ ကျရောက်တတ်သဖြင့် အချိန်မီ ကာကွယ်ရန် လိုအပ်ပါသည်။ အစေ့အဆန် တည်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် ရွက်စုံစား ခူဝါများ ကျရောက်တတ်ပါသည်။ ထိသေ ပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
(ဂ) ရောဂါ
နေကြာပင်ငယ်များတွင် မှိုရောဂါ ကျရောက်တတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ် စိုက်ပျိုးရန်။ နေကြာ ရွက်ခြောက် ရောဂါ ဆိုးရွားစွာ ကျရောက်ပါက ပွင့်ဖူးဝင်ချိန်မှစ၍ မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းရန်။
၅။ ရိတ်သိမ်းနည်းစနစ်
နေကြာပွင့် နောက်ကျောဘက် အဝါရောင် သမ်းလာချိန် ရိတ်သိမ်းရန်။ ရိတ်သိမ်းပြီး နေကြာပွင့်အား တစ်ပွင့်နှင့် တစ်ပွင့် မထပ်စေဘဲ (၂-၃) ရက် နေလှန်း အစေ့ခြွှေရန်။ အစေ့တွင်း အစိုဓာတ် (၅-၆) ရာခိုင်နှုန်းထိ ရရှိရန် (၂-၃)ရက် နေလှန်း၍ လေလုံအောင် သိုလှောင်ရန်။
မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် နည်းပညာများအား ပြန်လည် မျှဝေပါသည်။
BhaiBhai
လွန်ခဲ့သော ၉ လ ကဘယ်နှစ်လဆိုနေကြာကပန်းပွင့်လဲဗျ
Minn Thawe Aung
လွန်ခဲ့သော ၄ နှစ် ကဖတ်လို့မရဘူး ခေါင်းစဥ်ပဲပေါ်ပြီး ပါဝင်ဆွေးနွေးသလိုပါကြီးပဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 5 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020