အခွံပါဝါးစားလို့ရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဂျပန်ငှက်ပျောသီး

03/03/2023 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ငှက်ပျောသီးကို အစိမ်းရောင်လမ်းကမိတ်ဆွေတွေ စားဖူးကြတယ်... ဟုတ်။

ဈေးကရောဘယ်လောက်များလဲ...တစ်လုံးကို အလွန်ဆုံးမှ ကျပ် ၁၀၀၀ အောက်ပေါ့နော။

ဂျပန်မှာတော့ ငှက်ပျောသီးတစ်မျိုးက တစ်လုံးကို  9 dollar ဆိုပဲ။ အခုမြန်မာကျပ်ငွေ ပေါက်ဈေးနဲ့ဆို ၂ သောင်းခွဲလောက်ထိ ရှိနေတာပေါ့။

မြန်မာလူမျိုးတွေက လွယ်လွန်းတဲ့ကိစ္စတစ်ခုဆို ငှက်ပျောသီးအခွံခွာစားရသလောက်ပါပဲလို့ တင်စား ပြောလေ့ရှိပါတယ်။ ဂျပန်ငှက်ပျောသီးကတော့ Next level (နောက်တစ်ဆင့်) ကို ရောက်သွားပါပြီ။ လွယ်ချက်များ အခွံတောင်ခွာစားစရာမလိုတော့ဘူးတဲ့။

အဲ... သူ့အရသာကလည်း ဘယ်လိုပြောရမလဲဆိုတော့...စားတဲ့သူတိုင်း မျက်လုံးပါပြူးရလောက်တဲ့ အထိ ကောင်းနေရောဆိုပဲ..။

ဒီငှက်ပျောသီးမျိုးရဖို့ကိုလည်း အကြိမ်ပေါင်းများစွာ စနစ်တကျနဲ့ မျိုးစပ်ထားရပါတယ်တဲ့။ ဒါကြောင့် လည်း ငှက်ပျောသီးအခွံကိုပါ စားလို့ရနိုင်နေတာပေါ့ရှင်။

ဒီငှက်ပျောသီးကို စိုက်ဖို့ဆိုရင်တော့ Green House (ဖန်လုံအိမ်) ထဲမှာ မြေပြင်တဲ့အဆင့်ကနေစလို့ မျိုးစေ့ချတဲ့အဆင့်ထိကို သေသေချာချာ ဂရုတစိုက်နဲ့ လုပ်ဆောင်ကြပါတယ်တဲ့။

စိုက်နည်းကတော့ အိုးလေးထဲမှာ သေချာပြင်ထားတဲ့စပ်မြေကို ထည့်... မျိုးစေ့ကနေစိုက်ထားပြီး ၃ လကြာတဲ့အခါမှာတော့ မြေပြင်ကို ပြောင်းရွှေ့စိုက်ပျိုးပါတယ်။

အပင်ချစိုက်ပြီးသွားလို့ ရေလောင်းတဲ့နေရာမှာလည်း စနစ်တကျနဲ့ကို ဂရုစိုက်လုပ်ဆောင်ကြရပါတယ်။ ဂျပန်လူမျိုးပီပီ အသေးစိတ်လေးတွေကအစ ဂရုတစိုက်နဲ့ကို လုပ်သွားတာပါ။

အမှန်တကယ်တော့လေ... ဂျပန်နိုင်ငံမှာက ငှက်ပျောသီးကို သာမန်အတိုင်း စိုက်ပျိုးမဖြစ်ထွန်းနိုင်ပါဘူး။

နွေရာသီမှာလည်း အေးတယ်။ ဆောင်းရာသီမှာဆိုလည်း အေးစိမ့်နေတဲ့အပြင် နှင်းတွေပါ ဖုံးလွှမ်းနေတဲ့ တိုင်းပြည်ပါ။

ဒါပေမဲ့လည်း သူတို့ရဲ့ဂရုစိုက်မှုနဲ့ နည်းပညာအောက်မှာ စိန်ခေါ်မှုအားလုံးက ကျရှုံးကြရပါတယ်

ချစိုက်ထားတဲ့ အပင်လေးတွေရဲ့ဘေးမှာ ဘေးသားတက်လေးတွေပေါက်လာခဲ့ရင် ဆွဲနုတ်ပစ်ပါတယ်။ ဒီလိုဖယ်ရှားပေးမှလည်း မိခင်အပင်ကြီးက ကောင်းစွာ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ တို့နိုင်ငံမှာလို မနှမြောနေကြပါဘူးနော်။ ချစိုက်ပြီး ၃ လလောက်ကြာပြီးချိန်မှာတော့ အပင်က ၂ မီတာလောက် မြင့်လာ ပြီ။ လေပေးတဲ့စနစ်ကိုလည်း အဆက်မပြတ် ဖွင့်ထားပေးတာဆိုတော့ ဖန်လုံအိမ်ထဲမှာ ငှက်ပျော ပင်တွေက ကောင်းစွာရှင်သန်ကြီးထွားနေကြပါတယ်။

၄ လကြာရင်တော့ ငှက်ပျောသီးလေးတွေ စသီးပါပြီ။ ပိုပြီးဂရုစိုက်ဖို့လိုသလို သတိလည်းထားလာရတဲ့ အချိန်ပါ။ ရေသွင်းတဲ့အခါမှာလည်း သန့်တဲ့ရေပဲသွင်းပြီး ပိုးသတ်ဆေး လုံးဝမသုံးပါဘူး။ ဒါကြောင့် ဒီအသီးတွေက ၁၀၀ ရာခိုင်နှုန်းစစ်စစ် အောဂဲနစ်ပါပဲ။ ဘယ်လောက်တောင် အသီးလေးတွေ သန့်ရှင်း နေဖို့ ဂရုစိုက်လဲဆို Spray ဘူးလေးနဲ့ အသီးလေးတွေကိုဖျန်းပြီး တစ်လုံးချင်းစီကို ပြောင်ချောနေ အောင် လိုက်လံသုတ်ပေးကြတဲ့အထိပါပဲ။

စိုက်ပြီး ၆ လကြာရင်တော့ ငှက်ပျောသီးလေးတွေ ခူးဆွတ်လို့ရပါပြီ။ ခူးထားတဲ့အသီးတွေကို မှည့်ပြီး အဝါရောင်ပြောင်းတဲ့အထိ အထူးအခန်းထဲမှာ အုပ်ထားကြရပါတယ်။ မှည့်ပြီဆိုမှ ဈေးကွက်ပို့။ ဝယ်စားသူက တစ်လုံးလုံး ဝါးစားပစ်လိုက်ရုံပါပဲ။

အရိုးသားဆုံးပြောရရင် စာရေးသူကိုယ်တိုင်လည်း ဒီလိုငှက်ပျောသီးကို မစားဖူးပါဘူး။

ဘာကြောင့်များ ဒီလောက်ထိ တန်ဖိုးမြင့်မားနေလဲဆိုတာကို အားလုံးသိရှိဖို့အတွက် ဗဟုသုတအလို့ငှာပဲ ရှာဖွေ ပြီး ရေးသားထားတာဖြစ်ပါတယ်။

အခုလောက်ဆို သူတို့နိုင်ငံမှာ သာမန်အခြေအနေမှာ မရှင်သန်နိုင်တဲ့ အပင်ရဲ့အသီးကို ရအောင် စိုက်သွားတဲ့အပြင် ဈေးအကြီးဆုံးရအောင်ပါ လုပ်ဆောင်သွားတဲ့ ဂျပန်တွေရဲ့ နည်းပညာနဲ့ အပင် လေးတွေအပေါ်ဂရုစိုက်မှုအကြောင်းကို ဦးကြီးတို့ ခန့်မှန်းမိလောက်ပြီ ထင်ပါရဲ့...။ အားကျတယ်ဆိုရင် လည်း သူတို့ကို အတုယူလိုက်လံလုပ်ဆောင် အောင်မြင်နိုင်ကြပါစေရှင့်။

 Ref: https://www.youtube.com/watch?app=desktop&v=qfVscq56anw

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်