ချိတ်ဆွဲပင်လေးတွေနဲ့ အပန်းပြေ လန်းနေကြစေဖို့..

24/11/2022 10:58 AM တွင် Aye Aye Aye Aye မှ ရေးသား

ရှုပ်ထွေးတင်းရင်းနေတဲ့ မြို့ပြလူနေမှုတွေကြား... အပန်းတွေ လျော့ကျစေဖို့ဆိုပြီး...

သက်ရှိလေးတွေကို အဖော်ပြု ရှင်သန်လာကြတာဟာ... ဓလေ့လေးတစ်ခုလို ဖြစ်လာပါတယ်..။

သက်ရှိလေးတွေလို့ဆိုလိုက်ရင်... အိမ်မွေးတိရစ္ဆာန်လေးတွေလိုပဲ..

ချစ်စရာ အပင်လေးတွေဟာလည်း တွဲလျက်...ချိတ်လျက်...ပါလာကြပြန်ပါကော..။

ကိုယ့်အပင်လေးတွေ စိမ်းလန်းရှင်သန်...အပွင့်လေးတွေငွားစွင့်နေကြပြီဆိုရင်..

စိတ်တွေဟာ အလိုလို အပျော်ဘက်ကို သန်းသွားတတ်ကြတာလည်း သဘာဝကပေးလိုက်တဲ့ ခွန်အားတစ်မျိုးပါ။

ဒီလို ဒီလို စိတ်လန်းစေ ပန်းပြေစေမယ့် အပင်လေးတွေထဲကမှ..

ချိတ်ဆွဲပန်းပင်စိမ်းစိမ်းလေးတွေအကြောင်းနဲ့ ပြုစုပုံလေးတွေအကြောင်းကို ဒီဆောင်းပါးလေးမှာ ပြောပြပေး သွားပါမယ်ရှင့်..

ချိတ်ဆွဲပန်းပင်လေးတွေဟာ...

ပတ်ဝန်းကျင်က လေကိုသန့်စင်ပေးသလို အောက်ဆီဂျင်ကိုလည်းထုတ်ပေးပါတယ်...

နံရံတွေရဲ့ တင်းရင်းနေမှုကိုလည်း သူ့ရဲ့နွယ်လေးတွေက လျော့ကျသွားစေနိုင်လို့ မျက်စိပသာဒဖြစ်စေမယ့် အလှ ဆင်မှုအပိုင်းမှာလည်း အသုံးဝင်သူလေးတွေပါပဲ..။

ဧည့်ခန်းတွေ၊ ရုံးခန်းတွေမှာ အလှဆင်ထားလို့ ရတဲ့အပြင် ဖွင့်ပွဲ၊ အခမ်းအနားတွေမှာအသုံးပြုမယ်ဆိုရင်လည်း အမြင်တင့်တယ်စေပါတယ်နော်။

ပုတီးနွယ်ပင်၊ ရေဝါးပင်၊ ငွေနှင်းမှုန်၊ ဖရဲနွယ်၊ လိပ်ပြာပင်၊ ငါးရိုးပင်၊ အုန်းစိမ်းပင်၊ အုန်းကြားပင်၊ ရွှေလာအစိမ်းရင့်ပင်၊ တိုက်ကပ်နွယ်ပင်၊ ကိုးနာရီပင်၊ သစ်ခွပင်၊ နှလုံးသားနှောင်ကြိုးပင်၊ မုန့်လက်ဆောင်း၊ အသဲချိတ်ဆွဲပင်၊ ကြယ်သီးပင်၊ ကျောက်စိမ်းပင်၊ ပင့်ကူပင်၊ စီးပွားတိုးဂမုန်း၊ လိပ်ပြာရွက်လှပင်၊ နှဲပန်းပင်၊ လေတွဲလောင်းပင်၊ ဆူးလုံးပင် စတဲ့ အပင်တို့ဟာ ချိတ်ဆွဲပန်းပင်အဖြစ်အသုံးများကြပါတယ်။

ပြီးတော့ ကျားလက်ဝါးပင်၊ မြကွက်ပင်၊ မေဘယ်ဘွန်ဇိုင်း၊ ဂဏန်းလက်မ၊ ဣတ္ထိရှင်၊ မြစိမ်းရှင်၊ သူကြွယ်ဂမုန်း၊ ဒေါင်းဂမုန်း၊ တပင်တိုင်မြနန်းပင် လေးတွေဟာလည်း ချစ်စရာချိတ်ဆွဲပင်လေးတွေပါပဲ..။

ဆိုတော့... ဒီအပင်လေးတွေကို စိတ်ဝင်စားလို့ စိုက်တော့မယ်ဆိုရင်တော့... အပင်လေးတွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အလင်းရောင်၊ ရေနဲ့ မြေသြဇာတို့ကို အထူးသတိထားနေဖို့တော့ လိုအပ်ပါတယ်ရှင့်။

စိုက်ပျိုးမြေ

အသင့်မြေဆွေးထုပ်တွေကို ဝယ်သုံးလို့ရသလို ကိုယ်တိုင်ရောစပ်ပြီးလည်း သုံးလို့ရပါတယ်။ ဆွေးမြည့် မြေသြဇာ(peat moss), ဖော့ကျောက်(perlite)နဲ့ ဘာမီကူလိုက်(vermiculite)တို့ကို အချိုးညီညီ ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ သစ်ရွက်ဆွေးမြေသြဇာ ထည့်သုံးခြင်းကလည်း အလွန်ကောင်းပါတယ်။ အစိုဓာတ် ထိန်းထားနိုင်ဖို့ အစိုဓာတ်စုပ်ယူထိန်းတဲ့ပစ္စည်းတွေလည်း ထည့်သွင်းအသုံးပြုသင့်ပါတယ်။ ရွှံ့မြေ သက်သက် အသုံးပြုတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ မြေလုံးကျပ်တာမျိုး ဖြစ်သွားတတ်လို့ပါ။

ပန်းအိုးနှင့် ရေလိုအပ်ချက်

ချိတ်ဆွဲပန်းပင်ကို ချိတ်ဆွဲစိုက်ပျိုးရန် အလှပန်းအိုး၊ ခြင်း၊ ပုံး၊ သစ်သားခွက်၊ ပလတ်စတစ်ဘူး စသဖြင့် ပုံစံ အမျိုးမျိုး ရှိပါတယ်။ ဆိုင်ကနေဝယ်ပြီး အသုံးပြုလို့ရသလို ကိုယ်တိုင်ပြုလုပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာကျက်ဖြစ်ဖြစ် နံရံဖြစ်ဖြစ် ဘယ်နေရာမှာတွေမှာမဆို ချိတ်ဆွဲထားနိုင်တယ်ဆိုပေမဲ့လည်း မြေနဲ့ အိုး အလေးချိန်ပေါ်မူတည်ပြီး ချိတ်ဆွဲကြိုးတွေနဲ့ချိတ်တွေရဲ့ ခံနိုင်ရည်ကို သတိထားအသုံးပြုဖို့တော့ လိုအပ် ပါတယ်။

အသုံးပြုတဲ့အိုးဟာ အောက်ခြေမှာအပေါက်ပါရှိသင့်ပါတယ်။ ချိတ်ဆွဲပန်းပင်များ ကျန်းမာဖို့၊ ရှင်သန်ဖို့၊ စတိုင် ကျဖို့၊ လှပဖို့ဆိုရင် သတိကြီးကြီးနဲ့ ဂရုတစိုက်ရှိဖို့တော့ လိုအပ်ပါတယ်။

ဒီချိတ်ဆွဲပင်လေးတွေဟာ မြေပြင်မှာစိုက်တဲ့အပင်တွေထက် ရေလောင်းဂရုစိုက်ပေးဖို့ ပိုလိုအပ်ပါတယ်။ ဘာလို့ လဲဆိုရင် သူတို့လေးတွေဟာ လေပူနဲ့ အမြဲထိတွေ့နေရလို့ပါ။ အိုးထဲတစ်လက်မလောက်နှိုက်ကြည့်လိုက်လို့ ခြောက်သွေ့နေရင် ရေလောင်းပေးဖို့လိုအပ်နေပါပြီတဲ့။ ဒါပေမဲ့ လောင်းလိုက်တဲ့ရေတွေက ရေထုတ်ပေါက်ကနေ စီးဆင်းသွားဖို့တော့ လိုအပ်ပါတယ်နော်။ ရေထုတ်ပေါက်ဟာ ရေတွေအလွယ်တကူထွက်တာမျိုး ဖြစ်နေရင်၊ အိုးထဲကမြေက တအားခြောက်သွေ့တာမျိုးတွေ ကြုံနေရရင်တော့ ရေထဲ တစ်နာရီခန့်စိမ်ပေးလိုက်ခြင်းဖြင့် အစိုဓာတ် ပြန်ထိန်းနိုင်ပါတယ်။

ရေများနေရင်လည်း ရေထုတ်ပေးဖို့လိုအပ်ပါတယ်။ သင့်လျော်စွာ ရေထုတ်ပေးခြင်းဖြင့် အိုးအောက်ခြေတွင် ရေအိုင်ခြင်းနဲ့ဆိုင်တဲ့ အမြစ်ပုပ်ခြင်း၊ ရောဂါကျရောက်ခြင်းတွေကို ရှောင်ရှားနိုင်ပါတယ်။ အမြစ်ပတ်ပတ် လည်မှာ လေဝင်လေထွက်ကောင်းစေလို့ အန္တရာယ်ရှိတဲ့ဆားများကိုလည်း ဖယ်ရှားပေးပါတယ်။

မြေသြဇာ

ခဏခဏရေလောင်းပေးနေရတာဆိုတော့ အာဟာရက အလွယ်တကူဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် အာဟာရ ဓာတ်ဖြေးဖြေးခြင်းထုတ်ပေးတဲ့ မြေသြဇာ (slow-release fertilizer) သို့မဟုတ် ရွက်ဖျန်းအားဆေးတို့ကို အသုံးပြုသင့်ပါတယ်။ မြေစိုနေချိန်မှာ ကျွေးပေးခြင်းဖြင့် အပင်က ကောင်းစွာသုံးစွဲနိုင်ပါတယ်။ အပင်ညှိုးနေချိန်မှာ သွားကျွေးရင်တော့ ထိရောက်နိုင်မှာမဟုတ်ပါဘူး။

ချိတ်ဆွဲပင်ဟာ ပန်းပွင့်တဲ့အပင်ဖြစ်ခဲ့မယ်ဆိုရင်တော့ ပန်းညှိုး၊ ပန်းခြောက်တွေကို ခြွေပေးဖို့လိုပါမယ်နော်။ ဒါမှ နောက်ပန်းပွင့်ဟာ ပွင့်အားမြန်လာနိုင်မှာပါ။ မလိုတဲ့ကိုင်းတွေကိုလည်းဖယ်ထုတ်ပေးသင့်ပါတယ်။

နေရောင်ခြည်

အိမ်တွင်းချိတ်ဆွဲထားမျိုးဆိုရင် အပင်လေးတွေကို နေရောင်ခြည် အသင့်အတင့် ထိတွေ့ပေးနေဖို့ လိုအပ်ပါတယ်။ အပင်သဘာဝလိုက်ပြီး နေရောင်ခြည် လိုအပ်ချက်ကတော့ ကွာခြားနိုင်ပါတယ်။ တချို့ အပင်လေးတွေက တနေ့တာလုံး နေရောင်ခြည်အပြည့်အဝ ကြိုက်ကြပေမယ့် တချို့အပင်လေးတွေကျပြန်တော့  အဆင်ပြေနိုင်တာမျိုးတွေရှိတတ်ပါတယ်နော်။

ဥပမာ- ပုတီးနွယ်ပင်၊ နှဲပန်းပင်၊ ကိုးနာရီပန်းပင်၊ ငါးရိုးပင် တို့ဟာဆိုရင် အလင်းရောင်ကောင်းကောင်းရရှိရင် ပိုပြီး အရောင်သွေးလှနိုင်ပါတယ်။ အင်္ဂလိပ်တိုက်ကပ်နွယ်ပင် (English ivy)၊ ဂမုန်း (pothos) တို့လိုမျိုး အပင်လေးတွေဆိုရင်တော့ အလင်းရောင်သိပ်မလိုဘဲ ကောင်းကောင်းရှင်သန်နိုင်ကြပါတယ်။

ဆောင်တော်ကူး ပန်းပင်၊ နှဲပန်းပင် လိုမျိုး ချိတ်ဆွဲပန်းပင်တွေကတော့ ပိတ်ပိတ်သဲသဲ ကြီးထွားတတ်တာကြောင့် အပင်က ရှည်ပြီးဖရိုဖရဲဖြစ်နေပြီဆိုရင် ဖြတ်ပစ်ဖို့ နှမြောမနေပါနဲ့လို့ အကြံပေးချင်ပါတယ်။

ချိတ်ဆွဲနေရာ

ပြတင်းပေါက်ဘေးမှာချိတ်ဆွဲမလား..

သပ်ရပ်တဲ့နံရံပေါ်မှာ အနုပညာလက်ရာ ပန်းချီကားလေးလိုမျိုးဖန်တီးမလား…

လှေကားအတက်လက်ရမ်းဘေးမှာ ချိတ်ဆွဲမလား...

အိမ်ဆင်ဝင်မှာ ချိတ်ဆွဲမလား...

အိမ်တစ်အိမ်ကိုရောက်ပြီဆိုရင် အရင်ဆုံးမြင်တွေ့ရမှာက အိမ်ရဲ့အဝင်တံခါးမို့ နေအိမ်ရဲ့ အဝင်တံခါးမကြီးမှာ ချိတ်ဆွဲမလား... စသဖြင့် အမျိုးမျိုး ကိုယ်ကြိုက်နှစ်သက်သလို အလှဆင်ထားလို့ ရပါတယ်။

နားနေခန်း၊ စာကြည့်ခန်းနံရံတို့မှာ ချိတ်ဆွဲထားရင်လည်း စိတ်ကြည်လင်မှုလေးတွေ ပေးနိုင်သူလေးတွေပါ..။

အိမ်တွင်းစိုက် သစ်ပင်ပန်းမန်လေးတွေဆိုတာ စရိတ်သိပ်မကြီးလှဘဲ အမြင်အာရုံကိုလန်းဆန်းစေပြီး ပင်ပန်း နွမ်းနယ်မှုများကို ပြေပျောက်စေသူလေးတွေပါ။ နေအိမ်ခန်းလေးရဲ့ အလှတရားကိုလည်း ဖြည့်စွက်ပေးနိုင်တဲ့ အပြင် အိမ်တွင်းလေထုကိုလည်း သန့်စင်ပေးနိုင်ပါသေးတယ်။

ဒါကြောင့် ကြာရှည်ခံပြီး အချိန်ပေးဂရုစိုက်စရာ တအားကြီးမလိုတဲ့ ချိတ်ဆွဲပင်လေးတွေနဲ့အတူ အိမ်လေးနဲ့ စိတ်လေးတွေကို အလှဆင်လိုက်ကြရအောင်..။

Ref;

https://bit.ly/3ECaPlh

 https://bit.ly/3VlrBMb

https://bit.ly/3OBlwcu

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်