တိုင်းရင်းကြက်မျိုးများ
- မိမိဘာသာ အစာရှာဖွေစားသောက်ခြင်း
- ရာသီဥတုဒဏ်ခံနိုင်ခြင်း
- ဖြစ်ပေါ်သည့် ရောဂါဘယဒဏ်ကို နိုင်ငံခြား မွေးမြူရေး ကြက်များထက် ခံနိုင်ရည်ရှိခြင်း၊
- မျိုးကြက်ဥဖောက်ရာတွင် ဖောက်စက်မလိုအပ်ဘဲ မိခင်ကိုယ်တိုင် စပ်၍ သားဖောက်နိုင်ခြင်း။
- ကြက်ငယ်များအပေါ်တွင် မိခင်၊ ဖခင်စိတ်ရှိခြင်း။
- ကြက်ငယ်များ၏ ဘဝရှင်သန်မှုအတွက် မိခင်၊ ဖခင်များက ထိန်းသိမ်းလေ့ကျင့်သင်ကြားပေးနိုင်ခြင်း။
- အရွယ်ရောက်လာသောအခါ မိမိဘာသာရန်သူကို ကာကွယ်ရှင်သန်လှုပ်ရှားနိုင်ခြင်း။
ကြက်အမျိုးအစားများ
(က) အင်ပင်ဝကြက်
- မျိုးနှောအသားစားကြက်မျိုး
- စစ်တကောင်းထက်ကြီးထွားမှုပို
- အသားစားအတွက် မွေးမြူရန်
(ခ) စစ်တကောင်းကြက်
- ကျေးလက်ဒေသ ဟင်းစားကြက်မျိုး
- ကြီးထွားမှုမြန်ဆန်သည်။
- တစ်ကြိမ်ဥနှုန်း ၁၅ လုံးမှ ၂၀ လုံးထိ
(ဂ) လည်ပြောင်ကြက်
- မျိုးထွန်းအသားစားကြက်
- စစ်တကောင်းနှင့် အရွယ်အစားတူညီ
- အသားစားအတွက် မွေးမြူရန်
တိုင်းရင်းကြက် ကျန်းမာရေး
- ကြက်ခြံသန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ပါ။
- ကြက်များ၏ကျန်းမာရေးအခြေအနေကို အိမ်တန်းဆင်းချိန်၊ အိပ်တန်းတက်ချိန်နှင့် အစာကျွေးချိန်တွင် ပုံမှန်စစ်ဆေးပါ။
- အသစ်ထည့်မည့်ကြက်များကို (၇) ရက် ခန့် သီးခြားထားရှိပြီး ကျန်းမာမှ မိမိခြံရှိ ကြက်များနှင့်အတူ လွတ်မွေးပါ။
- ကြက်နာသားများ၊ ကြက်သေများကို စားသုံးခြင်းမပြုဘဲ စနစ်တကျ မြှုပ်နှံဖျက်ဆီးပါ။
- ကြက်ခြံကို ထုံးဖြူးခြင်း၊ မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ဖျန်းခြင်း၊ ပုံမှန်ပြုလုပ်ပါ။
- မွေးမြူထားသည့် ကြက်များ ကူးစက်ရောဂါကြောင့် ဆုံးရှုံးမှု မဖြစ်စေရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သို့ ဆက်သွယ်၍ ကာကွယ်ဆေးများကို ကြိုတင်ထိုးပေးပါ။
တိုင်းရင်းကြက်မွေးမြူခြင်း
- ရာသီဥတုဒဏ်နှင့် ခွေး၊ ကြောင်၊ သိမ်းငှက်တို့ အန္တရာယ်မှ ကာကွယ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ကြက်ခြံငယ် ဆောက်လုပ်ပေးပါ။
- ကြက် (၁၀)ကောင် အတွက် (၇) ပေပတ်လည်ခန့် အမိုးအကာရှိခြံကို ဒေသထွက်ငါး ဓနိ သက်ကယ်တို့ဖြင့် ဆောက်လုပ်နိုင်သည်။
- အခင်းကို မြေမာအောင်ပြုလုပ်ပါ။
- လွတ်ကျောင်းမွေးမြူ၍ သဘာဝအစာဖြင့် မွေးမြူနိုင်သော်လည်း ဆန်ကွဲ၊ စပါး၊ ပြောင်း၊ ဖြည့်စွက်ကျွေးမွေးပါက ကြီးထွားနှုန်း၊ ဥနှုန်း၊ ပိုကောင်းစေသည်။
- သန့်ရှင်းသော သောက်ရေကို လွတ်ကွင်းနှင့် ကြက်ခြံအတွင်း ထားပေးပါ။
- ကြက်ခြံအတွင်း မြေပြင်မှ (၂) ပေအမြင့်ခန့်တွင် ဝါးဖြင့် အိပ်တန်းပြုလုပ်ပေးပါ။
- ကြက်မ ၁ ကောင်အတွက် ဥကျင်း ၁ လုံးထားပေးသင့်သည်။
- ဥကျင်းကို မြေပြင်မှ ၂ ပေခန့် အမြင့်တွင် အေး၍ မှောင်သော နေရာဉ် ခိုင်ခန့်စွာ ချည်နှောင်ထားပါ။
- ပေါက်လာသော ကြက်ငယ်များကို (၂) ပတ်ခန့် ဝါးအုပ်ဆောင်းဖြင့် မွေးမြူပါ။
- မျိုးနီးသားစပ်ခြင်း မဖြစ်စေရန် အခြားဒေသမှ ကျန်းမာ၍ မျိုးကောင်းသော ကြက်ဖနှင့် လဲလှယ်သားစပ်ပါ။
- လွတ်ကျောင်း ခြံဝင်းအတွင်း ကျင်းပြုလုပ်၍ နွားချေးများ စုဆောင်းထားပါ။ ခြောက်နေလျှင် ရေဖျန်းပေးပါ။ ပေါက်ပွားလာသော အပင်ပေါက်များ၊ ပိုးမွှားများ၊ တီကောင်များကို ကြက်များ စားသုံးခြင်းဖြင့် အာဟာရဖြစ်စေသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန