အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"စိုက်ပျိုးရေးတွင် စီးပွားရေးအား နားလည်ခြင်း"

"စိုက်ပျိုးရေးတွင် စီးပွားရေးအား နားလည်ခြင်း"

သိမ့်ဇာ
သိမ့်ဇာ Greenovator 18/04/2019

"စိုက်ပျိုးစီးပွား  ပြည်ထွန်းကား"ဟူသောဆောင်ပုဒ်အား လွန်ခဲ့သော ဆယ်စုနှစ်များကတည်းကကြားခဲ့ရပါသည်။ ၇၀%သောပြည်သူလူထုအတွက် အားဖြစ်စေသောဆောင်ပုဒ်ဟုဆိုသော်လည်း ယခုအခါ ပျက်ရယ်ပြုချင်မိသည်အထိ တောင်သူတို့၏စိတ်ထဲတွင်ဖြစ်ပေါ်နေရပါသည်။ရှေးယခင်နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးရေးအားလုပ်ကိုင်လာပါလျက် တောင်သူတို့၏လူနေမှုအခြေအနေများဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးဆဲပင်ဖြစ်သည်။အဘယ်ကြောင့်နည်း။
ကျွန်မတို့တောင်သူဦးကြီးများမညံ့ကြပါ။စိုက်ပျိုးထုတ်လုပ်မှုတွင် တစ်ဖက်ကမ်းခတ် တော်ကြသူများဖြစ်ပါသည်။ စိုက်ပျိုးနည်းပညာပံ့ပိုးမှု များသည်လည်း တောင်သူများစီသို့ အရှိန်အဟုန်နှင့်စီးဝင်လျက်ရှိပါသည်။ စိုက်နိုင်သည်။ ထုတ်နိုင်သည် အဘယ်ကြောင့်အမြတ်မရကြပါသနည်း။
ကျွန်မတို့တောင်သူများရောင်းတတ်ရန်လိုနေပါပြီ။ ရောင်းတတ်သည်ဆိုရာတွင် မသမာသောနည်းလမ်း များကိုတော့ရှောင်ကြဉ် သင့်သည်။ စား၊ ဝတ်၊ နေရေးဟူသော အရေး (၃)ပါးတွင် ပထမဆုံးလိုအပ်ချက်ဖြစ်သော စားရေးတွင် တောင်သူဦးကြီးများသည် အရေးကြီးဆုံးနေရာတွင် ပါဝင်နေကြသည်။ စားသုံးသူတို့၏ လိုအပ်ချက်များအား လိမ္မာပါးနပ်စွာ အချိန်ကိုက် သိရှိခြင်းအားဖြင့် စီမံခန့်ခွဲတတ်ခြင်းသည် စိုက်ပျိုးစီးပွားတွင် အဓိကကျသောအချက်တစ်ခုဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့်ဆိုင်သော စီးပွားရေးဟူသည် လယ်ယာလုပ်ငန်းခွင် တစ်ခုအားကောင်းစွာလည်ပတ်ရန် မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို သိရှိခြင်းပင်ဖြစ်ပါသည်။ ထိုအထဲတွင် ဈေးကွက်ရလာရန်ဖန်တီးမှုများ၊ စိုက်ပျိုးအသုံးစရိတ်စီမံခန့်ခွဲမှုများ၊ သယ်ယူပို့ဆောင်မှုအဆင့်ဆင့်တွင်အလေ့အလွင့်နည်းစေခြင်းများ၊ ယှဉ်ပြိုင်ဈေးကွက်၏မာယာများ၊ စသည့်အကြောင်းအရာတို့အား  စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများသိထားရန်လည်းလိုအပ်ပါသေးသည်။
ထိုသို့သော ဗဟုသုတများနှင့်စိုက်ပျိုးထုတ်လုပ်မှုကို လုပ်ကိုင်ကြရာတွင်လည်း လေ့လွင့်ဆုံးရှုံးမှုများနည်းစေရန်လည်း ဂရုစိုက်သင့်ပါသည်။ ဥပမာ-ရှားပါးသယံဇာတများဖြစ်သည့် ရေချိုအရင်အမြစ်များ၊ စိုက်ပျိုးမြေများ စသည့် အဖိုးတန်သဘာဝပတ်ဝန်းကျင်အားလည်း ထိန်းသိမ်းရင်းလုပ်ဆောင်သင့်ပါသည်။ သို့မှသာ  အတ္တဟိတ နှင့် ပရဟိတ ၂ မျိုးလုံးအား မျှတစွာဖော်ဆောင်သည့် စစ်မှန်သော စိုက်ပျိုးရေးလုပ်ငန်းဟု ဆိုနိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအား စီးပွားဖြစ်ထုတ်လုပ်သည့်အခါ စိုက်ပျိုးစီးပွားဆိုင်ရာ အယူအဆတစ်ချို့အားလည်း နားလည်ရန်လိုအပ်ပါသည်။ ထည့်သလောက် ပြန်မရနိုင်သည့် သဘောတရားများ စိုက်ပျိုးထုတ်လုပ်မှုတွင် ရှိပါသေးသည်။ ထည့်သလောက် ထွက်မည်ဆိုပါက လယ်တစ်ကွက်ထဲမှပင် တစ်နိုင်ငံလုံးစာအတွက် ထုတ်လုပ်တော့မည်ဖြစ်ပါသည်။ ဤသို့သော ဗဟုသုတများဖြင့် စိုက်ပျိုးစရိတ်အားကောင်းစွာ စီမံခန့်ခွဲသင့်ပါသည်။
ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှုအား စီးပွားဖြစ်လုပ်ကြရာတွင် စဉ်းစားလုပ်ဆောင်စရာများလည်းရှိ ပါသေးသည်။
၁။ စားသုံးသူတို့လိုချင်သောအရာနှင့် ထိုအချိန်အား ကောင်းစွာခန့်မှန်းကာ မည်သို့သော သီးနှံကိုစိုက်မည်နည်း။
၂။ စိုက်မည့်သီးနှံ စဉ်းစားရွေးချယ်ပြီးပါက မည်သို့ထုတ်လုပ်မည်နည်း။ အထက်တွင်ဖော်ပြခဲ့သည့် သဘောတရားများ
  (ကုန်ကျစရိတ်စီမံခန့်ခွဲမှုများစသည်) ပါထည့်သွင်း စဉ်းစား စီစဉ်သင့်သည်။
၃။ ထုတ်လုပ်ပြီးပါကလည်း မည်သို့သောနည်းလမ်းများဖြင့် ဖြန်းဖြူးရောင်းချမည်နည်း။
၄။ ရောင်းချပြီးသည့်အခါတွင်လည်း ဝယ်ယူသူတို့ထပ်မံလိုချင်လာစေရန် မည်သို့မည်ပုံ လုပ်ဆောင်မည်နည်း။
၅။ ထိုသို့ လိုချင်ပါက မိမိဘက်မှ ရောင်းနိုင်မည့် အရန်ထားရှိမည် ပမာဏများအထိပါ စဉ်းစားသင့်သည်။
စသည်ဖြင့် စဉ်းစားဆုံးဖြတ်ခြင်းကို အရင်ပြုလုပ်သင့်ပါသည်။ မည်သည့်နယ်ပယ်တွင်မဆို ကြိုတင်ပြင်ဆင်ထားသူသည် ပြိုင်ပွဲတစ်ဝက်အား နိုင်ထားသည့်သူဖြစ်သည်ဟူ၍လည်း မှတ်သားဖူးပါသည်။ ကျွန်မတို့တောင်သူများသည်လည်း စိုက်ပျိုးထုတ်လုပ်ခြင်များမလုပ်မီ ကြိုတင်စဉ်းစားခြင်းဖြင့် အောင်မြင်သော စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီး များဖြစ်လာစေရန် ရည်ရွယ်လျက် ရေးသားဖော်ပြလိုက်ရပါသည်။


ကြိုးစားပါအုံမည်....

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

မိုးစပါး သက်တမ်းလေးလခွဲစပါးမျိုး ဘယ်စပါးမျိုးကောင်းလဲဗျာ့

ကိုမင်းမင်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။