လွယ်လင့်တကူ ချိတ်ဆက်စကားပြောလို့ရမယ့် Chat Function ပါဝင်လာတဲ့ အစိမ်းရောင်လမ်းရဲ့ ဗားရှင်းအသစ် 3.6.8

13/10/2023 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆော့ဝဲကိုသုံးစွဲကြတဲ့ မိတ်ဆွေတွေ အသုံးပြုရလွယ်ကူဖို့ အမြဲစဉ်းစားနေတဲ့ အစိမ်းရောင်လမ်းအဖွဲ့သားတွေက အခုဆို 

  • တောင်သူအချင်းချင်းချိတ်ဆက်စကားပြောနိုင်ဖို့အတွက် Chat Function
  • ဈေးတန်းကြီးမှာ လာရောက်ဈေးဝယ်လို့ရှိရင် အလွယ်တကူ ငွေပေးချေနိုင်ဖို့ KBZ pay နဲ့ Wave pay
  • အမေးအဖြေကဏ္ဍမှာဆိုရင်လည်း မေးခွန်းကိုပြေလည်စေနိုင်မယ့် အဖြေနဲ့ဆိုင်တဲ့ ဆက်စပ်ဆောင်းပါးတွေရယ်... အသုံးပြုနိုင်တဲ့ ပိုးဆေးပေါင်းဆေး AIတွေကော သွင်းအားစုတွေကောပါ တစ်ပါတည်းပေါ်နေတော့မှာ ဖြစ်ပါတယ် 

ဒါတင်ပဲလည်းမဟုတ်... မေးခွန်းတွေရဲ့ ပြဿနာ အဖြေတွေကို 

ပို့စ်အထဲ ဝင်ကြည့်စရာမလိုတော့ဘဲ.. အပြင်ကနေပါ မြင်နိုင်မယ့်ပုံစံနဲ့ လုပ်ထားသေးတာဆိုတော့ ... 

အစိမ်းရောင်လမ်းရဲ့ ဗားရှင်းအသစ်က ဘယ်လောက်တောင် မိမိုက်နေလိုက်သလဲနော် 

ဒီလိုပိုစုံ..ပိုလန်းလာတဲ့ Update Version လေးကို ... Google Play Store နဲ့ Huawei App Store ကနေပြီး Download ရယူနိုင်သလို အခု ပေးထားတဲ့ Link ကနေလည်း တိုက်ရိုက် Update တင်နိုင်ပါတယ်ရှင့် 

 

Download Link: https://bit.ly/3FcbeeR


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်