လက်ဖက်ပင်အဆီကို အသုံးပြုုပုံ

18/12/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ဖက်ပင်အဆီကိုဘယ်လိုသုံးမလဲ

လက်ဖက်ပင်အဆီဆိုတာက လက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။ 

အသုံးပြုပုံ –

• ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ

• လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း

• သန်းကိုက်နာ၊ ယားနာနဲ့ ခြေထောက်မှာပွေး

• ပွေးရောဂါ

• ပြတ်ရှဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ အပူလောင်နာ၊ ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့ သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။

• ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့ လည်ချောင်းနာဝေဒနာ

• နားတွင်းပိုးဝင်ခြင်း

• ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။

လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

လက်ဖက်ဆီကိုအသုံးမပြုခင်မှာဘာတွေသိထားသင့်သလဲ။

သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။

သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေရင် ဒါမှမဟုတ် နို့်တိုက်မိခင်တစ်ဦးဖြစ်နေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်ထားသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာသောက်သုံးသင့်ပါတယ်။

အခြားဆေးတွေသောက်သုံးနေရရင်။ ဆရာဝန်ဆေးညွှန်းမပါဘဲ မိမိဖာသာ ဝယ်သောက်နေသော ဆေးများ၊ ဆေးဖက်ဝင်ဘယဆေးများ အပါအဝင်။

သင့်မှာ လက်ဖက်ပင်အဆီ၊ အခြားဆေးဝါးတွေ ဒါမှမဟုတ် အခြားသဘာဝ ဆေးပင်တွေနဲ့ဓာတ်မတည့်တာမျိုးရှိနေရင်၊

သင့်မှာအခြားရောဂါတွေ၊ ဝေဒနာတွေနဲ့ အခြားဆေးကုသမှုခံယူနေရတာမျိုးရှိနေရင်၊

သင့်မှာ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံဆေး၊ တိရိစ္ဆာန်တို့နှင့် ဓါတ်မတည့်မှုများရှိရင်

သဘာ၀ ဆေးဖက်ဝင် လက်ဖက်အဆီ သုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေက ဆေးဝါးတွေသုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေလောက် မတင်းကြပ်ပါဘူး။ လက်ဖက်ဆီသုံးတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို မသုံးခင်မှာကြိုတင်ချင့်ချိန်သင့်ပါတယ်။ အချက်အလက်တွေကိုပိုမိုသိရှိနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

လက်ဖက်ဆီကဘယ်လောက်ထိဘေးကင်းသလဲ။

ကလေးတွေအတွက်အသုံးပြုလို့ရပါတယ်၊ အန္တရာယ်မရှိပါဘူး။ လက်ဖက်ဆီကို အသုံးမပြုခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ

လက်ဖက်ဆီက အရေပြားမှာ အသုံးပြုလို့အန္တရာယ်မရှိပါဘူး။ သောက်သုံးတာကတော့ စိတ်မချရပါဘူး။ လက်ဖက်ဆီသောက်သုံးတာက အဆိပ်သင့်နိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

လက်ဖက်ဆီကြောင့်အောက်ပါလက္ခဏာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

အရေပြားမှာပူစပ်ပူလောင်ဖြစ်တာ၊ အရေပြားနီမြန်းတာ၊ ဝက်ခြံရှိတဲ့သူတွေမှာ တခါတရံအရေပြားခြောက်တာ၊ ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အပူလောင်တာ၊ နီမြန်းတာ

အမျိုးသားတွေမှာ ပုံမှန်မဟုတ်တဲ့ရင်သားကြီးထွားမှုဖြစ်ပေါ်တာ၊ မူးမေ့တာ၊ လမ်းမလျှောက်နိုင်ဖြစ်တာ၊ကတုန်ကယင်ဖြစ်တာ၊ အရေပြားနီမြန်းတာနဲ့ကိုမာဖြစ်ခြင်း၊

လူတိုင်းဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေမကြုံကြပါဘူး၊ အထက်မှာဖော်ပြမထားတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုတွေဖြစ်မှာစိုးရင်တော့ ဆရာဝန် ဒါမှမဟုတ်တတ်ကျွမ်းသူတွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

လက်ဖက်ပင်အဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဒီလက်ဖက်ဆီက သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုမသုံးခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်တာမျိုးလုပ်ပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

လက်ဖက်ဆီကိုပုံမှန်သုံးစွဲသင့်တဲ့ပမာဏက ဘယ်လောက်လဲ။

အရွယ်ရောက်ပြီးသူ

လက်သည်းခြေသည်းမှိုပိုးဝင်ခြင်း- လက်ဖက်တစ်ပင်လုံးကနေထုတ်ယူထားတဲ့အဆီကို တစ်နေ့ နှစ်ကြိမ်နဲ့ ၆လကြာသုံးစွဲပေးရပါမယ်။

ခြေထောက်ပွေး – လက်ဖက်ပင်အဆီအနှစ် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ပါဝင်တဲ့ဆေးရည်ကို တစ်နေ့နှစ်ကြိမ်နဲ့ တစ်လကြာအသုံးပြုပေးရပါမယ်။ လက်ဖက်ဆီ ၁၀ ရာခိုင်နှုန်းပါတဲ့ ခရင်မ်ကိုတစ်နေ့ ၂ ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။

ဝက်ခြံအတွက် – လက်ဖက်ပင်အဆီ ၅ ရာခိုင်နှုန်းပါတဲ့ ဂျယ်လ်ကိုနေ့စဉ်အသုံးပြုပေးရပါမယ်။

ကလေးငယ်တွေအတွက်

မျက်စိကူးစက်ရောဂါတွေအတွက် – လက်ဖက်ပင်ဆီ ၅၀ ရာခိုင်နှုန်းနဲ့ မျက်ခွံကိုလိမ်းကျံပေးတာ ဒါမှမဟုတ် လက်ဖက်ဆီ ၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို ၄ ပတ်ကနေ ၆ပတ်တာအတွင်း မျက်ခွံကိုလိမ်းပေးရပါမယ်။

အရေပြားကူးစက်ရောဂါတွေအတွက်- လက်ဖက်ဆီ အစက် ၄ စက်ကို အိုင်အိုဒင်းနဲ့ရောစပ်ပြီး အရေပြားကိုလူးပေးတာဖြစ်ဖြစ်၊ လက်ဖက်ဆီကိုပဲလူးပေးတာဖြစ်ဖြစ် တစ်နေ့ကို ၂ ကြိမ် ရက်ပေါင်း ၃၀ ဒါမှမဟုတ်အနာမပျောက်မချင်းလူးပေးပါ။

ကြွက်နို့အတွက် – ကြွက်နို့ပေါ်မှာ လက်ဖက်ဆီကိုတစ်နေ့ တစ်ကြိမ်နဲ့ ၁၂ ရက်ကြာလူးပေးပါ။

လက်ဖက်ဆီကိုသုံးစွဲရမယ့်ပမာဏကလူနာတွေအပေါ်လိုက်ပြီး ကွဲပြားမှုရှိမှာဖြစ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့အခြားအကြောင်းအရာတွေအပေါ်မူတည်မှာဖြစ်ပါတယ်။ လက်ဖက်ဆီကအမြဲတော့ဘေးကင်းပါဘူး။ သုံးစွဲလို့သင့်တော်မယ့်ပမာဏကို ဆရာဝန် ဒါမှမဟုတ်ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

လက်ဖက်ပင်အဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

လက်ဖက်ဆီ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေး။

လက်ဖက်ဆီလိမ်းဆေး။

လက်ဖက်ဆီ ဆေးရည်။

လက်ဖက်ဆီဂျယ်လ်။

"Helloဆရာဝန်" မှ ကူးယူဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်