ဓာတုမြေဩဇာများ သုံးစွဲခြင်း

16/05/2018 15:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

      မြေဆီလွှာအတွင်း ဖြစ်နိုင်သမျှ အာဟာရဓာတ်များ ဖြည့်စွက်ပေးရန် နိုက်တြိုဂျင်၊ ဖော့စဖရပ် နှင့် ပိုတက်စီယမ် မြေဩဇာများကို သုံးစွဲပေးရန် ဖြစ်ပါသည်။ လိုအပ်သော မြေဩဇာပမာဏမှာ ဇီဝ မြေဩဇာများနှင့် မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးချက်များမှ ထောက်ခံပေးထားသော မြေဆီလွှာရှိ ယင်း အာဟာရဓာတ်များနှင့် သီးနှံပင်မှ စုစုပေါင်း လိုအပ်ချက်ထက် လျော့နည်းနေမှုဖြင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။

      မည်သို့ပင်ဖြစ်စေ ဓာတုမြေဩဇာများကို အသုံးပြုခြင်း နည်းလမ်းများ ရှိပါသည်။ လိုအပ်သော နိုက်တြိုဂျင်ဓာတ်မြေဩဇာသည် အပင်၏ ဖြည့်စွက်ပေးရမည့် နိုက်တြိုဂျင် လိုအပ်မှုကို အကောင်းဆုံးရရှိစေရန် သီးနှံစိုက်ပျိုးသည့် ရာသီကာလအတွင်း အကြိမ်ကြိမ် ထည့်သွင်းပေးရမှုပင် ဖြစ်ပါသည်။ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ဓာတ်မြေဩဇာများကို အဓိကလိုအပ်သော အာဟာရဓာတ်များတွင် လိုအပ်မှုများကို ကျော်လွှားရန် အသုံးပြုပါသည်။ 

      အပင်မှ အကျိုးရှိစွာသုံးစွဲရန်နှင့် မြင့်မားသောအထွက်နှုန်းကိုရရှိစေရန် အောက်ပါ သုံးစွဲမှုနည်းစနစ်များကို အကြံပြုဖော်ပြထားပါသည်။ 

      ၁။ အပင်အတွက် နိုက်တြိုဂျင် ဖြည့်စွက်ပေးရန် အနည်းငယ်သာ လိုအပ်သည့် အဆင့် ဖြစ်သော ပြောင်းရွှေ့စိုက်ပြီး (၁၄)ရက် သို့မဟုတ် စိုက်ပျိုးပြီး (၂၁)ရက်သားတွင် စပါးပင်ငယ်အား နိုက်တြိုဂျင် အသင့်အတင့်သာ ထည့်ပေးပါ။ 

       ၂။ နိုက်တြိုဂျင် လိုအပ်မှု ဖော်ပြသည့် အရွက်၏ အခြေအနေကို ကြည့်၍ နိုက်တြိုဂျင် ဖြည့်စွက်ပေးရန် လိုအပ်မှုပေါ် အခြေခံ၍ ပြောင်းရွှေ့စိုက်ပြီး (၁၄)ရက် သို့မဟုတ် စိုက်ပျိုးပြီး (၂၁)ရက်သားတွင် နိုက်တြိုဂျင်ဓာတ်မြေဩဇာကို ထည့်ပေးပါ။ အရွက်အရောင်တိုင်း ကဒ် (ူနေ် ဃသူသကမ ဃ့မေအ - ူဃဃ) သည် အပင်အတွက် နိုက်တြိုဂျင် လိုအပ်မှုနှင့် အရွက်၏ နိုက်တြိုဂျင် ရရှိမှု အခြေအနေကို ဖော်ပြမှု အတွက် အသုံးပြုနိုင်သော ကိရိယာ ဖြစ်ပါသည်။ (စာပိုဒ် - ၃ တွင် ကြည့်ပါ။) 

       ၃။ ဖော့စဖရပ် ဓာတ်မြေဩဇာအားလုံးကို ပြောင်းရွှေ့စိုက်ခါနီး သို့မဟုတ် စိုက်ပျိုးချိန် တွင် ထည့်ပေးပါ။ ပိုတက်စီယမ် ဓာတ်မြေဩဇာကို ပြောင်းရွှေ့စိုက်ခါနီး သို့မဟုတ် စိုက်ပျိုးချိန်တွင် ၅၀ ရာခိုင်နှုန်းနှင့် အနှံဖြစ်ပေါ်စအချိန်တွင် ၅၀ ရာခိုင်နှုန်းဖြင့် နှစ်ကြိမ် ထည့်ပေးပါ။ ပိုတက်စီယမ် ဓာတ်မြေဩဇာကို အနည်းငယ်သာ ထည့်ပေးရန် ဖြစ်လျှင် ပိုတက်စီယမ် ဓာတ်မြေဩဇာအားလုံးကိ ု ပြောင်းရွှေ့စိုက်ခါနီးနှင့် စိုက်ပျိုး ချိန်တွင် ထည့်ပေးနိုင်ပါသည်။ 

      ၁) နိုက်တြိုဂျင် စီမံခန့်ခွဲမှု နိုက်တြိုဂျင်သည် အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်သော ဒြပ်စင်တစ်ခု ဖြစ်ပါ သည်။ စပါးပင်များသည် ယင်းတို့၏ လိုအပ်သော နိုက်တြိုဂျင်အများစုကို ဇီဝပစ္စည်း များနှင့် မြေဆီလွှာမှ ရယူနိုင်ပါသည်။ သို့ရာတွင် သဘာဝအရင်းအမြစ်မှ ဖြစ်ပေါ်ရရှိ သည့် နိုက်တြိုဂျင် အထောက်အပံ့သည် တစ်ခါတစ်ရံတွင် စပါးအထွက်နှုန်း မြင့်မားမှု အတွက် လုံလောက်ပါသည်။ မြေဩဇာများမှ ရသည့် ဖြည့်စွက်ပေးသော နိုက်တြိုဂျင် သည် ရေတော် မိုးတော် မိုးစပါးစိုက်ခင်းများနှင့် ရေသွင်းစိုက်ခင်းများမှ အကျိုးအမြတ်နှင့် မြင့်မားသော အထွက်နှုန်း တို့အတွက် မဖြစ်မနေ အဓိကကျပါသည်။

       စပါးပင်၏ နိုက်တြိုဂျင် လိုအပ်မှုသည် ကြီးထွားမှုအဆင့်နှင့် ဆက်စပ်နေပါသည်။ စပါးပင်သည် ပြည့်ဝသော စပါးနှံ အရေအတွက် ရရှိရန်နှင့် ပင်ပွားဖြစ်ပေါ်သည့် အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်များတွင် နိုက်တြိုဂျင်ဓာတ်ကို လိုအပ်ပါသည်။ အနှံဖြစ်စအချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင်သည် စပါးနှံရှိ ပန်းပွင့်၊ ပန်းခိုင် အရေအတွက်ကို တိုးပွားစေပါသည်။ ရင့်မှည့်ချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင် သည် နေရောင်ခြည်ရရှိမှု လုံလောက်ပါက အစေ့အဆန် တည်မှုကို တိုးပွားစေ ပါသည်။ အကျိုးရလာဒ်ကောင်း အတွက် လယ်သမားများသည် ပင်ပွားထွက်သည့် ကာလ၊ အနှံဖြစ်မှု စတင်သည့်ကာလနှင့် အစေ့အဆန် ဖြစ်တည်သည့် ကာလများ တွင် အပင်မှ လိုအပ်သော နိုက်တြိုဂျင်ကို ထိထိမိမိ ရရှိစေရန် နိုက်တြိုဂျင် ဓာတ် မြေဩဇာကို အကြိမ်များစွာခွဲ၍ ထည့်သွင်း ပေးသင့်ပါသည်။ ထို့ကြောင့် နိုက်တြိုဂျင် ဓာတ်မြေဩဇာများအတွက် သုံးစွဲရန် ထောက်ခံပေးထားချက်များသည် လက်ရှိ ကျင့်သုံးနေသော လယ်သမားများ၏ အလေ့အကျင့်ထက် များနိုင်၊ နည်းနိုင်ပါသည်။ သီးနှံစိုက်ပျိုးရာသီကာလအတွင်း နိုက်တြိုဂျင် ဓာတ်မြေဩဇာ ဖြန့်ဖြူးပေးခြင်းနှင့် ပတ်သက်၍ ဖြည့်စွက်သုံးစွဲရမည့် နိုက်တြိုဂျင် သတ်မှတ်မှု နည်းလမ်း အရ နိုက်တြိုဂျင် သုံးစွဲမှု၊ စီမံခန့်ခွဲခြင်းသည် လက်ရှိလယ်သမားများ၏ အလေ့အကျင့် တွင် ပြောင်းလဲပေးရမည့် အချက်တစ်ချက်အဖြစ် ပါဝင်နေပါသည်။ 

     နိုက်တြိုဂျင် လိုအပ်မှုကို ဆုံးဖြတ်ရန်မှာ အာဟာရဓာတ် ထည့်သွင်းမှုမရှိသော အကွက်ချန်လှပ်သည့် နည်းလမ်းများအရ သတ်မှတ်ပေးပါသည်။ အာဟာရဓာတ် ထည့်သွင်းမှု မရှိသော အကွက်ချန်လှပ်သည့် နည်းလမ်းအရ တွေ့ရှိရသော အဖြေ များသည် အဆင်သင့် မဖြစ်သေးပါ။ ဇီဝပစ္စည်းများထည့်ပေးခြင်း၊ မြေဆီလွှာရုပ်သွင် ဖွဲ့စည်းမှု၊ မြေဆီလွှာ စမ်းသပ်ချက်များ ပြုလုပ်ရန် သို့မဟုတ် အလားတူမြေတွင် နိုက်တြိုဂျင် ပါဝင်မှုပေါ် မူတည်ထွက်ရှိသော အထွက်နှုန်းများ၏ ယခင်တိုင်းတာချက် များသည် နိုက်တြိုဂျင် ပါဝင်မှုပေါ် မူတည်ထွက်ရှိသော အထွက်နှုန်းများကို သင့်တင့် သော ခန့်မှန်းချက်များ အဖြစ် မကြာခဏ အသုံးပြုနိုင်ခြင်းတို့အတွက် သတင်း အချက်အလက်သာ ဖြစ်ပါသည်။ အာဟာရဓာတ် ထည့်သွင်းမှုမရှိသော အကွက် ချန်လှပ်သည့် နည်းလမ်းအရ နိုက်တြိုဂျင် ပါဝင်မှုမှ ရရှိသော အထွက်နှုန်းသည် အခြားအထွက်နှုန်းများနှင့် နှိုင်းယှဉ်၍ ဖြစ်ပေါ်ရန် သေချာမှု လျော့နည်းခြင်း၊ ပိုခြင်း တို့မှာ တစ်ဧက (၁၀)တင်းအတွင်း ရှိနေသည့်အခါတွင် မလိုအပ်ပါ။ 

     ယေဘုယျသတ်မှတ်ချက်အနေဖြင့် နိုက်တြိုဂျင်ဓာတ်မြေဩဇာ သုံးစွဲခြင်းမှ ရရှိမည့် မျှော်မှန်းအထွက်နှုန်းတွင် တစ်ဧက (၁၀)တင်း တိုးထွက်စေရန် တစ်ဧကလျှင် ယူရီးယား ဓာတ်မြေဩဇာ (၂၀) ကီလိုဂရမ် ထည့်သွင်းအသုံးပြုသင့်ပါသည်။ 

     ၂) ဖော့စဖရပ်နှင့် ပိုတက်စီယမ် စီမံခန့်ခွဲမှု ဖော့စဖရပ်နှင့် ပိုတက်စီယမ်သည် အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်သော ဒြပ်စင်များ ဖြစ်ကြပါသည်။ ဖော့စဖရပ်သည် အဓိကအားဖြင့် အပင်ကြီးထွားမှု အစောပိုင်း ကာလတွင် အရေးကြီးပါသည်။ ယင်းသည် အမြစ်ဖွဲ့စည်းပွားများမှု၊ ပင်ပွားထွက်မှုများနှင့် ပန်းစောပွင့်မှုတို့ကို တိုးပွားစေပါသည်။ ပိုတက်စီယမ်သည် အပင်ဆဲလ်များကို သန်စွမ်းစေသည်။ အပင်ကြီးထွားမှုနှင့် အပင်ရိပ်ဝန်းဖြင့် အစာ ချက်လုပ်ခြင်း ကြီးထွားမှုတို့တွင် ပါဝင်ဆောင်ရွက်ပေးပါသည်။ ပင်ပွားထွက်ခြင်းပေါ် တွင် အကျိုးသက်ရောက်မှု မရှိပါ။ သို့ရာတွင် အစေ့အဆန် ဖြစ်တည်မှု ရာနှုန်းနှင့် တစ်နှံပါ ပန်းပွင့်အရေအတွက်တို့ကို တိုးပွားစေနိုင်ပါသည်။ 

     စပါးပင်များသည် ယင်းတို့လိုအပ်သော ဖော့စဖရပ်နှင့် ပိုတက်စီယမ် အများစုကို မြေဆီလွှာ၊ သီးနှံပင် အြွကင်းအကျန်များ၊ ဇီဝမြေဩဇာများနှင့် သွင်းရေတို့မှ ရယူကြ ပါသည်။ သို့ရာတွင် သဘာဝမှ ရရှိသော မြေဆီလွှာအတွင်း တည်ရှိနေမှုမှ ရရှိသော ဖော့စဖရပ်နှင့် ပိုတက်စီယမ် အထောက်အပံ့တို့သည် အထွက်နှုန်း တိုးမြင့်ရရှိမှု သေချာစေရန် အမှန်တကယ်အားဖြင့် လုံလောက်မှု မရှိပါ။ မြေဩဇာများမှ ရရှိသည့် ဖြည့်စွက်ပေးသော ဖော့စဖရပ်နှင့် ပိုတက်စီယမ်တို့သည် မြေဆီလွှာ၏ မြေဆီဩဇာ ဆုံးရှုံးမှု မရှိပါလျှင် အကျိုးအမြတ်ရှိသော စပါးအထွက်နှုန်းနှင့် မြင့်မားသော အထွက် နှုန်းကို သေချာပေါက် ရရှိနိုင်မှုအတွက် အဓိကဖြစ်ပါသည်။

     ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြေဩဇာများ အသုံးပြုခြင်းသည် ရယူလိုသော ခန့်မှန်း အထွက်နှုန်းနှင့် မြေအမျိုးအစားပေါ်တွင် အခြေခံပါသည်။ ဤညွှန်ပြချက်များသည် မြန်မာနိုင်ငံ၏ စပါးတိုးတက်ထုတ်လုပ်ရေးနှင့် လယ်သမားများအတွက် အကျိုး အမြတ် ပိုမိုရရှိရေးတို့ ဖြစ်ပေါ်လာစေရန် စပါးစိုက်ဧရိယာများနှင့် သတ်မှတ်ထား သော မြေအမျိုး အစားတို့ကို မြေဩဇာများ သတ်မှတ်သည့် ပမာဏဖြင့် ထည့်သွင်း သုံးစွဲ၍ ရည်မှန်းချက်ကို ထိထိမိမိ ဆုံးဖြတ်ရရှိနိုင်ရန် ရည်ရွယ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်