စိုက်ပျိုးရေးတွင် ပင်လယ်ရေနှင့် ဆားကြမ်း အသုံးဝင်ပုံ

19/01/2018 14:12 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ပယ်လယ်ရေ ချိုဟန်ဂျူ pdf ဖိုင် တခုကနေ တွေ့ရှိလို့ ကျွန်တော် အရမ်း သဘောကျခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပင်လယ်ရေ နဲ့ ဆားကြမ်းကို ကောင်းကျိုးကော ဆိုးကျိုးပါ တွေးမိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တောင်ယာ စပါးကြဲချိန်မှာ ပေါင်းသတ်ဆေး မသုံးပဲ ဆားကြမ်းပက်ပြီး ပေါင်းသတ်ခဲ့သလို အပင်လဲ စိမ်းစိုလာတတ်လို့ မြေသြဇာ အဖြစ်ကော ပေါင်းသတ်ဆေးအဖြစ်ပါ တွင်တွင် ကျယ်ကျယ် သုံးခဲ့ဖူးတာ မြင်ဖူးကြားဖူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် အတော် မျက်လုံးပြူးခဲ့ပေမယ့် သုံးတတ်ရင် ဆေးဖြစ်နေပါလားလို့ ချိုဟန်ဂျူစာတွေက ထောက်ပြနေပါပြီ။ နောက်တခုက မသုံးတတ်ရင်တော့ ဘေးဖြစ်ပါလိမ့်မယ်။ သူ့ကို အရမ်း အာနိသင်ကောင်းတယ် အကျိုးရှိတယ်ဆိုပြီး မဆင်မခြင် သုံးခဲ့ရင် ဆားပေါက်မြေမျိုးတွေမှာ အသုံးပြုခဲ့ရင်တော့ မြေကြီးမှာ ဆားပမာဏ နဂိုထက် များပြီး အယ်ကာလိုင်း မြေတွေ အဖြစ် ပျက်စီး လာပါလိမ့်မယ်။ ရှေ့ဆက်ပြီး ပင်လယ်ရေ အကြောင်း ဆက်ပြောချင်ပါတယ်။

ပင်လယ်ရေသည် ချဉ်ငံကိန်း (pH)၈  ပျမ်းမျှ ရှိတတ်ပြီး နွေရာသီမှာ ဆားပါဝင်မှု မြင့်မားလေ့ ရှိပါတယ်။ ပင်လယ်ရေကို စနစ်တကျ အသုံးပြုမယ်ဆိုရင် စိုက်ပျိုးရေးအတွက် အသုံးတည့်သော ဆေးတခုဖြစ် စေပါတယ် ခင်ဗျာ။ ပင်လယ်ရေတွင် အခြေခံအားဖြင့် ဆိုဒီယမ်ကလိုရိုဒ် အပြင် အခြား အာဟာရပေါင်းများစွာ ပါရှိပါတယ်။ အားဆေးအဖြစ်၊ မှိုရောဂါ ကာကွယ်ဆေးအဖြစ် အသုံးတည့်သော အရာပါ။ ပင်လယ်ရေ ၁ဆနှင့် ရေ ၃၀ဆရောပြီး အသုံးပြုနိုင်သလို အချဉ်ဖောက်ရာမှာလည်း ပင်လယ်ရေ ၁ဆနှင့် ရေ ၃၀ဆ (သို့) ဆန်ဆေးရည် ၁ဆ၊ ပင်လယ်ရေ ၁ဆနှင့် ရေ ၂၀၀ဆ (သို့) သစ်သီး အချဉ်ဖောက်ရည် ၁ဆ၊ ပင်လယ်ရေ ၁ဆ၊ ရေ ၅၀၀ဆရောစပ်ပြီး ပူပြင်းသော အချိန်တွင် နေ့ဝက်အေးသော ရာသီတွင် ၂-၃ရက် ထားရှိ ရောစပ်နိုင်ပါတယ်။ ပင်လယ်ရေ ဖျော်ရည်၊ အသီးစိမ်ရည် ပင်လယ်ရေ အရောကို အသုံးပြုခဲ့မယ်ဆိုရင် အသီး အချို ရာခိုင်နှုန်းကို ပိုမိုကောင်းမွန်စေခြင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသော မျိုးစေ့တို့အပင်ဖောက်ရာတွင် မျိုးစေ့ဆေးစိမ် ဟိုမုန်းအဖြစ် အသုံးပြုနိုင်ခြင်း အပြင် ကြက်မွေးမြူရေးခြံများတွင် နွေရာသီ ကြက်မွှေး ကျွတ်ခြင်းကို အကာအကွယ်ပေးနိုင် ပါတယ်။ အပေါ်မှာ ရေးထားသော အချိုးအစား အတိုင်း အသုံးပြုရန် လိုပါလိမ့်မယ်။ ငရုတ်၊ စပျစ် စသော အပင်တို့တွင် ကျရောက်တတ်သော ငှက်မျက်စေ့ရောဂါ (anthracnose) ကို ထိန်းသိမ်းပေးပြီး ပင်လယ်ရေ ၁ဆ၊ ရေ (၂၀-၂၅-၃၀ ဆ) နှုန်း အသုံးပြုပါက အသီး မှည့်မြန်အောင် စွမ်းဆောင်ပေးနိုင် ပါတယ်။ ပင်လယ်ရေကို စုဆောင်းရာမှာ ပင်လယ်ရေကြည်ကို အဓိကထား အသုံးပြုရမှာပါ။ မြေငံတွေမှာ အသုံးမပြု သင့်ပါဘူး။ ချဉ်ငံကိန်း ၄-၆.၅ အကြားရှိတဲ့ စိုက်ခင်းများမှာ ပို အသုံးဝင်ပါလိမ့်မယ်။

မြေအနေအထားအလိုက် အသုံးပြုသင့်ပုံက မြေနီသဲဝန်းခေါ်တဲ့ အနီရောင်မြေအုပ်စုတွင် ၆လမှ တစ်နှစ်ကြား တစ်ကြိမ်သာ အသုံးပြုသင့်ပြီး တစ်ကြိမ်ထက် ပိုမိုပါက အဆိပ်သင့်ကာ နုန်းမြေမှ အာဟာရအချို့ကို အပင်မှ မစားနိုင်အောင် ထိန်းချုပ် တတ်ပါတယ်။ ရွံ့ဆန်သော မြေများတွင် ရေစိမ့်ဝင်မှုကောင်းမယ် ရေသွားရေလာကောင်းပါက ၃လ တကြိမ်နှုန်း နှင့် သဲမြေများတွင် ၂ပတ်မှ ၁လအတွင်း တစ်ကြိမ်စီ အသုံးပြုနိုင် ပါတယ်။ အားဆေးအဖြစ် မနက်စောစောနှင့် ညနေပိုင်းမှသာ အသုံးပြုပါ။ အထူး သတိပြုရန်မှာ အိမ်သုံးဆားကို ဖျော်ထားသော ဖျော်ရည်တွင် ဆိုဒီယမ်ကလိုရိုဒ် တမျိုးသာ အများဆုံး ပါရှိတတ်ပြီး ပင်လယ်ရေတွင် ဆိုဒီယမ်ကလိုရိုဒ် သာမက သံဓာတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်အပြင် အခြားသော အနည်းလို အာဟာရများ ပါရှိသောကြောင့် အိမ်သုံးဆားကို အသုံးမပြုနိုင်ပါ။ ပင်လယ်ရေ သို့မဟုတ် အိမ်သုံးဆားကို ရှာလကာရည်ဖြင့် ရောစပ်ပြီး ပေါင်းကြမ်းဆေး သို့မဟုတ် ပေါင်းသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသေးတယ်။ ရှာလကာရည်ချည်း သက်သက် ဖျန်းလျှင် ပေါင်းသတ်ဆေး အဖြစ် အသုံးတည့်သော်လည်း ရက်အတန်ကြာမှ ထိရောက်မှု ရှိသလို ရှာလကာရည် ပမာဏ တိုးဖျန်းမှ ထိရောက်စေပါတယ်။ ရှာလကာရည် တဂါလံကို အိမ်သုံးဆား တခွက် ၂၅၀ဂရမ် သို့မဟုတ် ပင်လယ်ရေ ၅၀ဝစီစီ(ရေသန့်၅ဘူး) ကို ရောစပ် မွှေထားရန် လိုအပ်ပါတယ်။ ဆပ်ပြာမှုန့်၁၀ဂရမ် ထပ်မံ ထည့်မွှေပေးပါ။ ထိုဖျော်ရည် ၁ဆ၊ရေ ၁၀ဆဖြင့် နေပူတွင် ဖျန်းပေးပါက ပေါင်းများကို သေစေပါတယ် ခင်ဗျာ။ ဆား သို့မဟုတ် ပင်လယ်ရေကို အသုံးပြုရာတွင် လိုအပ်သော အချိန်မှာသာ အသုံးပြုသင့်ပါတယ်။ မလိုအပ်ပဲ အကြိမ်ကြိမ် အသုံးပြုပါက မြေများ ပျက်စီးတတ်သည်ကို သတိမလွတ် ဂရုပြုရန် လိုအပ်ပါတယ်။ ကျွန်တော့ အနေဖြင့် မိမိပတ်ဝန်းကျင်ရှိ အသုံးတည့်နိုင်သော အရာများကို အသုံးပြုပြီး စိုက်ပျိုးရေး စနစ်တွင် စရိတ် အကုန်အကျ နည်းပါးရန် နည်းပညာ ဗဟုသုတအဖြစ် ရရှိရန် ရည်ရွယ်တင်ပြခြင်း ဖြစ်ပါတယ်။ အသုံးတည့်ခြင်း မတည့်ခြင်းကို မိမိကိုယ်တိုင် စမ်းသပ်ဆောင်ရွက်မှု သာလျှင် အဓိက ကျပါတယ်။

Khant Zaw Htet (ACOM)

ref;Cho Global Natural Farming


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်