ကျန်းမာရေးအတွက် ကွမ်းရွက် အသုံးဝင်ပုံ

22/01/2018 15:50 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ကွမ်းရွက်ကို တိုင်းရင်းဆေးအဖြစ်ရောဂါအမျိုးမျိုးကို ကုသရာတွင် အသုံးပြုလေ့ရှိသည်။

မျက်စိရောဂါများအတွက်

ကွမ်းရွက်ကို အနည်းငယ်ဆုတ်ယူ၍ မျက်စိ၏ အစွန်းနှစ်ဖက်တွင် ကပ်ပေးခြင်းကို အိပ်ရာဝင်ခါနီးတိုင်း မှန်မှန်ပြုလုပ်ပေးပါက မျက်စိမှုန်ခြင်းကိုလည်း ဟန့်တားနိုင်သည်။ ကွမ်းရွက်ကိုအပေါက်ဖောက်၍ မျက်စိ တစ်ဝိုက် ကပ်ပေးပါက မျက်စိမှုန်ခြင်း၊ မျက်စိအားနည်းခြင်းဝေဒနာများ သက်သာပျောက်ကင်း စေနိုင်သည်။ ကွမ်းရွက်ကို နားထင်၊ မျက်ခုံးရိုးပေါ်တွင် ကပ်ပေးပါက မျက်ရိုးကိုက်ဝေဒနာ၊ ခေါင်းကိုက်၊ ဇက်ကြောထိုးရောဂါများ သက်သာစေနိုင်သည်။ သို့မဟုတ် ကွမ်းရွက်ကို ဆားအနည်းငယ်နှင့်ရော၍ ချေညှစ်ပေး၍ ရရှိသော ကွမ်းရွက်စိမ်းရည်ကို မျက်စဉ်းခပ်ပေးပါကလည်း သက်သာစေနိုင်သည်။

ကလေးရောဂါများအတွက် ကွမ်းရွက်အသုံး

ကွမ်းရွက်ကို မီးကင်၍ ရင်ဘတ်၊ ရင်ခေါင်းတွင် ကပ်ပေးခြင်းဖြင့် ကလေးများချောင်းဆိုး၊ ရင်ကျပ်ရောဂါ သက်သာစေနိုင်သည်။ ကွမ်းရွက်ကို မီးကင်၍ အုန်းဆီသုတ်ကာ ကလေးငယ်ထိပ်တွင် ကပ်ပေးပါက နှာစေးခြင်းကို ပျောက်ကင်း စေသည်။ ရင်ညွန့်၊ ရင်ဘတ်ကို ကပ်ပေးပါက ချွဲသလိပ်ကပ်ခြင်းကို ပျောက်ကင်းစေသည်။ ကွမ်းရွက်သတ္တုရည်ကို ပျားရည်နှင့် ဆတူရော၍ အစာမကြေ၊ လေနာ၊ ဝမ်းပျက်ခြင်းရောဂါအတွက် တိုက်ကျွေးပေးနိုင်သည်။ သတ္တုရည်ကို ဆားအနည်းငယ်ခပ်၍ တိုက်ကျွေးပါက ကလေးများချောင်းဆိုး၊ လည်ချောင်းပူရောဂါကို သက်သာစေနိုင်သည်။
ကွမ်းရွက်သတ္တုရည်ကို ချင်းပြုတ်ရည်ရော၍ ဆားအနည်းငယ်ခပ်ကာ တိုက်ကျွေးပါက ကလေးများ ကြက်ညှာချောင်းဆိုးကိုပျောက်ကင်းစေနိုင်သည်။ ကွမ်းရိုးကို နှမ်းဆီသုတ်ကာ ကလေး၏ စအိုအတွင်းထိုးပေး၏ ဝမ်းချူပေးနိုင်သည်။

အနံ့ဆိုးများအတွက် ကွမ်းရွက်အသုံး

အညှီအဟောက်၊ အပုပ်အစပ်အနံ့များ လက်တွင်စွဲနေပါက ကွမ်းရွက်ကို လက်တွင် ပွတ်ချေပေးခြင်းဖြင့် အနံ့များပျောက်ကင်းစေ နိုင်သည်။ အနံ့ပျင်းသော ဒညင်းသီး၊ ဒူးရင်းသီးများ စားပြီးပါက ကွမ်းရွက်ကို ဝါး၍အရည်ကို မျိုချခြင်းဖြင့် အနံ့များပျောက်ကင်းစေ နိုင်သည်။ သို့မဟုတ် ကွမ်းရွက်မှ ထုတ်ယူရရှိသောပေါင်းခံရည် တစ်စက်ကိုရေ (၁၀၀) စီစီနှင့်ရောစပ်၍ အာလုပ်ကျင်းပေးနိုင်သည်။

ခံတွင်းပျက်ခြင်း၊ အော့အန်ခြင်းများအတွက် ကွမ်းရွက်ရင့်ကို ကွမ်းစားဂမုန်းဥနှင့် ညက်စွာရောကြိတ်၍ သင့်တော်သည့် အရွယ်အလုံးလုံးကာနေ့စဉ် တစ်လုံးစားပေးနိုင်ပါသည်။ ခံတွင်းအနံမကောင်းခြင်းကိုလည်း ပျောက်ကင်းစေနိုင်သည်။

အဖျားရောဂါများအတွက် ကွမ်းရွက်အသုံး

အအေးမိ နှာစေးဖြစ်ပါက ကွမ်းရွက်၊ ချင်းနှင့် ထန်းလျက်ကိုရောပြုတ်၍ ကျိုချက်ပြီး ပူပူသောက်ပေးခြင်းဖြင့် သက်သာစေသည်။ ကိုယ်ခန္ဓာ ပူရှိန်းရှိန်းဖြစ်နေပြီး မျက်စိမဖွင့်ချင်လောက်အောင် လေးလံထိုင်းမှိုင်းနေပါက ကွမ်းရွက်သတ္တုရည်ကို မျက်စဉ်းခပ်ပေးနိုင်သည်။ သို့မဟုတ် ကွမ်းရွက်၊ ဒန့်ဒလွန်ရွက်ပြုတ်ရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခပ်ပေးနိုင်သည်။

ကွမ်းရွက်ကိုပြုတ်၍ ကျက်ခိုးနှင့်ဖျော်၍သောက်ခြင်းဖြင့် အဖျားကြီးရောဂါကိုပင် ပျောက်ကင်းစေနိုင်သည်။ ကွမ်းရွက်ကို ထန်းလျက်၊ ချင်း၊ နနွင်းနှင့်ရော၍ ကျိုကာ ဆားအနည်းငယ်ထည့်သောက်ပါက အပူကြီး ဖျားနာများအတွက် သင့်တော်သည်။

ကွမ်းရွက်ကို နနွင်း၊ မြက်မုန်ညင်းကြပ်ခိုး အတူရော၍ အမှုန့်ပြုလုပ်ကာရေနွေးနှင့် သောက်ခြင်းဖြင့် ရာသီအကူူးအပြောင်း ဖျားနာများအတွက် သင့်တော်သည်။

ရင်ဘတ်ရောဂါများအတွက် ကွမ်းရွက်အသုံး

ကွမ်းရွက်နှင့် ပင်စိမ်းရွက်ရောကြိတ်၍ ရလာသော အရည်ကို ဇွန်းတစ်ဇွန်းတွင် ဆားမီးဖုတ် အနည်းငယ်ထည့်၍ ရေနွေးနှင့်သောက်ပါက ပန်းနာရင်ကြပ်ရောကို သက်သာစေနိုင်သည်။ ကွမ်းရွက်စိမ်းရည်နှင့် ချင်းပြုတ်ရည်ကိုရော၍ ဆားအနည်းငယ်ထည့်၍ ရေနွေးဖြင့်သောက်ခြင်းဖြင့် ရင်ဘတ်ရောဂါများကို သက်သာစေနိုင်သည်။ ကွမ်းရွက်ကို လက်ဖြင့်ချေ၍ အနံ့ရှုခြင်း၊ ဘယ်ဘက်ရင်အုံပေါ်တွင် ကွမ်းရွက်ကို တံတွေးဆွတ်ကပ်ပေးခြင်းဖြင့် နှလုံးတုန်၊ မူးဝေ၊ ထိုင်းမှိုင်းခြင်းကို သက်သာစေသည်။ ကလေးအမေ နို့ရည်တင်း၍ ကိုက်ခဲခဲ့သော် ကွမ်းရွက်ကိုဆီသုတ်၍ မီးကင်ကာအုံပေးခြင်းဖြင့် သက်သာစေသည်။ နို့ချောင်းပိတ်ရောဂါ၊ နို့ကျိတ်ရောင်ရောဂါများအတွက်ပါ သင့်တော်သည်။

အထွေထွေရောဂါများအတွက် ကွမ်းရွက်အသုံး

ကွမ်းရွက်သတ္တုရည်ကို နွယ်ချိုမှုန့်၊ ဆားအနည်းငယ်ရော စွက်တိုက်ပါကချောင်းဆိုး အသံဝင်ခြင်းကို သက်သာစေသည်။ ကွမ်းရွက်စိမ်းရည်နှင့် ခတက်ရွက်အရည်တို့ကို ဆတူရော၍ထောပတ် အနည်းငယ်ထည့်ကာ တစ်နေ့တစ်ကြိမ် တစ်ဇွန်းနှုန်းနှင့် တစ်နေ့သုံးကြိမ်သောက်ပါက အဆစ်ရောင်ရောဂါများကို သက်သာစေသည်။ အချို့သောရောဂါများအတွက် တိုင်းရင်းဆေးများဖော်စပ်ရာတွင်လည်း အမယ်တစ်မျိုးအနေဖြင့် ထည့်သွင်းဖော်စပ် ကြသည်။

ကိုးကား-စိုက်ပျိုးရေး ဦးစီးဌာန


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်